နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာကျော်ထွန်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၁၅)ကြိမ်မြောက် မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

 

နေပြည်တော် ဖေဖော်ဝါရီ  ၃


ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၁၅)ကြိမ်မြောက် မြန်မာ့ရိုးရာစုပေါင်း ထမနဲထိုးပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ကျင်းပရာ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာကျော်ထွန်း တက်ရောက်ကြည့်ရှုအားပေးသည်။ 

 


ထမနဲထိုးပြိုင်ပွဲတွင်   ရှမ်း ပြည်နယ်ဝန်ကြီးချုပ်   ဦးအောင် ဇော်အေးက  ယနေ့ကျင်းပသောစုပေါင်းထမနဲထိုးပြိုင်ပွဲကို မြန်မာ လူမျိုးတို့၏   ယဉ်ကျေးမှုအစဉ် အလာကို    ထိန်းသိမ်းခြင်းနှင့် ပြည်ထောင်စု          တိုင်းရင်းသား ညီအစ်ကို          မောင်နှမများ၏ စည်းလုံးညီညွတ်မှုအားကို ဖော် ကျူးသည့်အနေဖြင့်       လည်း ကောင်း၊ အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်များ၏ စည်းလုံး ညီညွတ်မှုအင်အားကို ဖော်ဆောင် သည့်အနေဖြင့်   လည်းကောင်း၊ ကုသိုလ်ကောင်းမှု  တစ်ရပ်အနေ ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်၊  ခရိုင်၊ မြို့နယ်အဆင့်  ဌာနဆိုင်ရာများနှင့် ပြည်သူများအားလုံး      စည်းလုံး ညီညွတ်စွာ တစ်သားတည်းရှိနေ သည့်  ပြယုဂ်တစ်ခုအနေဖြင့်လည်း ကောင်း စုပေါင်းထမနဲထိုးပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာ ကျော်ထွန်း၊  ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊        အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်          ဒုတိယတိုင်းမှူးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ထမနဲထိုးပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က        သေနတ်ပစ်ဖောက်၍ ထမနဲထိုးပြိုင်ပွဲကို စတင်သည်။ 
ယင်းနောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး           ကောင်စီဝင် ဒေါက်တာကျော်ထွန်း၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်   တာဝန်ရှိသူများ သည် ထမနဲထိုးပြိုင်ပွဲကို ကြည့်ရှု အားပေးကြသည်။

 


ဆုများပေးအပ်ချီးမြှင့်


ထို့နောက် ဆုချီးမြှင့်ပွဲ ကျင်းပ ရာ   ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်  ပြည်နယ် ဝန်ကြီးများက နှစ်သိမ့်ဆုရရှိသော အသင်းများကို    လည်းကောင်း၊  အရှေ့ပိုင်းတိုင်း   စစ်ဌာနချုပ် ဒုတိယတိုင်းမှူး   ဗိုလ်မှူးချုပ် ဝင်းဇော်မိုးက တတိယဆုရရှိသော ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနကို    လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်   ဦးအောင် ဇော်အေးက ဒုတိယဆုရရှိသော စိန်ပန်းရပ်ကွက်ကို လည်းကောင်း၊ နိုင်ငံတော်             စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒေါက်တာကျော်ထွန်း က  ပထမဆုရရှိသော  ပြည်နယ် စာရင်းစစ်ချုပ်ရုံးကို           လည်း ကောင်း  ဆုများပေးအပ်   ချီးမြှင့် ကြသည်။

 


   အဆိုပါ ထမနဲထိုးပြိုင်ပွဲတွင် တောင်ကြီးမြို့ပေါ်  ရပ်ကွက်(၂၂)ရပ်ကွက်၊ အေးသာယာ၊ ရွှေညောင်၊ ပြည်နယ်၊ ခရိုင်နှင့်   မြို့နယ် ဌာနဆိုင်ရာ ၇၇ သင်း  စုစုပေါင်း ၁၀၁   သင်း        ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

သတင်းစဉ်