
နေပြည်တော် မတ် ၂၀
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန် အပါအဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ကံဇော်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံနှင့် ဒေါက်တာ မျိုးသိန်းကျော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြ ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ချိတ်ဆက်ညှိနှိုင်းအကောင်အထည်ဖော်
ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းကော်မတီ၏ တတိယအကြိမ် အစည်းအဝေး၌ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့ အစည်းများ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များနှင့် အေဂျင်စီများ ချိတ်ဆက်ညှိနှိုင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
ယနေ့အစည်းအဝေးသည် လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးဖြစ်ပြီး အစည်းအဝေး ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အနေဖြင့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် စိုက်ပျိုးမွေးမြူရေး အခြေခံဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက် ကဏ္ဍအလိုက် လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေး၊ ထုတ်ကုန်များကို ပြည်ပ ပို့ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်ဆောင်ရွက်နိုင် ရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာခြင်းဖြင့် တစ်ဦးချင်း ဝင်ငွေတိုးလာပြီး နိုင်ငံ့စီးပွားတိုးတက် လာနိုင်ရေး၊ ဆီထွက်သီးနှံ၊ စက်မှုသီးနှံ၊ နို့နှင့်နို့ထွက် ပစ္စည်းထုတ်ကုန်များ တိုးချဲ့ထုတ်လုပ်နိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေးတို့ကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ပံ့ပိုးဆောင်ရွက် ပေးရမည့် ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးနိုင်ရန်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအေဂျင်စီ များက ပြီးပြတ်အောင်ဆောင်ရွက်နိုင်ရေး တွန်းအား ပေးလုပ်ဆောင်နိုင်ရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန်တို့အတွက် ကျင်းပရခြင်းဖြစ်ကြောင်း။
ယခုအချိန်သည် မိမိတို့နိုင်ငံ၏ စီးပွားရေး ဦးမော့လာစေရန်အတွက် တွန်းအားပေးလုပ်ဆောင် လျက်ရှိသည့်ကာလဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ဦးစားပေးလုပ်ဆောင် ရမည့်လုပ်ငန်းကဏ္ဍပေါင်းများစွာရှိပြီး MSME များကို အားပေးမြှင့်တင်ခြင်းသည် အရေးပါသည့် အခန်း ကဏ္ဍတစ်ခုလည်းဖြစ်ကြောင်း၊ MSME လုပ်ငန်း ဆိုသည်မှာ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုမှ စ၍ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ပါဝင် နေသော စီးပွားရေးလုပ်ငန်းများဖြစ်ပြီး အဓိက အရေးပါသည့် အခြေခံလုပ်ငန်းများဖြစ်သည့်အတွက် MSMEများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွား ကိုဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက် (၂) ရပ်ဖြစ်သည့် “စစ်မှန် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ် ခိုင်မာစေ ရေး”နှင့် “ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေး”၊ အမျိုးသား ရေးရည်မှန်းချက်(၂)ရပ်ဖြစ်သည့် “တိုင်းပြည်သာယာ ဝပြောရေး” နှင့် “စားရေရိက္ခာဖူလုံရေး” တို့ကို နိုင်ငံ တော်၏ မျှော်မှန်းချက်များအဖြစ် ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ မျှော်မှန်းချက်များကို ဖြည့်ဆည်း နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် စီးပွားရေး ဦးတည်ချက်(၃)ရပ်အပါအဝင် ဦးတည်ချက် (၉) ရပ် တို့ကို ချမှတ်ခဲ့ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်
