နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများနှင့် ဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
တပ်မတော်နည်းပညာတက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများ နှင့် ဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြား

 

နေပြည်တော်    မေ    ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်နည်းပညာ တက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိ ကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများ နှင့်   ဗိုလ်လောင်းများအား  တပ်မတော်နည်းပညာ တက္ကသိုလ်   ဘွဲ့နှင်းသဘင်ခန်းမ၌    တွေ့ဆုံအမှာ စကားပြောကြားသည်။ 
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ် ကြီး ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊  အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများ၊   ကထိကအရာရှိကြီးများ၊ ဆရာကြီး၊   ဆရာမကြီးများ၊   သန္ဓေအရာရှိများနှင့် ဗိုလ်လောင်းများ တက်ရောက်ကြသည်။ 
တပ်မတော်သားပီသအောင် နေထိုင်ကျင့်ကြံဆောင်ရွက်ရမည်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က   အမှာစကား ပြောကြားရာတွင် တပ်မတော်နည်းပညာတက္ကသိုလ် အနေဖြင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သည့် အင်ဂျင်နီယာအရာရှိများကို မွေးထုတ် ပေးနေသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ အင်ဂျင် နီယာပညာရပ်များကိုအပြင် စစ်အခြေခံပညာရပ်များ ကိုလည်း သင်ကြားပေးလျက်ရှိကြောင်း၊ တပ်မတော် သားများအားလုံးအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင် ရသည့် တပ်ဖွဲ့အမျိုးအစားအလိုက် ကွဲပြားခြားနားမှု ရှိသော်လည်း  နိုင်ငံတော်ကာကွယ်ရေးနှင့်  လုံခြုံရေး တာဝန်များကို မိမိတို့ကို ပေးအပ်ထားသည့် တာဝန် များအလိုက်    ထမ်းဆောင်နေခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်သားတစ်ဦး      ဖြစ်လာသည့်အခါတွင် တပ်မတော်သား      ပီသအောင်      နေထိုင်ကျင့်ကြံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   တပ်မတော်သည် စည်းကမ်းနှင့်အညီ  ဆောင်ရွက်သည့်  အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ထုတ်ပြန်ထားသည့်အမိန့်များ၊ ညွှန်ကြား ချက်များနှင့်အညီ  တာဝန်ထမ်းဆောင်ကြခြင်းဖြစ် ကြောင်း၊   တပ်ရင်း၊  တပ်ဖွဲ့၊   ဌာနချုပ်များအလိုက်    တာဝန်ထမ်းဆောင်မှုများ ဆောင်ရွက်ရာတွင် ကွဲပြား ခြားနားမှုမရှိဘဲ    ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်    တပ်မတော်မှ    ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို  အလေးထားလိုက်နာ တပ်မတော်သားကောင်းပီသအောင် နေထိုင်ကျင့်ကြံ ဆောင်ရွက်သွားရန်လိုကြောင်း။
