နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့ (ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU ၊ PNLO) တို့၏ ကိုယ်စားလှယ်အဖွဲ့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်    ဩဂုတ်    ၃၀


နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး  အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ (ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU ၊ PNLO)    တို့၏       ကိုယ်စားလှယ်အဖွဲ့  ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ဒုတိယ နေ့ကို  ယနေ့နံနက်ပိုင်းတွင်   နေပြည် တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌  ကျင်းပပြုလုပ်သည်။


တွေ့ဆုံဆွေးနွေးပွဲသို့       နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ            အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး     ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်    ဒုတိယ ဗိုလ်ချုပ်ကြီး   ရာပြည့်၊    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်      ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်      ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး         ကော်မတီ ဒုတိယဥက္ကဋ္ဌ         ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး       စိုးထွဋ်၊ အမျိုးသား   စည်းလုံးညီညွတ်ရေး နှင့်     ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ  အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် များ၊  ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာ လင်း၊ KNU/ KNLA  ငြိမ်းချမ်းရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊      လားဟူ  ဒီမို ကရက်တစ်အစည်းအရုံး   (LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး၊    ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး  အဖွဲ့ ချုပ်  (PNLO)  ဥက္ကဋ္ဌ  ခွန်သူရိန်၊ ဒီမိုကရေစီအကျိုးပြု      ကရင် တပ်မတော်(DKBA)မှ  စစ်ကွပ်ကဲ ရေးမှူးအဆင့်ရှိ    စောဘညိမ်း အောင်တို့       ဦးဆောင်သည့်  ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စား လှယ်များ       တက်ရောက်ကြ သည်။


ဆွေးနွေးညှိနှိုင်း


ဆွေးနွေးပွဲတွင်   ပဋိပက္ခဒဏ် ခံစားနေရသော        ဒေသများရှိ တိုက်ပွဲရှောင်နှင့်    ဒေသခံပြည်သူ လူထုအတွက်    လူသားချင်းစာနာ မှုဆိုင်ရာ      အကူအညီပေးခြင်း လုပ်ငန်းများ   အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်     NCA လက်မှတ်     ရေးထိုးထားသော သက်ဆိုင်ရာ       နယ်မြေများမှ တိုင်းရင်းသား    လက်နက်ကိုင် အဖွဲ့အစည်းများ   ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးကိစ္စ၊ ဖက်ဒရယ် ပြည်ထောင်စု   တည်ဆောက်ရာ တွင် EAO များ ကိုယ်တိုင် လက်တွေ့ ကျကျ   ပါဝင်လုပ်ဆောင်နိုင်ရေး ကိစ္စ၊      နိုင်ငံရေးနယ်ပယ်တွင် ဒေသအလိုက်     EAO များ၏ ဦးဆောင်မှုကို မြှင့်တင်ရေးကိစ္စနှင့် NCA (၈) နှစ်ပြည့်  နှစ်ပတ်လည် အခမ်းအနားကို နိုင်ငံရေးအဓိပ္ပာယ် ပြည့်ဝစွာ ကျင်းပနိုင်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာ ကြသူများက  မိမိတို့၏  သဘော ထားများကို  အပြန်အလှန်  ပွင့်ပွင့် လင်းလင်း     ဆွေးနွေးညှိနှိုင်း၍ ဒုတိယနေ့    တွေ့ဆုံဆွေးနွေးပွဲကို ရပ်နားခဲ့သည်။


လက်မှတ်ရေးထိုးမည်


တတိယနေ့    ဆွေးနွေးပွဲကို ဩဂုတ် ၃၁ ရက်တွင်  ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး နှစ်ဖက် တူညီသည့်      သဘောထားများ ကို  သဘောတူညီချက်များအဖြစ် လက်မှတ်ရေးထိုး  သွားမည်ဖြစ် ကြောင်း သိရသည်။  

 
သတင်းစဉ်