နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   ဇန်နဝါရီ   ၆
နိုင်ငံတော်၏        ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့်         “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက် တစ်   မဟာမိတ်အဖွဲ့(NDAA) နှင့် ရှမ်းပြည်          တိုးတက်ရေးပါတီ (SSPP)    ကိုယ်စားလှယ်အဖွဲ့တို့  ငြိမ်းချမ်းရေး  တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို   ယနေ့ နံနက်ပိုင်း တွင်  နေပြည်တော်ရှိ  အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု           ဗဟိုဌာန၌ ကျင်းပသည်။ (ယာပုံ)
တွေ့ဆုံဆွေးနွေးပွဲသို့   နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊      ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊    အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်      ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ  ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေး    အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး         ရာပြည့်၊ အဖွဲ့ဝင်များ         ဖြစ်ကြသည့် နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဒုတိယဗိုလ်ချုပ် ကြီး   မိုးမြင့်ထွန်း၊     အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး         ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး   မင်းနောင်၊    ညှိနှိုင်း ရေးကော်မတီ   အဖွဲ့ဝင်များဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး   ဝင်းဗိုလ်ရှိန် နှင့်  ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)  မှ   ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသား  ဒီမို ကရက်တစ်          မဟာမိတ်အဖွဲ့ (NDAA) မှ ဒုတိယဥက္ကဋ္ဌ  ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ  ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင် နှင့်        ငြိမ်းချမ်းရေးဆွေးနွေး ရေး             ကိုယ်စားလှယ်များ   တက်ရောက်ကြသည်။ 
ဒုတိယနေ့         ဆွေးနွေးပွဲတွင် ပထမနေ့ဆွေးနွေးပွဲ၌  မပြီးပြတ် သေးသည့်ကိစ္စရပ်များနှင့် ဒေသ ဖွံ့ဖြိုးရေး၊ ပညာရေး၊  ကျန်းမာရေး နှင့်   အထွေထွေကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။  ယင်းနောက် ၂ ရက်တာ  ဆွေးနွေးညှိနှိုင်းမှုများမှ နှစ်ဖက်        သဘောထားများကို သဘောတူညီ  လက်မှတ်ရေးထိုး နိုင်ရေး         ဆွေးနွေးညှိနှိုင်းခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲ  ဒုတိယနေ့ကို ရပ်နားခဲ့သည်။ 
တတိယနေ့      ဆွေးနွေးပွဲကို ဇန်နဝါရီ ၇ ရက်တွင်   ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး   နှစ်ဖက် တူညီသည့်       သဘောထားများ ကို   သဘောတူညီချက်များအဖြစ် လက်မှတ်         ရေးထိုးသွားမည်ဖြစ် ကြောင်း သိရသည်။ 
သတင်းစဉ်