ပြည်တွင်းဒေသအသီးသီးမှာ ထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြုပြီး ဒေသအလိုက် စိုက်ပျိုး မွေးမြူရေးအခြေခံထုတ်ကုန်များကို တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရေး ကိုလည်း လမ်းညွှန်ချက်များနှင့်အညီ ဦးစားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက် ၍ သက်ဆိုင်ရာဝန်ကြီးဌာနများဖြင့် ဒေသဆိုင်ရာ အေဂျင်စီများ ပေါင်းစပ်ညှိနှိုင်း၍ စိုက်ပျိုးမွေးမြူရေး အခြေခံထုတ်ကုန်များကို ကဏ္ဍလေးခုတွင် မူရင်း ထုတ်ကုန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန် စုစုပေါင်း ၆၁၂ မျိုး ပြုစုတင်ပြထားသည်ကိုလည်း တွေ့ရှိရကြောင်း၊ ဒေသထုတ်ကုန်များကို တန်ဖိုးမြှင့်အနေဖြင့် ထုတ်လုပ်နိုင်မည်ဆိုပါက ထုတ်ကုန်၏ Trade Value တန်ဖိုးတက်လာပြီး ဝင်ငွေများတိုးတက်ရရှိစေမည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပို့ကုန်အဖြစ် ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေရရှိပြီး နိုင်ငံ၏ GDP လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုကို မြှင့်တင်ခြင်း အားဖြင့် ကျေးလက်နေပြည်သူလူထုတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင် မည်ဖြစ်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
ပြည်တွင်းထုတ်ကုန်များနှင့် ပြည်ပပို့ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ပါက ပြည်ပသွင်းကုန်ပစ္စည်း များကို မှီခိုနေရခြင်းမှ ကင်းလွတ်နိုင်မည်ဖြစ်ပြီး ဈေးကွက်မတည်ငြိမ်မှုကိုလည်း ထိန်းကျောင်းသွားနိုင်မည်ဖြစ်ကြောင်း၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) အနေဖြင့် ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်တို့မှ အဆိုပြုထားသည့် ထုတ်ကုန်အမယ် ၁၀၇ မျိုးကို Action Plan ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပြုထားသည့် ထုတ်ကုန်အမယ်များအနက် ဦးစားပေး ၅၇ မျိုးကိုလည်း ရွေးချယ်အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသအလိုက် စိုက်ပျိုးမွေးမြူရေး အခြေခံထုတ်ကုန်(Work Plan) များနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်
နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့် အညီ နိုင်ငံ့စီးပွားကို မြှင့်တင်ရေးအတွက် MSME လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်အာမခံချက်ရှိလာအောင် အားပေးကူညီ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်သူလူထုအတွက် ထုတ်ကုန်များစွာကို ဒေသအသီးသီးတွင်ရှိသည့် MSME များက ထုတ်လုပ်ပေးခြင်းအားဖြင့် နိုင်ငံ စီးပွားတိုးတက်ပြောင်းလဲအောင် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ အနေဖြင့် ပြည်တွင်းထွက်ကုန်ကြမ်းများကို အခြေခံ သည့် ထုတ်ကုန်ပစ္စည်းများကို နိုင်ငံအတွင်း စား၊ ရေ၊ ရိက္ခာ ဖူလုံမှုအတွက် အဓိကထားထုတ်လုပ်စေ လိုပြီး ထိုမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရေးအတွက် MSME လုပ်ငန်းရှင် များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် တွေ့ဆုံပွဲ ၂၃ ကြိမ်၊ မိမိအနေဖြင့်လည်း MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ငါးကြိမ် ပြုလုပ်ခဲ့ ကြောင်း၊ တွေ့ဆုံပွဲများတွင် လုပ်ငန်းရှင်များမှ ကဏ္ဍ အလိုက် လိုအပ်ချက်များ တင်ပြကြပြီး နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်၊ ကုန်ကြမ်း၊ စက် ပစ္စည်းနှင့် မြေနေရာ လိုအပ်ချက်တို့ကို တင်ပြလာ သည်ကို တွေ့ရှိရကြောင်း။
ချိတ်ဆက်ပူးပေါင်းဆောင်ရွက်
တင်ပြမှုများတွင် အများအားဖြင့် မြေနေရာနှင့် ငွေကြေးအရင်းအနှီး အချက် (၂) ချက်ဖြစ်ကြောင်း၊ ဒေသထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်မှုများ ပြုလုပ်သည့်အခါ ထုတ်လုပ်မှုစရိတ်အတွက် ငွေကြေး အရင်းအနှီးက အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေတို့ကို ထူထောင် ထားပြီး MSME လုပ်ငန်းများကို ငွေကြေးအရင်းအနှီး ပံ့ပိုးပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ MSME ချေးငွေ လျှောက်ထားရာတွင် လုပ်ငန်းစဉ်များကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်မှ ထုတ်ချေးပေးထား သော MSME ချေးငွေများကို အမှန်တကယ်လိုအပ် သည့် လုပ်ငန်းရှင်များအား ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ဒေသ ဆိုင်ရာအေဂျင်စီများအားလုံး ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးပုံစံများ အဆင့်ဆင့် ပြောင်းလဲလာမှုအပေါ် မိမိတို့နိုင်ငံရှိ MSME များ လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုဆိုင်ရာ နည်းပညာများသည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ MSME များ ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အရေးပါသည့် အခန်း ကဏ္ဍမှ ပါဝင်လာသည်ကိုတွေ့ရှိရကြောင်း၊ MSME လုပ်ငန်းရှင်များအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်း ရေး၊ နိုင်ငံတကာစီးပွားရေးကွန်ရက်များနှင့် ချိတ်ဆက် ပေးနိုင်ရေး၊ ဒစ်ဂျစ်တယ်စွမ်းရည်များ မြှင့်တင်ပေး နိုင်ရေးတို့ကို အစီအမံများ ရေးဆွဲဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ MSMEများ ဖွံ့ဖြိုးတိုးတက်လာစေ ရန် Incubation Centerများ တည်ထောင်ပြီး အစပျိုး စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပေးရန်၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပိုမိုပေါ်ပေါက်လာစေ ရန်နှင့် ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုများ ပိုမိုအားကောင်းလာစေရန် လုပ်ငန်းကော်မတီနှင့် အေဂျင်စီအသီးသီးက လိုအပ်သည်များ ကူညီပံ့ပိုးပေး နိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဈေးကွက် စီးပွားရေးစနစ်တွင် MSME များ ရှင်သန်ရပ်တည် နိုင်ရေးအတွက် ဈေးကွက်ချိတ်ဆက်နိုင်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးမှုတို့ကလည်း အသက်သွေးကြော ကဲ့သို့ အလွန်အရေးပါသည့်အတွက် ဒေသအသီးသီး တွင် ဈေးကွက်များ၊ ကုန်စည်အဝယ်ဒိုင်များ ဖွံ့ဖြိုး လာစေရေး သက်ဆိုင်ရာအေဂျင်စီအသီးသီးက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
ဆက်လက်အားပေးဆောင်ရွက်
ထို့ပြင် MSME လုပ်ငန်းအတွက် အဓိကလိုအပ် သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်လုပ်သားများရရှိရေးကို သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ ကျွမ်းကျင်သင်တန်းများ ဆက်လက် ပြုလုပ်ပေးရမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ သင်တန်းအမျိုးအစားပေါင်း ၃၅၀ ၊ ဖွင့်လှစ်ပြီး အကြိမ်ရေ ၄၃၉၅ ခု၊ တက်ရောက် ပြီး သင်တန်းသား စုစုပေါင်း ၉၁၈၀၇ ဦးရှိပြီး တက်ရောက်ဆဲ သင်တန်းသား စုစုပေါင်း ၃၈၆၂ ဦး ရှိကြောင်းကို တွေ့ရှိရကြောင်း၊ ဆက်လက်၍လည်း သက်ဆိုင်ရာ လုပ်ငန်းအလိုက်၊ ကဏ္ဍအလိုက် ကျွမ်းကျင်လုပ်သားများ တိုးတက်ရရှိရေးအတွက် ဆက်လက်အားပေးဆောင်ရွက်သွားကြရန် ပြော ကြားလိုကြောင်း။
ယခင်လုပ်ငန်းကော်မတီ အစည်းအဝေးများတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် အလိုက် အလားအလာရှိသည့် ထုတ်ကုန်ပစ္စည်းများ ကို OROP Action Plan တွင် အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ MSME အားပေးမြှင့်တင်ရေးအစီ အစဉ်များ၊ စက်မှုချိတ်ဆက်ဆောင်ရွက်မှုအစီအစဉ် များ၊ MSME လုပ်ငန်းရှင်များနှင့် စက်မှုဇုန်များ ချိတ်ဆက်ဆောင်ရွက်ရေးနှင့် MSME ပြပွဲ ပြိုင်ပွဲများ တွင် Digital Corner များ ပါဝင်ဆောင်ရွက်နိုင်ရေး တို့ကို လုပ်ငန်းကော်မတီအဖွဲ့ဝင်များအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရ သည့် အခက်အခဲများ၊ အားသာချက်၊ အားနည်းချက် များကိုလည်း ယခုအစည်းအဝေးတွင် ဆွေးနွေး ပေးစေလိုကြောင်း။
အလေးထားစီမံပံ့ပိုးပေးသွားရမည်
MSME များကို အားပေးမြှင့်တင်ပေးရေး ဆောင်ရွက်ရာတွင် သေချာသည့်ကုန်ကြမ်း၊ လိုအပ် သည့်သွင်းအားစု၊ နည်းပညာ၊ ငွေကြေးအရင်းအနှီး ထောက်ပံ့ပေးမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အခြေခံအုတ်မြစ်သဖွယ် အလေးထား စီမံပံ့ပိုးပေးသွားရမည်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာ စေရန် ဆောင်ရွက်ပေးရာတွင်လည်း MSME များ အမှန်တကယ် လိုအပ်သည့် ကျွမ်းကျင်လုပ်သားများ ကို TVET အစီအစဉ်များဖြင့် မွေးထုတ်ပေးခြင်းနှင့် ခေတ်နှင့်အညီ လိုအပ်လာသည့် ကျွမ်းကျင်မှုများ ဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း။
