နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP)  ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

 

 

နေပြည်တော်     မေ     ၂၄ 
နိုင်ငံတော်၏     ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင် သော    ကိုယ်စားလှယ်အဖွဲ့တို့   တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီအဖွဲ့ဝင် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ   ဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး   ငြိမ်းချမ်းရေး  ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်  ဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး    ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်    ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး        ဒုတိယဗိုလ်ချုပ်ကြီး  မင်းနောင်နှင့်    မွန်ပြည်သစ်ပါတီ   (NMSP)  မှ  ဒုတိယဥက္ကဋ္ဌ  နိုင်အောင်မင်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး      နိုင်ဝင်းလှ၊      ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်      နိုင်ဗညားလယ် တို့ တက်ရောက်ကြသည်။ 
တွေ့ဆုံ        ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်     မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင် မင်းတို့က  နှုတ်ခွန်းဆက်  အမှာ စကားပြောကြားကြပြီး      တက် ရောက်လာကြသူများက ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ် များကို အပြန်အလှန်ဆွေးနွေးခဲ့ ကြကာ တွေ့ဆုံဆွေးနွေးပွဲ ရပ်နား ခဲ့သည်။ ဆွေးနွေးပွဲကို မေ ၂၅ ရက် တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်