
နေပြည်တော် ဒီဇင်ဘာ ၂၈
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ U -25 (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါဗိုလ်လုပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကျင်းပပုံများကို ယင်းနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV – HD ၊ MRTV Sports Channel ၊ MWD HD Channel ၊ MWD Variety HD Channel ၊ MRTV Web & App နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။
သတင်းစဉ်