ခြုံငုံဆွေးနွေးရပါက မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျောရိုးမှာ ထုတ်လုပ်မှုကဏ္ဍဖြစ်သည်ကို တွေ့ရကြောင်း၊ ကောင်းမွန်စွာ လည်ပတ်လျက်ရှိသည့် ကုန်ထုတ်လုပ် မှုကဏ္ဍတစ်ရပ်သည် အရည်အသွေးမြင့်မားပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချပေးနိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းကို ဖန်တီးပေးနိုင်မည် ဖြစ်သကဲ့သို့ ကုန်ထုတ်စွမ်းအားတိုးတက်မှုကိုလည်း အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း။
များစွာအထောက်အကူပြုနိုင်မည်
ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ရေး အတွက်ကိုလည်း ကောင်းမွန်စွာ လည်ပတ်နေသည့် MSME လုပ်ငန်းများက များစွာအထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုအခန်းကဏ္ဍ ယခု ထက် မြင့်မားတိုးတက်ရေးအတွက် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်များကို လုပ်ငန်း ကော်မတီမှတစ်ဆင့် နိုင်ငံတော်အစိုးရမှ ထုတ်လုပ် မှုကဏ္ဍစီမံချက်ကို မူဝါဒမှတစ်ဆင့် စီမံချက်ရေးဆွဲနိုင် ရန်အတွက် ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာအသင်း အဖွဲ့အစည်းများတွင်ရှိသည့် ကျွမ်းကျင်သူများနှင့် ပညာရှင်များက ထုတ်လုပ်မှုကဏ္ဍအတွက် လိုအပ် သည့် သုတေသနလုပ်ငန်းများ လုပ်ဆောင်သွားရန် လိုကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ယခုအစည်း အဝေးတွင် ထည့်သွင်းဆွေးနွေး ပေးကြစေလိုကြောင်း။
အားသွန်ခွန်စိုက်ကြိုးပမ်း
မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်နေသည့် နိုင်ငံဖြစ်ပြီး နိုင်ငံအတွက်လိုအပ် သည့် ထုတ်ကုန်များကို အပြည့်အဝထုတ်လုပ်နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းများ၏ လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ ကူညီဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများမှ မူဝါဒဆိုင်ရာ လမ်းညွှန်မှာကြားချက်များအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရနှင့် အေဂျင်စီ များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များက တာဝန်ခံမှု၊ တာဝန်ယူမှုတို့ဖြင့် ထိထိရောက်ရောက် အကောင် အထည်ဖော်ဆောင်ရွက်ပြီး MSME ကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များကို လုပ်ငန်းကော်မတီနှင့် နိုင်ငံတော်အစိုးရက ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အချက်များကို လည်း ထည့်သွင်းဆွေးနွေးပေးကြရန် လိုကြောင်း ဖြင့် ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် က လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ထားရှိ မှုအခြေအနေနှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အေဂျင်စီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေး အဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ အလုပ်သမား ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ဝန်ကြီးချုပ်များက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီသို့ တင်ပြမည့်အမှာစာများကို ဖတ်ကြားတင်ပြကြ သည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ထုတ်ချေးထား သည့် ငွေကြေးဆိုင်ရာ အချက်အလက်များနှင့် ချေးငွေဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။
ယင်းနောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များ၊ မိန့်မှတ်ချက် များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့ အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လိုက်နာအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီ အစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့် ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဦးထွန်းအုံနှင့် ဒေါက်တာမျိုးသိန်းကျော်၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီး များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြ သည်။
ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းဆွေးနွေး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးအပြီးတွင် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် စက်မှုဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ထုတ်ကုန်ပစ္စည်းများကို လိုက်လံကြည့်ရှုခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်