
နေပြည်တော် ဧပြီ ၅
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်း ဒီပလိုမာသင်တန်းအမှတ် စဉ် (၁၅) သင်တန်းဆင်းပွဲအခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုး သိန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်၊ ဝန်ကြီးဌာနအောက် မှ ဌာနအကြီးအမှူးများ၊ ကျောင်းသားမိဘ များ၊ ဧည့်သည်တော်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ကျောင်းဆင်း တပ်ခွဲကို စစ်ဆေးပြီး စစ်ရေးပြတပ်ခွဲများ မှ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြု သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်ရေကြောင်း အရာရှိလောင်း ဒီပလိုမာသင်တန်းတွင် ထူးချွန်ဆုရရှိ ခဲ့ကြသော စံပြအရာရှိလောင်း ရေကြောင်း ဆုရ အရာရှိလောင်း အောင်ခန့်မင်း၊ စံပြ အရာရှိလောင်း အင်ဂျင်နီယာဆုရ အရာရှိ လောင်း ကောင်းခန့်လင်း၊ စံပြအရာရှိ လောင်း လျှပ်စစ်နည်းပညာဆုရ အရာရှိ လောင်း ထက်အာကာထွန်း၊ ကုန်သွယ် ရေကြောင်း အရာရှိလောင်း စာပေထူးချွန် ဆုရ အရာရှိလောင်း မြတ်မင်းသန့်၊ အင်ဂျင်နီယာအရာရှိလောင်း စာပေထူးချွန် ဆုရ အရာရှိလောင်း ညီညီဗိုလ်၊ လျှပ်စစ် နည်းပညာအရာရှိလောင်း စာပေထူးချွန် ဆုရ အရာရှိလောင်း ဇေယျာအောင်တို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
စစ်ရေးပြအခမ်းအနား အပြီးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးက ထူးချွန်ဆုရ အရာရှိလောင်း ခြောက်ဦးနှင့် ၎င်းတို့၏ မိဘများကို တွေ့ဆုံဂုဏ်ပြု အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ဧည့်သည်တော် များ၊ တာဝန်ရှိသူများ၊ ကျောင်းဆင်းအရာရှိ လောင်းများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
ကုန်သွယ်ရေကြောင်း အရာရှိလောင်း ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၅)၌ ရေကြောင်းအရာရှိလောင်း ၉၀၊ ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်း ၈၀၊ ရေကြောင်းလျှပ်စစ်နည်းပညာ အရာရှိ လောင်း ကိုးဦး၊ စုစုပေါင်း ၁၇၉ ဦးတို့ တက်ရောက်အောင်မြင်ခဲ့သည်။ စတင် ဖွင့်လှစ်ခဲ့သည့် ၁၉၆၃ ခုနှစ်မှ ယနေ့အထိ ရေကြောင်းအရာရှိ ၈၇၄၁၅ ဦး၊ အင်ဂျင် နီယာအရာရှိ ၂၉၁၀၇ ဦးနှင့် အခြားအဆင့် သင်တန်းသားပေါင်း ၁၅၅၅၀၆ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ယနေ့အထိ ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်သူ စုစုပေါင်း ၂၇၇၆၉၅ ဦးတို့ကို လေ့ကျင့် ပျိုးထောင်မွေးထုတ်ပေးခဲ့ပြီး ဖြစ်သည်။ သင်တန်းပြီးမြောက်ခဲ့သည့် အရာရှိလောင်း များအနက် လက်ရှိအချိန်တွင် ရေယာဉ် မှူးကြီး(Captain)အဆင့် ၆၆၀၊ ကုန်းပတ် အရာရှိချုပ် (Chief Officer) အဆင့် ၆၇၀၊ ဒုတိယတန်း ကုန်းပတ်အရာရှိ (Second Officer)အဆင့် ၆၇၇ ဦး၊ တတိယတန်း ကုန်းပတ်အရာရှိ (Third Officer) အဆင့် ၈၄၈ ဦးနှင့် အင်ဂျင်နီယာမှူးကြီး (Chief Engineer) အဆင့် ၆၄၆ ဦး၊ ဒုတိယတန်း စက်မှုလက်မှုအရာရှိ (2nd Engineer) အဆင့် ၆၅၀ နှင့် တတိယတန်း စက်မှု လက်မှုအရာရှိ (3rd Engineer) အဆင့် ၁၅၁၆ ဦးတို့သည် နိုင်ငံတကာသင်္ဘော များပေါ်တွင် အဆင့်မြင့်တာဝန်များ ထမ်းဆောင်လျက်ရှိနေကြပြီ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်