နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   နိုဝင်ဘာ   ၁၀


နိုင်ငံတော်၏        ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်  ပါတီ    (NMSP)    ဒုတိယဥက္ကဋ္ဌ   ဦးဆောင်သော      ငြိမ်းချမ်းရေး   ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့   တွေ့ဆုံဆွေးနွေးပွဲကို       ယနေ့  နံနက်ပိုင်းတွင်    နေပြည်တော်ရှိ  အမျိုးသား စည်းလုံးညီညွတ်ရေး  နှင့်       ငြိမ်းချမ်းရေးဖော်ဆောင်မှု  ဗဟိုဌာန၌ ကျင်းပသည်။

 


တက်ရောက်


တွေ့ဆုံဆွေးနွေးပွဲသို့    နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊     ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊          အမျိုးသားစည်းလုံး  ညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေး  ဖော်ဆောင်မှု             ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ၊    နိုင်ငံတော်၏  ငြိမ်းချမ်းရေး  ဆွေးနွေးရေးအဖွဲ့  ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်      စီမံအုပ်ချုပ်ရေး  ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်  ကြီး     မိုးမြင့်ထွန်း၊     အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး       ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး  မင်းနောင်နှင့်   မွန် ပြည်သစ်ပါတီ  (NMSP)  ဒုတိယ ဥက္ကဋ္ဌ    နိုင်အောင်မင်း၊   တွဲဖက် အထွေထွေ             အတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဗညားလယ်တို့  တက်ရောက်ကြသည်။ 

 


ဒုတိယနေ့   ဆွေးနွေးပွဲတွင် ၂၀၂၀    အလွန်      အဆင့်လိုက်  လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်  အကောင်အထည်ဖော်        မှုများ (ဇယား -၂)      နှင့်ပတ်သက်၍ တက်ရောက်လာကြသူများက မိမိ တို့၏  သဘောထားများ၊ လိုလား ချက်များကို         နှစ်ဖက်အပြန် အလှန်  ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး  အထွေထွေ ဆွေးနွေးခြင်းအနေဖြင့်  ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများ ကို  ဆွေးနွေးခဲ့ကြသည်။   ယင်း နောက်နှစ်ရက်တာ ဆွေးနွေးညှိနှိုင်း ချက်များအရ      နှစ်ဖက်သဘော တူညီချက်များကို     အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြသည်။ 

 


ထို့နောက်      မွန်ပြည်သစ် ပါတီ    (NMSP)     ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်   နိုင်ငံတော်၏    ငြိမ်းချမ်းရေး   ဆွေးနွေးရေးအဖွဲ့    ခေါင်းဆောင်          ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့် တို့က နိဂုံးချုပ်အမှာ စကားများ  ပြောကြားခဲ့ကြောင်း  သိရှိရသည်။            

သတင်းစဉ်