
နေပြည်တော် ဖေဖော်ဝါရီ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းပါ အချက်အလက်များကို ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိများအား ထပ်ဆင့် ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေ အရာရှိများက Online စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်