အင်ဂျင်နီယာပညာရှင်ကောင်း တစ်ယောက်သာမက 
တပ်မတော်သားကောင်း တစ်ယောက်ဖြစ်လာ 
စေရေး စဉ်ဆက်မပြတ်ကြိုးစားအားထုတ်ရမည်
အင်ဂျင်နီယာကောင်းတစ်ယောက်သည် အင်ဂျင် နီယာပညာဒဿန (Engineering Philosophy)ရှိရန် လိုပြီး Engineering Philosophy သည် အင်ဂျင်နီယာ နည်းပညာဖြင့်  သော်လည်းကောင်း၊  အင်ဂျင်နီယာ များမှ သော်လည်းကောင်း လူ့အဖွဲ့အစည်းတစ်ရပ် အတွက် ၎င်းတို့၏ပညာရပ်များကို မည်ကဲ့သို့အကျိုး ရှိရှိ အသုံးပြုရမည်ဟူသည့် စည်းမျဉ်းကို ရည်မှန်း၍ ရေးဆွဲသတ်မှတ်ထားသည့် အယူအဆတစ်ရပ်ပင်ဖြစ် ကြောင်း၊ တစ်နည်းအားဖြင့် မိမိဆောင်ရွက်ရမည့်လုပ်ငန်းများကို အင်ဂျင်နီယာရှုထောင့်မှ မည်ကဲ့သို့ ကောင်းမွန်အောင်     ဆောင်ရွက်မည်ကို    စဉ်းစား တွေးခေါ်ဆောင်ရွက်ရန်လိုပြီး Engineering Philo-sophy ရှိရန်အတွက် ပညာရပ်နှင့် သက်ဆိုင်သည်များ ကို အမြဲမပြတ်လေ့လာရန်လိုကြောင်း၊ အင်ဂျင်နီယာ ပညာရပ်တွင် ပညာရပ်မျိုးစုံရှိသော်လည်း အခြေခံ အားဖြင့်     တူညီမှုများရှိကြောင်း၊     နည်းပညာနှင့် ပတ်သက်၍ တာဝန်ထမ်းဆောင်နေသူတစ်ဦးအနေ ဖြင့် အခြေခံမှစ၍ ဘာသာရပ်များအလိုက် ကျွမ်းကျင် တတ်မြောက်နေရန်လိုကြောင်း၊      တပ်မတော်မှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် သင်တန်းကျောင်း များ၊      တက္ကသိုလ်များအားလုံးတွင်     နည်းပြနှင့် သင်တန်းသားအချိုးကို တွက်ချက်၍ သင်ကြားပေး လျက်ရှိပြီး  တပ်မတော်နည်းပညာတက္ကသိုလ်တွင်လည်း  အဓိကကျသည့်   ဘာသာရပ်များကို   ထိထိ ရောက်ရောက်  သင်ကြားနိုင်ရန်အတွက်  နည်းပြနှင့် သင်တန်းသားအချိုးကို စနစ်တကျခွဲဝေပေးထားပြီး ဖြစ်သဖြင့်   ထူးချွန်ပြီး   လက်တွေ့လုပ်ငန်းခွင်တွင် အသုံးဝင်သည့် အရာရှိကောင်းများဖြစ်လာစေရေး ကြိုးစားအားထုတ်ကြရန်လိုကြောင်း။
သင်တန်းသားများအနေဖြင့် ထူးချွန်ထက်မြက် သည့်     သင်တန်းဆင်းအရာရှိများဖြစ်လာစေရေး သင်တန်းတက်ရောက်စဉ်ကာလပတ်လုံး စဉ်ဆက် မပြတ်သည့် ကြိုးစားအားထုတ်မှုရှိရန် လိုအပ်မည် ဖြစ်ကြောင်း၊  အလားတူ  အခြေခံလေ့ကျင့်ရေးများ ဆောင်ရွက်ရာတွင် လေ့ကျင့်သားပြည့်ဝရန်အတွက် စနစ်တကျ လေ့ကျင့်ဆောင်ရွက်ရန်လိုကြောင်း၊ စစ်သားကောင်းတစ်ယောက် ဖြစ်လာစေရေးအတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းရန်၊ ကျန်းမာကြံ့ခိုင်မှု ရှိရန်    လိုအပ်မည်ဖြစ်ကြောင်း၊    “ချွေးထွက်များမှ သွေးထွက်နည်းမည်”  ဟူသည့်   ဆောင်ပုဒ်နှင့်အညီ တစ်ဦးချင်း နေ့စဉ်လုပ်ဆောင်နေရသည့် တာဝန်များ ကို မှန်မှန်ကန်ကန်လုပ်ဆောင်လိုက်နာ၍ လေ့ကျင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အထွေထွေဗဟု သုတများ ပြည့်စုံစေရေးအတွက်လည်း စာအုပ်စာပေ များကို အမြဲဖတ်ရှုလေ့လာနေရန်လိုကြောင်း။
အခြေခံအလေ့အကျင့်ကောင်းများကို 
ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ရန်လို 
သင်တန်းသားများအနေဖြင့်          မည်သူတစ်ဦး တစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ တပ်မတော် အတွင်းသို့       မိမိတို့      သဘောဆန္ဒအလျောက် ဝင်ရောက်လာကြသူများဖြစ်သည်နှင့်အညီ မိမိကိုယ် ကို အားကိုးသည့်စိတ်ဖြင့် နေထိုင်ကျင့်ကြံဆောင်ရွက် ကြရန်လိုကြောင်း၊    မိမိကိုယ်ကို   ရပ်တည်နိုင်ရန် အတွက်    ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်းသားဘဝတွင်      စတင်ခဲ့သည့်     အခြေခံ စိတ်ဓာတ်သည် အရေးကြီးကြောင်း၊ အရာရှိကောင်း များဖြစ်လာစေရေးအတွက်   မိမိကိုယ်ကို   ယုံကြည် အားကိုးသည့်စိတ်ဓာတ်၊     ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်သည့်ဘဝကို ပိုင်ဆိုင်လိုသည့် စိတ်ဓာတ် များ ရှိရမည်ဖြစ်ကြောင်း၊ ယင်းအခြေခံစိတ်ဓာတ်များ ကို ယခုသင်တန်းသားဗိုလ်လောင်းဘဝကတည်းက မွေးမြူသွားရန်လိုကြောင်း၊ သင်တန်းကာလ ခြောက်နှစ် တာကာလအတွင်း     အင်ဂျင်နီယာပညာရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာပညာရပ်များကို သင်ယူရသည် ဖြစ်သကဲ့သို့ စည်းကမ်းစနစ်တကျဖြင့် နေထိုင်တတ် သည့်၊ ကိုယ့်အားကိုယ်ကိုးတတ်သည့်၊ အဖွဲ့အစည်းနှင့်    စည်းလုံးညီညွတ်စွာ ဆောင်ရွက်တတ်သည့် အခြေခံ အလေ့အကျင့်ကောင်းများကိုလည်း     ဆက်လက် ထိန်းသိမ်းမွေးမြူသွားရန်လိုကြောင်း၊ လေ့လာမှုနှင့် ပတ်သက်၍   စာပေပညာရပ်များ  သင်ယူခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့       ပြင်ပဗဟုသုတ အသိပညာများကို  မြှင့်တင်နိုင်သည့်  စာအုပ်စာပေ များကိုလည်း လေ့လာဖတ်ရှုနေရန်လိုကြောင်း။
စာဖတ်ခြင်းဖြင့်      အသိပညာဗဟုသုတများ တိုးပွားလာမည်ဖြစ်ကြောင်း၊   ထိုသို့   အသိပညာ ဗဟုသုတများ   ကြွယ်ဝလာခြင်းဖြင့်   ဘဝအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်            ဖြစ်ကြောင်း၊ထို့အပြင်  မိမိတို့ ဖတ်ရှုသိရှိထားသည့်  အသိပညာ ဗဟုသုတများကို      လူအများသိရှိစေရေးအတွက် ပြန်လည်ဟောပြောပေးခြင်း၊ ဆွေးနွေးပေးခြင်းများ ဆောင်ရွက်မှသာလျှင် ပညာပြန့်ပွားမှုအကျိုးကို ရရှိ နိုင်မည်ဖြစ်ကြောင်း၊ မြန်မာစကားပုံတွင်   “ရေအသက်   တစ်မနက်၊ ထမင်းအသက်ခုနစ်ရက်” ဟူ၍ရှိကြောင်း၊ အလားတူ စာပေအသိပညာမရှိပါက တစ်သက်လုံး အခက်အခဲအကျပ်အတည်းများနှင့်    ကြုံတွေ့ရနိုင် ကြောင်း၊  ထို့ကြောင့်  “ပညာအသက်သည်  ဘဝ တစ်သက်” ဖြစ်ကြောင်း၊ သင်တန်းသားများ၊ နည်းပြ များအနေဖြင့်လည်း  မိမိတို့ဘဝတိုးတက်ရေးအတွက်  များစွာအထောက်အကူဖြစ်စေနိုင်သည့် စာပေဖတ်မှတ် လေ့လာခြင်းအလေ့အကျင့်ကို      စဉ်ဆက်မပြတ် ကျင့်ကြံသွားရန် အလေးထားမှာကြားလိုကြောင်း။
သင်ယူခဲ့ရသည့် ပညာရပ်များကိုအသုံးချ၍ 
လက်တွေ့နယ်ပယ်တွင် ကြုံတွေ့လာရသည့် 
