
တောင်ကြီး ဖေဖော်ဝါရီ ၂
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ် (တောင် ကြီး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ ဆုနှင်းပွဲနှင့် Project Show ပြပွဲ ကို ယနေ့နံနက်ပိုင်းတွင် ကွန်ပျူ တာ တက္ကသိုလ် (တောင်ကြီး)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒေါက်တာကျော်ထွန်း တက် ရောက်၍ ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)ကို ၂၀၀၀ ပြည့်နှစ် သြဂုတ် ၁၅ ရက်တွင် အစိုးရ ကွန်ပျူတာ ကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ ၄ ရက်တွင် သင်တန်း များကို စတင်ဖွင့်လှစ်သင်ကြား ခဲ့ပါကြောင်း၊ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် တက္ကသိုလ်အဆင့် အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ရာ ယခု ဆိုလျှင် သက်တမ်း ၂၃ နှစ်ရှိပြီ ဖြစ်ပြီး ကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူတာနည်းပညာဘွဲ့၊ ဘွဲ့လွန် ကွန်ပျူတာ ဒီပလိုမာဘွဲ့နှင့် မဟာဘွဲ့ရ ကျောင်းသား ကျောင်း သူ ၁၄၁၃ ဦးကို မွေးထုတ်ပေးခဲ့ ပါကြောင်း၊ လက်ရှိ စာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၄၇၅ ဦး တက်ရောက် ပညာသင်ကြား နေကြောင်း သိရသည့်အတွက် များစွာ ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင်က ကွန်ပျူတာတက္ကသိုလ် (တောင် ကြီး) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ၊ ဆုနှင်းပွဲနှင့် Project Show ပြပွဲ အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ ထောက်ပံ့သည့် ငွေကျပ် ၁၀ သိန်းကို ပေးအပ်ရာ ကွန်ပျူတာ တက္ကသိုလ် (တောင်ကြီး) ဒုတိယ ပါမောက္ခချုပ်က လက်ခံရယူသည်။
ဆက်လက်၍ ထူးချွန် ကျောင်းသား ကျောင်းသူများကို ဆုချီးမြှင့်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်က ပထမ နှစ်သင်တန်းသို့ ဝင်ခွင့်အမှတ်စဉ် (၁)၊ (၂)၊ (၃) ဖြင့် ဝင်ခွင့်ရရှိသည့် ကျောင်းသား ကျောင်းသူများကို လည်းကောင်း၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်က ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ပထမနှစ် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို လည်းကောင်း၊ ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးများနှင့် ပြည်နယ် ဥပဒေချုပ်တို့က ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ကွန်ပျူတာသိပ္ပံ သင်တန်း၊ ဒုတိယနှစ် ကွန်ပျူတာ နည်းပညာသင်တန်း၊ တတိယနှစ် ကွန်ပျူတာသိပ္ပံ သင်တန်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ များ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင် ဖွင့်လှစ်သော ရှေးဦးသူနာပြု ကြက်ခြေနီသင်တန်းတွင် ဆုရရှိ သူများ၊ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ် ပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲတွင် ဆုရရှိသူ များကိုလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ကွန်ပျူတာ တက္ကသိုလ်(တောင်ကြီး)မှ ကျောင်း သား ကျောင်းသူများက ပအိုဝ်း တိုင်းရင်းသားရိုးရာအက၊ ရှမ်း တိုင်းရင်းသားရိုးရာအက၊ အင်း တိုင်းရင်းသားရိုးရာအက၊ ပုဂံ ရိုးရာအကတို့ဖြင့် ကပြဖျော်ဖြေ ကြသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ခန်းမ အတွင်း ခင်းကျင်းပြသထားသော Project Show ပြပွဲများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်