
နေပြည်တော် ဒီဇင်ဘာ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ U-25(အမျိုးသား) ဘောလုံး ပြိုင်ပွဲနှင့် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၊ (၃)နှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) တို့တွင် ယနေ့နံနက်ပိုင်းက ဆက်လက်ကျင်းပကြောင်း သိရ သည်။
ယနေ့နံနက်ပိုင်း ဘောလုံး ပြိုင်ပွဲတွင် ပထမအဆင့်အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့်လည်းကောင်း၊ မွန်းလွဲ ၃ နာရီ တွင် လေ့ကျင့်ရေးကွင်းအမှတ် (၁) ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို ငါးဂိုး - ဂိုးမရှိဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို သုံးဂိုး - တစ်ဂိုးဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိသည်။
ဆက်လက်ယှဉ်ပြိုင်မည်
ဝန်ကြီးဌာနပေါင်းစုံ U-25 (အမျိုးသား) ဘောလုံး ပြိုင်ပွဲ ပထမအဆင့် အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် ဒီဇင်ဘာ ၁၈ ရက် နံနက် ၇ နာရီခွဲတွင် လေ့ကျင့် ရေးကွင်းအမှတ် (၃) ၌ နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအသင်း၊ မွန်းလွဲ ၃ နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်း၊ လေ့ကျင့်ရေး ကွင်း အမှတ်(၃)၌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။
ဘော်လီဘောပြိုင်ပွဲ
ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို သုံးပွဲ-တစ်ပွဲ ဖြင့်လည်းကောင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို သုံးပွဲ- တစ်ပွဲဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အသင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ နယ်စပ် ရေးရာဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို သုံးပွဲ ပြတ်ဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းက ဆောက်လုပ် ရေးဝန်ကြီးဌာနအသင်းကို သုံးပွဲ - တစ်ပွဲဖြင့်လည်း ကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။
အခမဲ့ကြည့်နိုင်
ဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဘော်လီဘော(အမျိုး သမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကျန်းမာရေးဝန်ကြီးဌာန အသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်း၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာနအသင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်း နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူ မဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
အားကာမောင်