
နေပြည်တော် မတ် ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖေဖော်ဝါရီလအတွင်း ပြောကြားခဲ့သည့် မိန့်ခွန်းများကို စုစည်း၍ စာအုပ်ထုတ်ဝေလိုက်ပြီဖြစ်သည်။
အဆိုပါ စာအုပ်တွင် -
“နိုင်ငံတော်ကို ခေတ္တထိန်းသိမ်း ပေးထားတဲ့ ကာလအတွင်းမှာ နိုင်ငံခြားရေးမူဝါဒ၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ မူဝါဒ၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ မူဝါဒများ လုံးဝပြောင်းလဲ သွားမှာ မဟုတ်ပါဘူး။ လက်ရှိသွားနေ တဲ့ နိုင်ငံရေး လမ်းစဉ်အတိုင်း ဆက် လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
(နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၈-၂-၂၀၂၁ ရက်နေ့က နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြား သည့် မိန့်ခွန်း) နှင့်
“နိုင်ငံ့ဝန်ထမ်းများဟာ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို တိုက်ရိုက်သယ်ပိုးခွင့် ရရှိသူများလည်း ဖြစ်ပါတယ်။ နိုင်ငံတော် ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရား စီရင်ရေးကဏ္ဍများ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့အတွက် အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ပြည်သူ့ ကောင်းကျိုးကို လုပ်ဆောင်နေကြရတဲ့ ဂုဏ်ယူစရာကောင်းသူများ ဖြစ်ကြ ပါတယ်”
(နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၂-၂-၂၀၂၁ ရက်နေ့က နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြား သည့် မိန့်ခွန်း)များ ပါဝင်ပါသည်။
အဆိုပါ မိန့်ခွန်းစာအုပ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းနှင့် အမှာစကား များ၊ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာများ စုစုပေါင်း (၂၁)ပုဒ် ကို စုစည်းဖော်ပြပေးထားပါသည်။
ယင်းစာအုပ်အား အမြို့မြို့အနယ်နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးများနှင့် ရန်ကုန်မြို့ရှိ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း စာအုပ်အရောင်းဆိုင်တို့တွင် တစ်အုပ်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဝယ်ယူရရှိနိုင်သည်။