
နေပြည်တော် မေ ၈
၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်း အမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း(ဘီ)ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီး ချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ် ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒေါက်တာ မှုထန်၊ ဒေါက်တာဘရွှေနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တွဲဖက်စစ်ရေးချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အချိန်ပြည့်၊ အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ ကြက်ခြေနီ ဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌများ၊ ကြက်ခြေနီတပ်ဖွဲ့ မှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ နှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်တို့ မှ ကိုယ်စားလှယ်များ၊ မိတ်ဖက်အမျိုးသား ကြက်ခြေနီအသင်းများမှ ကိုယ်စားလှယ် များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန် ရှိသူများ၊ ကြက်ခြေနီစေတနာလုပ်အား ရှင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ရာစုနှစ်တစ်ခုကျော် တည်ရှိခဲ့
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ၁၈၅၉ ခုနှစ် ဆိုဖာရီနို စစ်မြေပြင်က အစပြု၍ လူသားများ၏ လူမှုကရုဏာ လိုအပ်ချက်များကို ဆောင် ရွက်ပေးနေခဲ့သည့် ကြက်ခြေနီတည်ရှိမှု သက်တမ်းသည် ရာစုနှစ်တစ်ခုကျော် တည်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခုဆိုလျှင် နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် နိုင်ငံအစိုးရ များက ဖွဲ့စည်းထားသည့် အမျိုးသား ကြက်ခြေနီ/ လခြမ်းနီ အသင်းပေါင်း ၁၉၁ သင်းမှ ကြက်ခြေနီစေတနာ လုပ်အား ရှင်များသည် အကူအညီလိုအပ်သူများကို လူမှုကရုဏာအကူအညီများ ပေးနိုင်နေ ကြပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေ ဖြင့် နိုင်ငံအတွင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို ကြက် ခြေနီအခြေခံမူများနှင့်အညီ ကူညီဆောင် ရွက်ပေးနေသည်ကို သိရှိရသည့်အတွက် ဂုဏ်ယူပါကြောင်း။
အများအကျိုးကို ဆောင်ရွက်
နိုင်ငံတော်က လက်မှတ်ရေးထိုးထား သည့် ဂျီနီဗာသဘောတူညီချက်များ (Geneva Conventions) နှင့် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ/ လခြမ်းနီ လှုပ်ရှားမှု များ၏ ဥပဒေသများအရ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို နိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှုလုပ်ငန်း များ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထား ပြီး ဖြစ်သည့်အတွက် ကြက်ခြေနီအခြေခံ မူများ၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ဆက်လက် လုပ်ဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်းနှင့် ကြက် ခြေနီလှုပ်ရှားမှုတွင် ပါဝင်ကူညီသူအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် အများ အကျိုးကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင် ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ၂၀၂၄ ခုနှစ် ကမ္ဘာ့ ကြက်ခြေနီနေ့အထိမ်းအမှတ် ဂုဏ်ပြု စကားပြောကြားပြီး မြန်မာနိုင်ငံ ကြက် ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့ ကြက်ခြေနီနေ့အထိမ်းအမှတ် မှတ်တမ်း ဗီဒီယိုကိုပြသပြီး မွန်ပြည်နယ်ကြက်ခြေနီ စေတနာလုပ်အားရှင်များ၏ ဘင်ခရာ အဖွဲ့နှင့်အတူ ကြက်ခြေနီတပ်ဖွဲ့ဝင်များ က “အများအတွက်ကြက်ခြေနီ” သီချင်း နှင့် လူငယ်ကြက်ခြေနီမောင်မယ်များက “လူငယ်ကြက်ခြေနီ” သီချင်းဖြင့် သီဆို ဖျော်ဖြေကြသည်။
ပေးအပ်ချီးမြှင့်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက မြန်မာနိုင်ငံကြက်ခြေနီ သူနာပြုတပ်ဖွဲ့တွင် အသက် ၆၅ နှစ်ပြည့် သည်အထိ တာဝန်ထမ်းဆောင်ခဲ့ကြ သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ကိုယ်စား မကွေးတိုင်းဒေသကြီးမှ တိုင်းဒေသကြီး တပ်ဖွဲ့မှူး ဦးကျော်မြင့်ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲတွင် မြန်မာ ဘာသာဖြင့် ပထမဆုရရှိသည့် မောင်ဖြိုး ဝေဝင်းကို လည်းကောင်း၊ ဒုတိယဆုရရှိ သည့် ရွှေရည်ထွန်းလတ်ကိုယ်စား တာဝန် ရှိသူတစ်ဦးကလည်းကောင်း၊ တတိယဆု ရရှိသည့် မအေးမြမူကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာမှုထန်၊ ဒေါက်တာ ဘရွှေ နှင့် ဦးရန်ကျော်တို့က ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အင်္ဂလိပ်ဘာသာ ဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြ သူများနှင့် ကဗျာပြိုင်ပွဲတွင် မြန်မာ ဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးသည် အခမ်း အနားသို့ တက်ရောက်လာသူများနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ပြခန်းများ၊ ကြက်ခြေနီပစ္စည်းအရောင်း ကောင်တာ၊ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန် ခြင်းဆိုင်ရာ ပစ္စည်းများပြခန်းနှင့် ရှေးဦး ပြုစုခြင်းဆိုင်ရာ ပစ္စည်းပြခန်းတို့ကို လိုက်လံကြည့်ရှုကြသည်။(အပေါ်ပုံ)
ကမ္ဘာ့ကြက်ခြေနီနေ့များကို ၁၉၄၈ ခုနှစ်မှစတင်ကာ နှစ်စဉ် မေ ၈ ရက်တွင် ကမ္ဘာတစ်ဝန်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခု နှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနား ဆောင်ပုဒ်သည် “လူသား ချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေး” ( Keeping Humanity Alive) ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်