နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA (PC) ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   မေ   ၂၈


နိုင်ငံတော်၏   ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်        ကရင် အမျိုးသားအစည်းအရုံး၊    ကရင် အမျိုးသား   လွတ်မြောက်ရေး တပ်မတော်      (ငြိမ်းချမ်းရေး ကောင်စီ) KNU/KNLA(PC) မှ ဥက္ကဋ္ဌ   ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့တို့   တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို  ယနေ့နံနက်ပိုင်း တွင်  နေပြည်တော်ရှိ  အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု        ဗဟိုဌာန အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့  နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊     အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု          ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)   ပြည်ထောင်စုဝန်ကြီး၊    ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်      ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ဒုတိယဗိုလ်ချုပ်ကြီး   မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေး ဖော်ဆောင်မှု  ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယ   ဗိုလ်ချုပ်ကြီးမင်းနောင်နှင့်  KNU/KNLA(PC) မှ ဥက္ကဋ္ဌ  စောထော့လေး၊  ဒုတိယဥက္ကဋ္ဌ  ဒေါက်တာ နော်ကပေါ်ထူး၊ ဗဟိုကော်မတီဝင် စောမောင်မောင်တို့  တက်ရောက်ကြသည်။

 


ဒုတိယနေ့  တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စု သဘောတူစာချုပ်    အစိတ်အပိုင်း     (၁/၂/၃)ပါ သဘောတူညီချက်များနှင့်   ပတ်သက်၍လည်း ကောင်း၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များနှင့် ပတ်သက်၍လည်းကောင်း၊    အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု  ညှိနှိုင်း ရေးကော်မတီမှ  လေ့လာဆန်းစစ်ဖော်ထုတ်စိစစ်ရေး အဖွဲ့၏  တွေ့ရှိချက်များကိုလည်းကောင်း  ညှိနှိုင်းရေး ကော်မတီဝင်    ဒုတိယဗိုလ်ချုပ်ကြီး   ဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြပြီး KNU/KNLA(PC) မှ သိရှိလိုသည် များကို မေးမြန်းဆွေးနွေးကြသည်။

 


ထို့နောက်   ငြိမ်းချမ်းရေးနှင့်  ဖွံ့ဖြိုးရေးဆိုင်ရာ အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြပြီး  သုံးရက် တာ  ဆွေးနွေးညှိနှိုင်းချက်များအရ  သဘောတူညီ ချက်များကို  အတည်ပြုလက်မှတ်ရေးထိုးကြသည်။

 


ယင်းနောက်  KNU/ KNLA (PC)မှ   ဥက္ကဋ္ဌ စောထော့လေးနှင့်      ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ်အမှာစကားပြောကြားကြပြီး  ပြန်ကြားရေးဝန်ကြီးဌာနမှထုတ်ဝေသည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့     ဂုဏ်ပြုအခမ်းအနားစာအုပ်၊ မှတ်တမ်းစာအုပ်များ၊   ခေတ်နှင့်အညီ     ပြန်လည် ပြုစုထားသည့်   မြန်မာ့စွယ်စုံကျမ်း  (အတွဲ-၁) နှင့်  လက်ဆောင်ပစ္စည်းများ    ပေးအပ်ခဲ့ကြောင်း    သိရှိရသည်။                                         

သတင်းစဉ်