နိုင်ငံတော်၏ အားပေးမြှင့်တင်မှုနှင့်အတူ အောင်မြင်မှုရရှိနေသည့် ရွှေယာမြေ ပဲဆီသန့်ထုတ်လုပ်ရေးလုပ်ငန်း

 

တွေ့ဆုံမေးမြန်း - ကျော်မင်းဦး၊ ဓာတ်ပုံ - အောင်ကျော်ဇင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်၏ စီးပွားရေးကဏ္ဍ အချက်(၃) ချက်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဟု မူဝါဒထုတ်ပြန်ထားပြီး အားပေးမြှင့်တင်လျက်ရှိသည်။ သို့ဖြစ်ရာ မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့ရှိ အောင်မြင်နေသော MSME လုပ်ငန်းတစ်ခုဖြစ်သည့် “ရွှေယာမြေ ပဲဆီသန့်” ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင် ဦးရွှေဝင်းထွန်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။
 

မေး။   ။    အခု မကွေးမြို့ MSME ထုတ်ကုန်ပြပွဲနဲ့ ဈေးရောင်းပွဲတော်မှာ        လာရောက် ရောင်းချဖြစ်တဲ့ အခြေအနေလေး သိပါရစေ။
ဖြေ။   ။    ကျွန်တော်တို့အနေနဲ့ MSME ထုတ်ကုန်ပြပွဲနဲ့ စျေး‌ရောင်း        ပွဲတော်မှာ    လာရောက်သူတွေကို   ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးချင်တဲ့အတွက်     ပါဝင်ပြသရောင်းချခြင်းဖြစ်ပါတယ်။     
ပဲဆီတစ်ပိဿာကို လက်ရှိပေါက်ဈေးအနေနဲ့   ကျပ်  ၁၄၀၀၀ လောက်ရှိပေမယ့် ကျွန်တော်တို့က   ဒီပြပွဲမှာ   ဈေးကွက်ထိုးဖောက်ဖို့လည်းရည်ရွယ်ပြီး တစ်ပိဿာ ကျပ်  ၁၂၀၀၀ နဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။ 
မေး။   ။    လုပ်ငန်းစတင်  တည်ထောင်ဖြစ်တဲ့ အခြေအနေကို ပြောပြ        ပေးစေချင်ပါတယ်၊၊
ဖြေ။   ။    ကျွန်တော် ဒီလုပ်ငန်းကို စတင်လုပ်ကိုင်တာ ၂၀၁၂ ခုနှစ်        လောက်ကဆိုတော့ ၁၂နှစ်လောက်ရှိပါပြီ၊ ဈေးကွက်ထဲမှာကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီဆိုတာလည်း တော်တော်လေး ရှားပါးပါတယ်၊ နောက်ပြီးတော့ ပြည်တွင်းက သီးနှံစိုက်ပျိုးတဲ့တောင်သူတွေရဲ့      ဈေးကွက်ဝေစုကလည်း     အလွန်နည်းပါးပါတယ်။    မြန်မာ့စားအုန်းဆီဆိုတာကလည်း ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ ပြည်တွင်းထွက်သီးနှံတွေဖြစ်တဲ့ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ  စသည်တို့ကို အသုံးပြုခြင်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့အတွက် စားသုံးသူတွေကို ပစ္စည်းကောင်းပြီး    ကျန်းမာရေးနဲ့   ညီညွတ်တဲ့ဆီတွေကို    စားစေချင်တဲ့ရည်ရွယ်ချက်နဲ့ စတင်တည်ထောင်ခြင်းဖြစ်ပါတယ်။
