နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြား

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည်  ယနေ့နံနက်ပိုင်းတွင်  နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ  နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားသည်။     


အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ         နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်      ကာကွယ်ရေးဦးစီးချုပ်    (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး  (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)   မှ    အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကျောင်းအုပ်ကြီး၊    နည်းပြအရာရှိကြီး များနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက် ကြသည်။


အလေးအနက်ထား၍ဆောင်ရွက်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က    နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်    တက်ရောက်ရန်အတွက် သင်တန်းသားများ     ရွေးချယ်ရာတွင်      ယခင်က တပ်မတော်အရာရှိကြီးများကိုသာ ရွေးချယ်ခဲ့သော် လည်း   ယခုအချိန်တွင်    အရပ်ဘက်နိုင်ငံ့ဝန်ထမ်း  အရာရှိကြီးများကိုလည်း တက်ရောက်စေခဲ့ကြောင်း၊  လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး စသည့် အမြင် ၄ မြင် ဖြင့် ပြည့်စုံစွာထည့်သွင်းစဉ်းစား တွက်ချက်ဆောင် ရွက်နိုင်ခြင်းမရှိပါက နိုင်ငံတော်အတွက် လိုအပ်ချက် များ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း  အကြီးအကဲများသည် တာဝန်ထမ်းဆောင်ရာတွင် အထက်ပါ အမြင် ၄ မြင်ဖြင့် စဉ်းစားဆောင်ရွက် တတ်ရန်လိုကြောင်း၊  သင်တန်းသားများအနေဖြင့် အချင်းချင်း ဆွေးနွေးခြင်း၊ ဖတ်ရှုလေ့လာခြင်း တို့ကို တစ်နှစ်တာကာလအတွင်း ဆွေးနွေးလေ့ကျင့်ပေး ခြင်းဖြစ်သဖြင့် တန်ဖိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပြီး  နိုင်ငံတော်အတွက် အကျိုးပြုနိုင်သည့် အရာရှိကြီး များဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း၊ သင်တန်း သားများအနေဖြင့် မိမိတို့တွေ့ရှိချက်များကို မိမိဘဝ အတွက်၊   နိုင်ငံ့အတွက်   အထောက်အကူရအောင် အလေးအနက်ထား၍ ဆောင်ရွက်ကြရန်လိုကြောင်း။


နိုင်ငံ့အကျိုးအတွက်ဆောင်ရွက်


နိုင်ငံရေးအပိုင်းနှင့်  ပတ်သက်၍  မိမိတို့နိုင်ငံ၏သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံ သည် အချုပ်အခြာအာဏာပိုင် တည်တံ့ခိုင်မြဲသည့်  ရေမြေပိုင်နက်   နယ်နိမိတ်နှင့်   ခိုင်မာသည့်သမိုင်း ကြောင်းရှိသည့်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတော်အနေ ဖြင့်  ခေတ်အလိုက်  တိုးတက်မှုများရှိခဲ့သော်လည်း  ခေတ်ပြိုင်နိုင်ငံများဖြစ်သည့်    အခြားနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံအချို့တို့၏နောက်တွင် တဖြည်းဖြည်း ကျန်ခဲ့သည်ကို    တွေ့မြင်ရကြောင်း၊    ပညာရေးနှင့် ပတ်သက်၍    အားနည်းချက်များရှိခဲ့ပြီး    အတွက် အချက် ပညာရပ်နှင့် စက်မှုပညာရပ်တို့တွင် အခြား နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်မှုမရှိခဲ့ဘဲ နောက်တွင်  ကျန်နေခဲ့ကြောင်း၊      ယင်းအချက်အလက်များကို အခြေခံ၍  သင်ခန်းစာဖော်ထုတ်ကာ  နိုင်ငံ့အကျိုး အတွက်   ဆောင်ရွက်ကြရန်လိုကြောင်းဖြင့်   ဦးစွာ ပြောကြားသည်။


