
နေပြည်တော် မတ် ၁
၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဘိလိယက်နှင့် စနူကာအားကစားရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာ မှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘိလိယက် နှင့် စနူကာအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သည့်ဧည့်သည်တော်များ၊ ပြိုင်ပွဲ ဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမား များ တက်ရောက်ကြသည်။
ကြည့်ရှုအားပေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဧည့်သည်တော် များသည် “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲ” ပွဲစဉ်များအဖြစ် စနူကာ 15 - Red အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲ၊ စနူကာ 6 - Red အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ၊ 9 Ball Pool အမျိုးသား တစ်ဦးချင်းပြိုင်ပွဲနှင့် 9 Ball Pool အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးကြသည်။
ပေးအပ်ချီးမြှင့်
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက 9 Ball Pool အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုရရှိကြသူများ ကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ဘိလိယက်အမှတ် အများဆုံးဆု၊ စနူကာ 15-Red အမှတ်အများဆုံး ဆုနှင့် စနူကာ 15-Red အတိုးတက် ဆုံးဆုရရှိကြသူများကို လည်း ကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက ဘိလိယက် နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူ များကို လည်းကောင်း၊ ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အမျိုးသမီး 9 Ball Pool နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူ များကိုလည်းကောင်း ဂုဏ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော်က အမျိုးသား 9 Ball Pool နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိကြသူများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်းက ဘိလိယက် တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူ များကို လည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်က အမျိုးသမီး 9 Ball Pool တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိ ကြသူများကိုလည်းကောင်း ဂုဏ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာဘရွှေက အမျိုးသား 9 Ball Pool တစ်ဦးချင်းပြိုင်ပွဲ တွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိကြသူများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန်က စနူကာ 6- Red တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်းက စနူကာ 15-Red တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိကြသူများကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူက စုပေါင်းတံခွန်စိုက် ဆုဖလားရရှိသည့် ဧရာဝတီတိုင်း ဒေသကြီးအသင်းကို တံခွန်စိုက် ဆုဖလား ပေးအပ်သည်။
၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ် နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို ထူးချွန်ထက်မြက် သည့် မျိုးဆက်သစ်အားကစား သမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အမျိုးသားအသင်း ၁၃ သင်းနှင့် အမျိုးသမီးအသင်း ၁၀ သင်းဖြင့် ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၁ ရက်အထိ ကျင်းပခဲ့ ကြောင်း သိရသည်။
သတင်းစဉ်