
နေပြည်တော် ဇန်နဝါရီ ၂
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း (C) ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက် ကြည့်ရှုအားပေးပြီး ဆုများ ပေးအပ် ချီးမြှင့်ကြသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ် အောင်သိန်း၊ ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ပိုက်ကျော်ခြင်းဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။
နှစ်ပွဲပြတ်ဖြင့်အနိုင်ရရှိ
ဦးစွာ ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီး ဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြ ရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲ ပြတ်ဖြင့် အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က စတုတ္ထဆုရရှိသည့်အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းအား ငွေသားဆု ငါးသိန်းကျပ်ကိုလည်း ကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် က တတိယဆုရရှိသည့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း အား တစ်ဦးချင်း ဂုဏ်ပြုဆုတံဆိပ်များ နှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီး ဌာနအသင်းကို တစ်ဦးချင်း ဂုဏ်ပြုဆု တံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း က ပထမဆုရရှိသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းအား တစ်ဦးချင်း ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများ နှင့်အတူ တံခွန်စိုက်ဆုဖလားကို ပေးအပ် ချီးမြှင့်သည်။
ကြည့်ရှုအားပေး
အလားတူ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ဒေါက်တာ မှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဖူဆယ် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဖူဆယ်ဘောလုံး ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ကိုးဂိုး - ရှစ်ဂိုးဖြင့် အနိုင်ရရှိ
ဦးစွာ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီး ဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ် အဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစား ကြရာ ပရိသတ်များ၏ တစ်ခဲနက်အားပေး မှုနှင့်အတူ တစ်ဖက် သုံးဂိုးစီ သရေကျရာ ပယ်နယ်တီ အဆုံးအဖြတ်ခံယူကာ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်း ကို ကိုးဂိုး - ရှစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင်ဝင်းနှင့် ဦးဇင် မင်းထက်တို့က အကောင်းဆုံးဂိုးသမားဆု နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရရှိကြသူများကို ဂုဏ်ပြု ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက စတုတ္ထဆုရရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအသင်းအား ငွေသားဆု ငါး သိန်းကျပ်ကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းအား တစ်ဦးချင်းဂုဏ်ပြု ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က ဒုတိယဆုရရှိသည့် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်း ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်သည်။
တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက ပထမဆုရရှိ သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အသင်းအား တစ်ဦးချင်း ဂုဏ်ပြုဆုတံဆိပ် များ၊ ဂုဏ်ပြုဆုငွေများနှင့်အတူ တံခွန် စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။
အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲတွင် အသက် ၂၅နှစ် အောက် ဘောလုံးပြိုင်ပွဲ(အမျိုးသား/အမျိုးသမီး)၊ ဘော်လီဘောပြိုင်ပွဲ (အမျိုးသား/ အမျိုးသမီး)၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ (အမျိုးသား)၊ ဖူဆယ်ပြိုင်ပွဲ (အမျိုးသား)၊ ထုပ်ဆီးတိုးပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများကို ထည့်သွင်းကျင်းပ လျက်ရှိပြီး ဇန်နဝါရီ ၃ ရက်တွင် ဗိုလ်လုပွဲစဉ်များအဖြစ် ထုပ်ဆီးတိုးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ (အမျိုးသား/အမျိုး သမီး)နှင့် အမျိုးသားဘောလုံးပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင် ကစားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်