အခက်အခဲများကို အောင်မြင်စွာကျော်ဖြတ်နိုင်သည့် 
အရာရှိကောင်းများဖြစ်လာစေရေး
နည်းပြများနှင့်ပတ်သက်၍      မိမိတို့     ဖြန့်ဝေ သင်ကြားပေးရမည့် ပညာရပ်များအား သင်တန်းသား များမှ အမှန်တကယ်တတ်မြောက်အောင် သင်ကြား လေ့ကျင့်ပေးရန်လိုကြောင်း၊  မိမိတို့  သင်ကြားခဲ့ရ သည့် စာပေအသိပညာဗဟုသုတများကို သင်ကြား ပေးရမည်ဖြစ်သကဲ့သို့ တွေ့ကြုံဖြတ်သန်းခဲ့ရသည့် ဘဝအတွေ့အကြုံများကိုလည်း      မျှဝေပေးရန်လို ကြောင်း၊    စာပေပညာနှင့်    အတွေ့အကြုံမှရသည့် ပညာရပ်များကို ပေါင်းစပ်သင်ကြားပေးမည်ဆိုပါက မိမိသင်ကြားမွေးထုတ်ပေးလိုက်သည့် သင်တန်းသား များသည် ပိုမိုထူးချွန်လာမည်ဖြစ်ကြောင်း၊ နည်းပြ များအနေဖြင့် သင်ကြားမှုများ ဆောင်ရွက်ရာတွင် စာအုပ်အတိုင်း သင်ကြားပေးသည်ထက် သင်တန်း သားများကို အမှန်တကယ် တတ်စေ၊ သိစေချင်သည့် စေတနာဖြင့်     သင်ကြားပေးမည်ဆိုပါက    မိမိတို့ သင်ကြားပေးလိုက်သည့် သင်တန်းသားများအနေဖြင့် ပိုမိုတတ်ကျွမ်းလာမည်ဖြစ်ပြီး ဘဝတစ်လျှောက်လုံး အမှတ်ရနေမည်ဖြစ်ကြောင်း၊     သင်တန်းသားများ အနေဖြင့်လည်း  မိမိတို့ထက်  အတွေ့အကြုံရှိသည့် နည်းပြများ၊  စီနီယာများ၏  သွန်သင်ဆုံးမမှုများကို စိတ်ပါဝင်စားစွာဖြင့် နာယူ၍ လိုက်ပါဆောင်ရွက်မည် ဆိုပါက ဘဝတိုးတက်မှုအတွက် အထောက်အကူပြု စေမည်ဖြစ်ကြောင်း၊     သင်ကြားပေးသည့်     ဆရာ ဆရာမများ၏ သင်ကြားပေးမှုများကို စနစ်တကျဖြင့် သင်ယူကြရန်လိုပြီး      လေ့ကျင့်ရေးပိုင်းတွင်လည်း  စစ်စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊  မိမိတာဝန်ကျ သည့်တပ်ရင်း၊      တပ်ဖွဲ့များအလိုက်     စိတ်ဓာတ် စည်းကမ်းကောင်းမွန်စွာဖြင့် တာဝန်ထမ်းဆောင်နိုင် ရန်အတွက်   သင်တန်းသားများ၏    စိတ်ဓာတ်များ ကောင်းမွန်စေရေး  နည်းပြများအနေဖြင့်  လေ့ကျင့် သားပြည့်ဝအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက်     ဘာသာရပ်များကို စနစ်တကျ သင်ကြား လေ့ကျင့်ပေးလိုက်မှသာလျှင် လက်တွေ့နယ်ပယ်၌ ကောင်းမွန်စွာ အသုံးချနိုင်မည် ဖြစ်ပြီး     ကြုံတွေ့လာရသည့်    အခက်အခဲများကို အောင်မြင်စွာဖြတ်သန်းနိုင်သည့် အရာရှိကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း။
ခေါင်းဆောင်မှု
တပ်မတော်တွင် ခေါင်းဆောင်မှုပညာရပ်သည် အလွန်အရေးကြီးပြီး အမိန့်နာခံတတ်မှု၊ စစ်စည်းကမ်း ကောင်းမွန်မှုတို့ ပြည့်စုံသည့် နောက်လိုက်ကောင်း ဖြစ်ခဲ့မှသာလျှင် ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိချိန် ၌လည်း ပြည့်စုံကောင်းမွန်သည့် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊     ခေါင်းဆောင်မှုတွင် တစ်ဦးနှင့်တစ်ဦး    တူညီမှုမရှိဘဲ    ခေါင်းဆောင်မှု  ကောင်းမွန်ရန်အတွက်     မိမိကိုယ်တိုင်   