မေး။   ။    လက်ရှိအနေအထားအရ ဈေးကွက်ဖြန့်ဖြူးမှု ဘယ်လောက်        အထိ ကျယ်ပြန့်နေပြီလဲ၊၊
ဖြေ။      ။     ကျွန်တော့်အနေနဲ့ မကွေးတိုင်း၊ မန္တလေးတိုင်း၊နေပြည်တော်၊        ရှမ်းပြည်နယ် (တောင်ပိုင်း)၊  ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ရခိုင်ပြည်နယ်တွေအထိ ဖြန့်ဖြူးရောင်းချပါတယ်။ အရင်ကတော့ရန်ကုန်အထိ     ဖြန့်ဖြစ်ပါတယ်။    ဒါပေမယ့်   ဈေးကွက်ဝယ်ယူမှုနည်းတာကြောင့် လတ်တလောမှာ ရန်ကုန်ကို ရပ်နားထားပါတယ်။
မေး။   ။    ကုန်ကြမ်းမှ      ကုန်ချော၊   ဈေးကွက်တင်ပို့မှုအခြေအနေ        သိပါရစေ။
ဖြေ။     ။     အဓိကကုန်ကြမ်းဖြစ်တဲ့    မြေပဲကို   မကွေးတိုင်းသာမက        မန္တလေးတိုင်း၊    ပဲခူးတိုင်းတို့မှလည်း       ဝယ်ယူပါတယ်။
ဝယ်ယူထားတဲ့ပဲတွေကို   ဆန်ခါချသန့်စင်ခြင်း၊    ပိုးမွှားဆိုင်ရာတွေကာကွယ်တဲ့အနေနဲ့  နေပူလှန်းခြင်း၊  စက်လည်ဖို့အတွက်  စက်ရဲ့ဘွိုင်လာထဲမှာ    ရေနွေးငွေ့နဲ့ပေါင်းခြင်း၊  ဆီကြိတ်ခြင်း စသည်ဖြင့်အဆင့်ဆင့်ပြုလုပ်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ စစ်ခုံလို့ခေါ်တဲ့ဆီစစ်တဲ့နေရာမှာ ဆီစစ်ပြီး ပိဿာအလိုက် အရွယ်အစားအမျိုးမျိုးဘူးသွတ်ပြီး ဈေးကွက်ကို တင်ပို့ရောင်းချပါတယ်။
မေး။   ။    လုပ်ငန်းလည်ပတ်နေတဲ့  ဝန်ထမ်းအင်အား  အခြေအနေ         သိချင်ပါတယ်၊၊ 
ဖြေ။   ။    ဝန်ထမ်းအင်အားကတော့ စုစုပေါင်း ၃၀ လောက်ရှိပါတယ်။
        ကျွန်တော်တို့ဝန်ထမ်းတွေကို ကျန်းမာရေး စစ်ဆေးမှုတွေပြုလုပ်ပေးထားတာကြောင့် ကိုဗစ်ကာလတုန်းကလည်း ကူးစက်မှုအလွန်နည်းပါးပါတယ်။       ဒါ့အပြင်      ကျွန်တော့်အနေနဲ့    FDAလျှောက်ထားတဲ့အတွက်      ဝန်ထမ်းတွေရဲ့    ကျန်းမာရေးစစ်ဆေးမှုတွေကိုလည်း အဓိကထား ဆောင်ရွက်ပေးထားပါတယ်။
မေး။   ။    ရင်းနှီးမတည်ငွေ        ဘယ်လောက်နဲ့     လုပ်ငန်းစတင်        တည်ထောင်ခဲ့ပါသလဲ၊၊
ဖြေ။   ။    ရင်းနှီးမတည်ငွေကတော့ ကျပ်သိန်းပေါင်း    တစ်သောင်း        ခွဲလောက်ရှိပါတယ်။ ဘွိုင်လာစက်ရဲ့ တန်ဖိုးတစ်ခုတည်းကိုသိန်း ၂၅၀၀ ကျော်၊ ၃၀၀၀ လောက်ရှိပါတယ်။
