နိုင်ငံတော်၏ မူဝါဒနှင့်လုပ်ငန်းစဉ်များအပေါ် သိရှိနားလည်မှု စသည့်အကြောင်းအရာများကို ဆွေးနွေးပို့ချဆောင်ရွက်ကြရမည်

 

 

နေပြည်တော်  စက်တင်ဘာ   ၂၀


လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဦးခင်ရီသည်   ဒုတိယ ဝန်ကြီး   ဦးဌေးလှိုင်နှင့်အတူ   ယနေ့နံနက်  ၉  နာရီတွင်  နေပြည်တော်  ဒက္ခိဏသီရိမြို့နယ်ရှိ  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဖြည့်ဆည်းဆောင်ရွက်
တွေ့ဆုံစဉ်     ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ဝန်ကြီးဌာန၏ သင်တန်းကျောင်းသည်      ဌာနမှ ဝန်ထမ်းများအနေဖြင့်    ဌာန၏ ရည်မှန်းချက်        တာဝန်များ အကောင်အထည်ဖော်    ဆောင် ရွက်မှု၊ ဌာန၏ လုပ်ငန်းများသည် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားများအတွက်  အရေး ပါမှု၊    နိုင်ငံတော်၏    မူဝါဒနှင့် လုပ်ငန်းစဉ်များအပေါ်        သိရှိ နားလည်မှု       စသည့်အကြောင်း အရာများကို ဆွေးနွေးပို့ချ ဆောင် ရွက်ကြရမည်    ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းတွင် ၂၀၁၉ ခုနှစ် အတွင်း    သင်တန်း   (၂)   ကြိမ် ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်း ကိုဗစ်-၁၉ ရောဂါအပါအဝင်     အကြောင်း အမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ရာ  မကြာခင်ကာလအတွင်း  သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင် ရေးအတွက်   ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများနှင့် သင်ထောက် ကူပစ္စည်းများပြည့်စုံရေး ကြိုတင် ပြင်ဆင်   ဆောင်ရွက်ထားရန်လို ကြောင်း၊   နိုင်ငံအတွင်း   အပြည် ပြည်ဆိုင်ရာလေဆိပ်၊ ရေဆိပ်များ အပါအဝင် နယ်စပ်ဝင်ထွက်ပေါက် များ၏ လူဝင်မှုကြီးကြပ်ရေးနှင့်  နိုင်ငံခြားသား    ထိန်းသိမ်းရေး လုပ်ငန်းများ၊ သွေးချင်းဆက်စပ်မှု အပေါ် မူတည်ကာ ဥပဒေနှင့်အညီ  စိစစ်ဆောင်ရွက်        ပေးရသည့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများ၊ နိုင်ငံတော်၏မူဝါဒနှင့် စီမံကိန်း များ ရေးဆွဲချမှတ်နိုင်ရေးအတွက်  လူဦးရေနှင့် ကိန်းဂဏန်းအချက် အလက်များ     ကောက်ယူပြုစု ထုတ်ပြန်ပေးသည့်  လုပ်ငန်းများ စသည့်   ဌာန၏    ရည်မှန်းချက် တာဝန်များ  ဝန်ထမ်းတိုင်း  စနစ် တကျ သိရှိနားလည်ထားကြရန် အရေးကြီးပါကြောင်း၊ သင်တန်း နည်းပြများအနေဖြင့်  ဘာသာရပ် ဆိုင်ရာ သင်တန်းစာများကို မိမိတို့ တွေ့ကြုံ     ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပို့ချနိုင်ရေး အတွက် လေ့လာမှတ်သားထား ကြရန်လိုကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး  ဝန်ထမ်း များ၏   လုပ်ငန်းဆိုင်ရာ   တင်ပြ ချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း   ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထောက်ပံ့ပေးအပ်
ယင်းနောက်         သင်တန်း ကျောင်းရှိ ဝန်ထမ်းများအတွက် ဆန်၊   ဆီနှင့်    ကြက်ဥများကို ဒုတိယဝန်ကြီး   ဦးဌေးလှိုင်က ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ် ကြီးက လက်ခံရယူသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် သင်တန်းကျောင်း၏  ရုံးခန်းများ၊        သင်တန်းသား အိပ်ဆောင်အတွင်း    ခင်းကျင်း ထားရှိမှုနှင့် စားရိပ်သာ၊ သင်တန်း ကျောင်း        အကွက်ချမြေပုံနှင့် သင်တန်းသားများအတွက် စာအုပ် စာစောင်များ စုဆောင်းထားရှိမှု၊  ဝန်ထမ်းအိမ်ရာ အဆောက်အဦ များ    ဆောက်လုပ်ထားရှိမှုကို လှည့်လည်ကြည့်ရှု   စစ်ဆေးပြီး  (အပေါ်ပုံ) ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်း  ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပရေး နှင့်    သင်တန်းဖွင့်လှစ်ချိန်တွင် လိုအပ်ချက်များ    အသင့်ဖြစ်စေ ရန်အတွက်   စီစဉ်ဆောင်ရွက် ထားရှိရန်    မှာကြားကာ    လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။                        
သတင်းစဉ်