လေ့ကျင့် ဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်းကာလအတွင်း လေ့ကျင့်ဆောင်ရွက်သွားမည်ဆိုပါက     စစ်ဘက် ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊အင်ဂျင်နီယာပညာရှင်ကောင်းများ ဖြစ်ရန်အတွက် လည်း သက်ဆိုင်ရာပညာရပ်များအလိုက် စနစ်တကျ လေ့ကျင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့ကိုယ်ကို စနစ်တကျလေ့ကျင့်ဆောင်ရွက်သွား ရန်နှင့် နည်းပြနှင့် ဆရာ ဆရာမများအနေဖြင့်လည်း သင်တန်းသားများကို       စနစ်တကျ     လေ့ကျင့် ဆောင်ရွက်ပေးသွားရန်လိုကြောင်း။
အရည်အချင်းပြည့်ဝသည့်   တပ်မတော်အရာရှိ ကောင်းများ   မွေးထုတ်ပေးနိုင်ရန်အတွက်   စတင် ရွေးချယ်စဉ်ကပင် သတ်မှတ်ချက်များနှင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊   တပ်မတော်တည်ဆောက်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးတို့အတွက်       မိမိတို့ အနေဖြင့် ဆောင်ရွက်ရန် များစွာရှိနေသေးကြောင်း၊ တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်အညီ တိုးတက် စေရေးအတွက် အမြဲကြိုးပမ်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ လုပ်သင့်လုပ်ထိုက်သည်များကို အမြဲ မပြတ်    ဆောင်ရွက်ခြင်းသည်   အကောင်းဆုံးပင် ဖြစ်ကြောင်း၊   ထို့ကြောင့်     မိမိတို့လုပ်ရန်ရှိသည့် အလုပ်များကို အောင်မြင်အောင် အမြဲမပြတ်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်  အဖွဲ့ဝင် များသည် ပြင်ဦးလွင်မြို့ရှိ  မဟာရွှေမြင်တင်စေတီ တော်ကြီးသို့  သွားရောက်ဖူးမြော်ကြည်ညိုသည်။ ဦးစွာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စေတီတော် မြတ်ကြီးရှိ  ဗုဒ္ဓရုပ်ပွားတော်မြတ်အား  ပန်း၊  ဆီမီး များ ကပ်လှူပူဇော်သည်။ 
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီ တော်မြတ်ကြီးအတွက်     ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ  ဂေါပကအဖွဲ့ဥက္ကဋ္ဌက  လက်ခံ ရယူသည်။  ဆက်လက်၍  စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို၍ စေတီ တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ် သည့်   ပြုပြင်ထိန်းသိမ်းမှုများကို   စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်မှာကြားပြီး စေတီတော်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက်   လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ      တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြတ်စွာဘုရားရှင်၏  ပါဒခြေတော်ရာဆောင်ရှိ   ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား   ဖူးမြော်ကြည်ညို၍   ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး ပါဒခြေတော် ရာအား    ဖူးမြော်ကြည်ညိုခဲ့ကြောင်း    သတင်းရရှိ သည်။
သတင်းစဉ်