နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   ဒီဇင်ဘာ   ၂၇


နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့  တွေ့ဆုံဆွေးနွေးပွဲကို      ယနေ့ နံနက်ပိုင်းတွင်     နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့်  ငြိမ်းချမ်းရေး  ဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့   နိုင်ငံ တော်    စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံး   ဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး၊       အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်      ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ ဝင်များဖြစ်ကြသည့်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်  ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊  အမျိုးသား စည်းလုံးညီညွတ်ရေး နှင့်   ငြိမ်းချမ်းရေး  ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ        အတွင်း ရေးမှူး         ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ညှိနှိုင်းရေးကော်မတီ  အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး  မင်းနိုင်၊    ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် ဗိုလ်မှူး ကြီး ဝဏ္ဏအောင်၊  NCA လက်မှတ် ရေးထိုးထားသော   တိုင်းရင်းသား လက်နက်ကိုင်    အဖွဲ့အစည်းများ ဖြစ်ကြသည့်      ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး       အဖွဲ့ချုပ် (PNLO) မှ နာယက ဖြားတန်ခွန် ဥက္ကာ၊    ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP) မှ ဒုတိယဥက္ကဋ္ဌ  စောမြရာဇာလင်း၊    ဒီမိုကရေစီ အကျိုးပြု     ကရင်တပ်မတော် (DKBA)  စစ်ဦးစီးချုပ်  စောစတီး၊ KNU/KNLA        ငြိမ်းချမ်းရေး ကောင်စီမှ ဒုတိယဥက္ကဋ္ဌဒေါက်တာ နော်ကပေါ်ထူး၊ လားဟူဒီမိုကရက် တစ်အစည်းအရုံး (LDU) မှ ဒုတိယ ဥက္ကဋ္ဌ  ကျာဖူးနှင့်   ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 

 


တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံ တော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး  အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်နှင့် တက်ရောက်လာ ကြသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကိုယ်စား     ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO) နာယက ဖြားတန်ခွန်  ဥက္ကာ တို့က နှုတ်ခွန်းဆက်စကား များ ပြောကြားကြသည်။ 

 


ယင်းနောက်    ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အစီ အစဉ်များကို နှစ်ဖက်အသေးစိတ် ညှိနှိုင်းခဲ့ကြပြီးနောက် အစီအစဉ် ၈    ရပ်ကို      ညှိနှိုင်းသဘောတူ အတည်ပြုခဲ့ကြပြီး         ပထမနေ့  ဆွေးနွေးပွဲကို ရပ်နားခဲ့ကြသည်။  ဆွေးနွေးပွဲ ဒုတိယနေ့ကို ဒီဇင်ဘာ ၂၈  ရက်တွင်  ဆက်လက်ကျင်းပ သွားမည်ဖြစ်ပြီး      ဆွေးနွေးပွဲ၌ နှစ်ဖက်သဘောတူ    အတည်ပြု ထားသည့် အစီအစဉ်များအတိုင်း  ဆက်လက် ဆွေးနွေးညှိနှိုင်းသွား မည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်