မေး။   ။    အောင်မြင်တဲ့               လုပ်ငန်းရှင်တစ်ဦးဖြစ်လာအောင်        ကြိုးစားခဲ့ရတဲ့  လမ်းခရီးမှာ   တွေ့ကြုံရတဲ့  အခက်အခဲ၊ကြိုးစားမှုစတာတွေနဲ့ အတုယူ လိုက်နာဆောင်ရွက်ရမယ့် ဆောင်ရန်ရှောင်ရန် နည်းလမ်းလေးတွေ ပြောပေးပါ၊၊
ဖြေ။      ။     ဆောင်ရန်ရှောင်ရန်အတွက် အဓိကကတော့ အလုပ်အပေါ်        ဇွဲ၊ လုံ့လရှိရှိနဲ့ တစ်သမတ်တည်း လုပ်ဖို့လိုပါမယ်။ ဘယ်လိုအခက်အခဲတွေပဲဖြစ်ဖြစ်          ဒါမလုပ်တော့ဘူး၊         တခြားဟာ ပြောင်းလုပ်မယ်၊    ဟိုဟာပြောင်းလုပ်မယ်၊  ဒီဟာပြောင်းလုပ်မယ်ဆိုတာမျိုး လုပ်လို့မရပါဘူး။  ဒီလုပ်ငန်းကို အောင်မြင်မှုဆီ အရောက်သွားမယ်ဆို မရောက်ရောက်အောင်သွားဖို့  အချိန်တစ်ခုတော့  ပေးဖို့လိုပါတယ်။ အဲဒီအချိန်မရောက်မချင်း  ဇွဲရှိဖို့လိုပါတယ်။  စိတ်ဓာတ်
အင်အားကြံ့ခိုင်ဖို့လည်း လိုအပ်ပါတယ်။ တခြားလုပ်ငန်းတစ်ခုခုကိုပြောင်းလဲလုပ်ကိုင်မယ်ဆိုတဲ့   စိတ်မျိုးတွေလည်း    မရှိသင့်ပါဘူး။
လုပ်ငန်းတစ်ခုအောင်မြင်အောင်   လုပ်ဆောင်ဖို့ဆိုရင်  အောင်မြင်ဖို့အချိန်တစ်ခုတော့စောင့်ဖို့အတွက်    ဇွဲရှိရပါမယ်။     ကိုယ်လုပ်မယ့်အလုပ်ကိုတော့ ကျွမ်းကျင်မှုရှိအောင် လေ့လာရပါမယ်။
မေး။   ။    ပြည်တွင်းဈေးကွက်ကနေ     နိုင်ငံရပ်ခြားအထိ    တင်ပို့        ဖြန့်ဖြူးရောင်းချနိုင်ဖို့     တာဝန်ရှိသူတွေက      ဘာတွေဖြည့်ဆည်းပေးသင့်တယ်လို့ ထင်မြင်ပါသလဲ၊၊ 
ဖြေ။   ။     မြန်မာနိုင်ငံ   ဆီစက်ပိုင်ရှင်များအသင်းမှာ  ကျွန်တော်က        မကွေးတိုင်းအသင်း အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။    ကျွန်တော်တို့   မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းကတစ်ဆင့် နိုင်ငံခြားကိုတင်ပို့ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။
တရုတ်နိုင်ငံကို    တင်ပို့ဖို့  ချိတ်ဆက်ကြိုးစားနေပြီး  ၅၀  ရာခိုင်နှုန်းလောက် အောင်မြင်နေပြီဖြစ်ပါတယ်။  FDA နဲ့ ဓာတ်ခွဲခန်း စစ်ဆေးမှုအောင်မြင်ပြီးသားလုပ်ငန်းရှင်တွေ   စုပေါင်းပြီး  အသင်းအဖွဲ့တစ်ခုအနေနဲ့ တရုတ်နိုင်ငံကို တင်ပို့နိုင်ဖို့ ကြိုးစားနေပါတယ်။
မေး။   ။    နိုင်ငံတော်အနေနဲ့       လုပ်ငန်းစတင်မတည်လို့ရအောင်        ချေးငွေထုတ်ချေးပေးနေမှုအပြင်          ဘာတွေထပ်မံပြီးလုပ်ကိုင်ဆောင်ရွက်ပေးသင့်သလဲ၊          ဘာတွေကို      ကူညီပေးဖို့ဖြည့်ဆည်းပေးဖို့ လိုအပ်ပါသလဲ၊၊
