နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၇၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား သွားရောက်တွေ့ဆုံ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် 
ဇနီး ဒေါ်ကြူကြူလှ  (၇၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် 
အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား သွားရောက်တွေ့ဆုံ ဂါရဝပြုနှုတ်ဆက်

 

နေပြည်တော်   မတ်   ၂၆


၂၀၂၄ ခုနှစ်၊  မတ်လ ၂၇ ရက်နေ့တွင်   ကျင်းပပြုလုပ် မည့်   (၇၉) နှစ်မြောက်   တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတက်ရောက်ရန်       နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌  ခေတ္တတည်းခိုနေထိုင်လျက်ရှိ သည့်   တပ်မတော်တွင်  တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့်  ဇနီးများ အား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ တို့က သွားရောက်၍ တွေ့ဆုံဂါရဝပြုနှုတ်ဆက်သည်။


 လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်းပေး


ထိုသို့ တွေ့ဆုံဂါရဝပြုနှုတ်ဆက်ရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်  ဇနီးတို့သည်  အငြိမ်းစားတပ်မတော် အရာရှိကြီးများနှင့် ဇနီးများအား တစ်ဦးချင်းလိုက်လံ ဂါရဝပြုနှုတ်ဆက်ခဲ့ပြီး  ကျန်းမာရေး၊  လူမှုရေးဆိုင်ရာ လိုအပ်ချက်များကို    မေးမြန်း၍   လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ဩဝါဒစကားများပြန်လည်ပြောကြား


တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ      တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်၏ အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှု        အခြေအနေများ၊ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်များအနက်   ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူ သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  တည်ထား ကိုးကွယ်ခဲ့မှုနှင့်   မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီး တည်ဆောက်ခဲ့မှုအခြေအနေများ၊        နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက်  တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊     ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်  အရန်တပ်ဖွဲ့ဥပဒေအတည်ပြု ပြဋ္ဌာန်းခဲ့မှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်    နိုင်ငံတော်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊   ဘာသာသာသနာနှင့်   ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ရာ     အငြိမ်းစားတပ်မတော် အရာရှိကြီးများက   ယခုကဲ့သို့    တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့        တက်ရောက်ရသည့် အတွက်  ဂုဏ်ယူဝမ်းမြောက်သည့်အခြေအနေများ၊ နိုင်ငံ့တာဝန်များကို  ဘက်ပေါင်းစုံမှ လစ်ဟင်းမှုမရှိ စေရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို  အားပေး အသိအမှတ်ပြုသည့်  အခြေအနေများနှင့်   အခြား ဩဝါဒစကားများကို  ပြန်လည်ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။                   

သတင်းစဉ်