နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

 

 

နေပြည်တော်  ဇန်နဝါရီ   ၃


ဝန်ကြီးဌာနအသီးသီးမှ  ဝန်ထမ်း များ ပျော်ပျော်ရွှင်ရွှင် စည်းစည်း လုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှုရရှိစေ ရေးနှင့်  ဝန်ထမ်းများ  တက်ကြွ ရွှင်လန်းစွာဖြင့်  လုပ်ငန်းတာဝန် များကို  ပိုမိုထမ်းရွက်နိုင်စေရေး ရည်ရွယ်၍ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနက    ကြီးမှူး ကျင်းပသည့် ၂၀၂၄ ခုနှစ် (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်    ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများမှ ဘော်လီ ဘောပြိုင်ပွဲ   ဗိုလ်လုပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင်    နေပြည် တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်များ တက်ရောက် ကြည့်ရှုအားပေးပြီး       ဆုများ ပေးအပ်ချီးမြှင့်ကြသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊    ဒေါက်တာ ဘရွှေ၊   ခွန်စံလွင်နှင့် ဦးရန်ကျော်  ပြည်ထောင်စုဝန်ကြီးများ၊  ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့်    တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ  ဘော်လီဘောအဖွဲ့ ချုပ်မှ တာဝန်ရှိသူများ၊ဝန်ထမ်း များနှင့် ဘော်လီဘောဝါသနာရှင် များ တက်ရောက်ကြည့်ရှုအားပေး ကြသည်။


ဦးစွာ ၂၀၂၄ ခုနှစ် (၇၆)  နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် ဝန်ကြီးဌာနပေါင်းစုံ အမျိုး သမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လု ပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီး ဌာနအသင်းနှင့်     ပြည်ထဲရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ပြိုင်ပွဲဝင် အားကစား သမားများ၏  စိတ်ဆန္ဒပြင်းပြမှု၊ ပရိသတ်များ၏     တစ်ခဲနက် အားပေးမှုများဖြင့်   ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက ကာကွယ် ရေးဝန်ကြီးဌာနအသင်းကို  သုံးပွဲ- တစ်ပွဲဖြင့်  အနိုင်ရရှိခဲ့သည်။


ဆက်လက်၍    အမျိုးသား ဘော်လီဘောပြိုင်ပွဲ    ဗိုလ်လုပွဲ ပွဲစဉ်အဖြစ်   ပြည်ထဲရေးဝန်ကြီး ဌာနအသင်းနှင့်   အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ ပရိသတ် များ၏  တစ်ခဲနက်အားပေးမှုနှင့် အတူ  ပြိုင်ပွဲဝင်အားကစားသမား များက မိမိတို့ ဝန်ကြီးဌာနအတွက် အနိုင်ရယူလိုစိတ် ပြင်းထန်စွာဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်ကစား ကြရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက ပြည်ထဲ ရေးဝန်ကြီးဌာနအသင်းကို သုံးပွဲ-တစ်ပွဲဖြင့်  အနိုင်ရရှိခဲ့သည်။


ထို့နောက်  ဆုချီးမြှင့်ပွဲအခမ်း အနားကို   ဆက်လက်ကျင်းပရာ  ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဇင်မင်းထက်၊   ဦးမျိုးလှိုင်နှင့် ဗိုလ်ချုပ် အောင်လင်းထွန်းတို့က အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ တွင် အကောင်းဆုံးစပေးဘောဆု၊    အကောင်းဆုံး    ပင့်ထောင်ဆု၊      အကောင်းဆုံး     ရိုက်ခုတ်ဆု၊        အကောင်းဆုံး      ပိတ်ဆို့ဆု၊ အကောင်းဆုံး     ခုခံဆယ်မဆု၊ အကောင်းဆုံးအမျိုးသမီး ဘော်လီ ဘောအားကစားသမားဆု ရရှိကြ သူများကိုလည်းကောင်း၊   အမျိုး သား    ဘော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံး    စပေးဘောဆု၊ အကောင်းဆုံး      ပင့်ထောင်ဆု၊ အကောင်းဆုံး     ရိုက်ခုတ် ဆု၊ အကောင်းဆုံး    ပိတ်ဆို့ဆု၊ အကောင်းဆုံး    ခုခံဆယ်မဆုနှင့် အကောင်းဆုံးအမျိုးသား ဘော်လီ ဘော အားကစားသမားဆုရရှိကြသူများကိုလည်းကောင်း  တစ်ဦး ချင်း  ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ကြသည်။


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် က    အမျိုးသမီးဘော်လီဘော ပြိုင်ပွဲတွင်     စတုတ္ထဆုရရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် အမျိုးသား  ဘော်လီဘောပြိုင်ပွဲတွင် စတုတ္ထ ဆုရရှိသည့်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်အသင်းတို့ကို  ငွေသား ဆုများ ပေးအပ်ချီးမြှင့်သည်။ 


ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီး  ဦးမင်းသိန်းဇံက  အမျိုး သမီး   ဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသည့် အားကစား နှင့်   လူငယ်ရေးရာဝန်ကြီးဌာန အသင်းနှင့် အမျိုးသားဘော်လီ ဘော   ပြိုင်ပွဲတွင်   တတိယဆုရရှိ သည့်  ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန   အသင်းတို့ကို တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်များနှင့်   ဂုဏ်ပြုဆုငွေများ   ပေးအပ် ချီးမြှင့်သည်။


ထို့နောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင်  ဦးရန်ကျော်နှင့်   ခွန်စံလွင်တို့က အမျိုးသမီးဘော်လီ ဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်  ကာကွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် အမျိုးသား   ဘော်လီဘောပြိုင်ပွဲတွင် ဒုတိယ ဆုရရှိသည့်   ပြည်ထဲရေးဝန်ကြီး ဌာနအသင်းတို့ကို   တစ်ဦးချင်း   ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် ဒေါက်တာဘရွှေ က  အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းအား တစ်ဦးချင်းဂုဏ်ပြု ဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများ နှင့်အတူ တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် ပိုးရယ်အောင်သိန်းက    အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ပထမဆု ရရှိသည့်  အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန   အသင်းအား တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများနှင့်အတူ တံခွန် စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့် သည်။


၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ   အားကစား ပြိုင်ပွဲတွင် အသက်(၂၅)နှစ်အောက်   အမျိုးသမီးဘောလုံး  ပြိုင်ပွဲတွင်     အသင်းငါးသင်း၊ အသက်(၂၅)နှစ် အောက် အမျိုး သားဘောလုံးပြိုင်ပွဲ တွင်   ၁၅ သင်း၊  အမျိုးသားဘော်လီ ဘော ပြိုင်ပွဲတွင်  ၁၆ သင်း၊ အမျိုး သမီး   ဘော်လီဘောပြိုင်ပွဲတွင် ခြောက်သင်း၊ အမျိုးသားပိုက်ကျော် ခြင်းပြိုင်ပွဲတွင် ၂၅ သင်း၊   အမျိုး သားဖူဆယ်ပြိုင်ပွဲတွင် ၁၈  သင်း၊ ထုပ်ဆီးတိုး ပြိုင်ပွဲတွင် ၂၃ သင်း၊ အမျိုးသား     လွန်ဆွဲပြိုင်ပွဲတွင်  ၂၄  သင်းနှင့်   အမျိုးသမီးလွန်ဆွဲ ပြိုင်ပွဲတွင်   ၁၉  သင်း   ဝင်ရောက် ပါဝင်      ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်