အကျယ်တဝင့် ဆွေးနွေးပြောကြား


ထို့နောက်     ကိုလိုနီနယ်ချဲ့နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံ၏ သယံဇာတရင်းမြစ်များကို ရယူလိုမှု ဖြင့်   နယ်ချဲ့ခဲ့မှုနှင့်  လွတ်လပ်ရေးပြန်လည်ရရှိရန်  အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု  အခြေအနေများ၊  လွတ်လပ်ရေးမရမီကာလနှင့်      လွတ်လပ်ရေးရပြီး ကာလတွင် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့၏  အားပြိုင်ခဲ့မှုအခြေအနေများ၊ ကိုလိုနီအစိုးရ၏ သွေးခွဲ အုပ်ချုပ်မှုနှင့် နိုင်ငံရေးအရ အယူဝါဒကွဲပြားမှုများ ကြောင့် ဖြစ်ပေါ်လာသည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ၊ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလ များ၌    လက်နက်ကိုင်ပဋိပက္ခများနှင့်  စီးပွားရေး အယူဝါဒကွဲပြားခဲ့မှု  အခြေအနေများ၊  ဆိုရှယ်လစ်  စနစ်၌ စီမံခန့်ခွဲမှုအားနည်းချက်တို့ကြောင့် စီးပွားရေး  ကျဆင်းခဲ့ကာ     အရေးအခင်းများ       ဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏အခြေအနေ ယိမ်းယိုင်လာခဲ့ကာ အချုပ် အခြာအာဏာ   ပြိုကွဲမည့်အခြေအနေနှင့်    ရင်ဆိုင် လာခဲ့ရသဖြင့်  ၁၉၈၈  ခုနှစ် စက်တင်ဘာလတွင် တည်ဆဲအစိုးရ၏    လုပ်ငန်းများ    ရပ်တန့်ခဲ့ရသော ကြောင့် တပ်မတော်က ဝင်ရောက်ထိန်းသိမ်း တာဝန်ယူ ဆောင်ရွက်ခဲ့ရသည့် အခြေအနေများ၊ နောက်ပိုင်း  တွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီ စနစ်သွားနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့သည့်အခြေ အနေများ၊    ဒီမိုကရေစီစနစ်ကို  ကျင့်သုံးနိုင်ရေး အတွက်    ကိုက်ညီသည့်     ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားပြည်သူ လူထုနှင့် အလွှာပေါင်းစုံမှအစုအဖွဲ့များ ပါဝင်သော  အမျိုးသားညီလာခံ၌      အချေအတင်      ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို  ၂၀၀၈  ခုနှစ်၌  ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲဖြင့်  အတည်ပြုနိုင်ခဲ့သည့်  အခြေ အနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေကောက်ပွဲတွင်   မဲမသမာမှုများ   ဖြစ်ပွားခဲ့ချိန်၌  ဥပဒေနှင့်အညီ ဖြေရှင်းမှုများ ဆောင်ရွက်ပေးခဲ့ခြင်း မရှိခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှု အခြေ အနေများ၊        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံရေးရည်မှန်းချက် ၂ ရပ်၊ အမျိုးသားရေး ရည်မှန်းချက် ၂ ရပ် ချမှတ်၍အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော် အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာ စွာ ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် လွတ်လပ် ၍    တရားမျှတသည့်    ရွေးကောက်ပွဲကျင်းပပေး နိုင်ရေး    ကြိုတင်ပြင်ဆင်    ဆောင်ရွက်နေမှုအခြေ အနေများ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်း ချက်များနှင့်    ဦးတည်ချက်များ    ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊  ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မွေးထုတ် ပေးနိုင်ရေး  ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊  နိုင်ငံတော်အတွက်     အဓိကကျသည့်      နိုင်ငံရေး မောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ် ရေး      မောင်းနှင်အားများ       ကောင်းမွန်စေရေး ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အခြေအနေများနှင့်ပတ်သက်၍       အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်