ဖြေ။   ။     နိုင်ငံတော်အနေနဲ့     လုပ်ငန်းစတင်လို့ရအောင်   ချေးငွေ        ထုတ်ချေးပေးနေမှု     မူဝါဒကကောင်းပါတယ်။     ချေးငွေထုတ်ချေးပေးတဲ့နေရာမှာ ကျွန်တော်တို့ မကွေးတိုင်းမှာရှိတဲ့ ဆီစက်တွေရဲ့    ချေးငွေရယူထားမှု      အခြေအနေတွေကို     စိစစ်ပါတယ်။နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့     စေတနာမေတ္တာကို     နားလည်ပါတယ်။ဒါပေမယ့် မူဝါဒအရ ဥပမာအားဖြင့်   ဘဏ်တစ်ခုခုမှာ   ချေးငွေရယူထားတဲ့ လုပ်ငန်းရှင်တွေကို  ထုတ်ချေးပေးလို့မရပါဘူး။ ဥပမာအနေနဲ့ကျွန်တော်က     တခြားဘဏ်မှာ  ချေးတယ်၊    အဲဒီလိုချေးတဲ့အတွက်နောက်တစ်ဘဏ်က ကျွန်တော့်ကို ချေးခွင့်မပေးဘူး။  ဘဏ်တစ်ခုမှာ
မြေဂရန်  ပေးထားတယ်၊  နောက်ဘဏ်တစ်ခုမှာ  နောက်ထပ်တစ်ခုအသစ်ထပ်ပေးနိုင်ရင် ချေးပေးသင့်ပါတယ်။ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ အချို့စည်းမျဉ်းစည်းကမ်းတွေကို ဖြေလျှော့ပေးစေလိုပါတယ်။ 
မေး။   ။    ကျွန်တော်တို့နိုင်ငံအတွင်းမှာ  လုပ်ငန်းရှင်ဖြစ်ဖို့ ကြိုးစား        အားထုတ်နေတဲ့ လူတန်းစားမျိုးစုံ ရှိပါတယ်၊ သူတို့အတွက်ခွန်အားဖြစ်စေမယ့်   အကြံပြုစကားလေး  ပြောပေးစေချင်ပါတယ်။
ဖြေ။   ။    နိုင်ငံတော်မှ       ထပ်မံပြဋ္ဌာန်းလိုက်တဲ့ဥပဒေက     အလွန်        ကောင်းပါတယ်။  ဆီကို နိုင်ငံရဲ့ အရေးကြီးထုတ်ကုန်အဖြစ်သတ်မှတ်ပြီးသားဖြစ်တဲ့အတွက် ဆီစက်တွေက FDA မရရင် စက်မှုကနေ ထုတ်မပေးတဲ့အနေအထားဖြစ်ပါတယ်။ ဆီစက်လည်ပတ်မယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီကို  ထုတ်လုပ်ဖို့၊  နိုင်ငံတော်ကသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို  လိုက်နာဖို့   အဓိကလိုပါတယ်။ ဆီလုပ်ငန်းလုပ်ကိုင်မယ်ဆိုရင်  FDA  ကို  ရအောင်လုပ်ပါ
လို့ပဲ     တိုက်တွန်းလိုပါတယ်။      လိုင်စင်အသစ်လုပ်တာပဲဖြစ်ဖြစ်၊သက်တမ်းတိုးတာပဲဖြစ်ဖြစ်  လုပ်မယ်ဆိုရင် FDA လက်မှတ်မပါရင်တိုးလို့မရပါဘူး။   ဆီက နိုင်ငံရဲ့  အရေးကြီးကုန်စည်ဖြစ်တဲ့အတွက်FDA ခွင့်ပြုချက်ကို အရင်ယူသင့်ပါတယ်။   အကြံပြုစကားကတော့ကိုယ်လုပ်တဲ့အလုပ်အပေါ်  ဇွဲရှိရှိလုပ်ဖို့နဲ့   ကျွမ်းကျင်ပိုင်နိုင်အောင်လေ့လာရပါမယ်။  ဘယ်အလုပ်မဆို   တစ်သမတ်တည်း လုပ်ဆောင်စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။