
စစ်တွေ ဖေဖော်ဝါရီ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဝင် ဒေါက်တာဘရွှေသည် အားကစားနှင့် လူငယ်ရေးရာဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီး များအား သွားရောက်ဖူးမြော် ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းပြီး ရခိုင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဘရွှေ နှင့်အဖွဲ့သည် နန္ဒာရာမပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ပြီး စာသင်တိုက်၏ပဓာနနာယက အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိ ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ် မြတ်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်များတွင် အမြင့်ဆုံးဖြစ်သည့် အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခြင်း ခံရသည့်အတွက် ဂုဏ်ပြုဝမ်းမြောက် စကားနှင့် လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ၏အခြေအနေ၊ ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု အခြေအနေများကို လျှောက်ထား ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် စစ်တွေမြို့ ပညာလင်္ကာရ ကျောင်းတိုက်၊ ရွှေစေတီ ကျောင်းတိုက်များသို့ သွားရောက်ကာ ဆရာတော်ကြီး များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ရခိုင်ပြည်နယ် အတွင်းဖြစ်ပေါ်နေသည့် အခြေ အနေများကို လျှောက်ထားကြ သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဧည့်ရိပ်သာ၌ ရခိုင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းများ မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ သည်။
တွေ့ဆုံစဉ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာ ဘရွှေက ဒေသဖွံ့ဖြိုးတိုးတက်ရန် အတွက် တည်ငြိမ်အေးချမ်းရန် လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းများကိုဆောင်ရွက်နိုင်ရန် အမြဲတံခါးဖွင့် ထားလျက်ရှိကြောင်း၊ နိုင်ငံရေး နည်းကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် ကြေညာထားပြီး ဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်သူများ ဒုက္ခရောက်လျက်ရှိနေကြကြောင်း၊ မိမိတို့အနေဖြင့် ပဋိပက္ခများ ချုပ်ငြိမ်းနိုင်ရန်အတွက် တွေ့ဆုံသင့်၊ တွေ့ဆုံထိုက်သူများကို တွေ့ဆုံ လျက်ရှိကြောင်း၊ ယခုတက်ရောက် လာကြသော တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုအသင်းများမှ ကိုယ်စားလှယ်များကလည်း မိမိ တို့အတွေ့အကြုံကို ရှင်းလင်း တင်ပြပေးကြ စေလိုကြောင်း၊ ပြည်သူများ၏ သဘောထားများ ကိုသိရှိမှ နိုင်ငံတော်အကြီးအကဲ က အဆုံးအဖြတ်ပေးနိုင်မည်ဖြစ် ကြောင်း၊ တိုင်းရင်းသားညီအစ်ကို များ၏ တင်ပြချက်များကို နိုင်ငံ တော်အကြီးအကဲထံ တင်ပြသွား မည်ဖြစ်သည့်အတွက် ပွင့်ပွင့် လင်းလင်း ဆွေးနွေးတင်ပြကြစေ လိုကြောင်း၊ လက်ရှိဖြစ်ပေါ်နေ သော ပဋိပက္ခများအခြေအနေ အပေါ်တွင် မိမိ၏အမြင်ကို ဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းများ မှ ကိုယ်စားလှယ်များက လက်နက် ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသော မြို့နယ်များတွင် ဖြစ်ပေါ်နေသော ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်ကဏ္ဍများတွင် ဖြစ်ပေါ်နေ သောအခက်အခဲများနှင့် ကုန်ဈေး နှုန်းကြီးမြင့်မှုကြောင့် ဒေသခံ ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြ ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက တိုင်းရင်း သားမျိုးနွယ်စုများ မိမိတို့နေထိုင် ရာနေရာ၊ ကျေးရွာများတွင် အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေးအတွက် မိမိတို့ အဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားမှုအရ စက်သုံးဆီနှင့် စားရေရိက္ခာများကို ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင်ပေးလျက် ရှိမှု၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ပုံမှန်ကျောင်း တက်ရောက်နိုင်ရန်အတွက် စီစဉ် ဆောင်ရွက်ပေးနေမှု၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်နေမှု၊ တိုင်းရင်းသားများ၏ လှုပ်ရှား ဆောင်ရွက်မှု၊ ရိုးရာဓလေ့၊ အထိမ်း အမှတ်ပွဲများအတွက် ကူညီဆောင် ရွက်ပေးနေမှုများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက တိုင်းရင်းသားများ၏ အခွင့်အရေး များခံစားခွင့်ရရှိနိုင်ရေးနှင့် ငြိမ်းချမ်း ရေး ပြန်လည်ရရှိနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က တိုင်းရင်းသားများ၏ အခွင့် အရေးများကို ဆောင်ရွက်နိုင်ရန် အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများကို တာဝန် ပေးအပ်ဆောင်ရွက်နေမှု၊ တိုင်းရင်း သားမျိုးနွယ်စုများအတွက် ကူညီ ဆောင်ရွက်ပေးနေမှုနှင့် ငြိမ်းချမ်း ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု များကို လည်းကောင်း ရှင်းလင်း ဆွေးနွေးပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာ ဘရွှေက တင်ပြချက်များကို နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီသို့တင်ပြကာ ပဋိပက္ခများချုပ်ငြိမ်းနိုင်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)