နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA (PC) ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်     မေ      ၂၇


နိုင်ငံတော်၏    ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်  ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်း ရေးကောင်စီ) KNU/KNLA (PC) ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်       ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီဥက္ကဋ္ဌ၊   ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန  (၁) ပြည်ထောင်စုဝန်ကြီး၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်၊   အဖွဲ့ဝင်များဖြစ်ကြသည့်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်    ဒုတိယဗိုလ်ချုပ်ကြီး  မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်       ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ  အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် နှင့် KNU/KNLA (PC) မှ ဥက္ကဋ္ဌ စောထော့လေး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊  ဗဟိုကော်မတီဝင်    စောမောင် မောင်တို့         တက်ရောက်ကြ သည်။  

 


အပြန်အလှန်ဆွေးနွေး


တွေ့ဆုံ      ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး   ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် KNU/KNLA (PC) မှ  ဥက္ကဋ္ဌ        စောထော့လေးတို့က နှုတ်ခွန်းဆက်    အမှာစကား ပြောကြားကြပြီး    တက်ရောက် လာကြသူများက   ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ကို အပြန်အလှန် ဆွေးနွေးခဲ့ကြ ကာ တွေ့ဆုံဆွေးနွေးပွဲကို ရပ်နား လိုက်သည်။ 
ဆွေးနွေးပွဲ      ဒုတိယနေ့ကို မေ   ၂၈   ရက်တွင်   ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။ 

သတင်းစဉ်