နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်  ဇန်နဝါရီ   ၁၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ် ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည် ထိုင်းဘုရင့်ကြည်း တပ် ဦးစီးချုပ်ရုံး၊   အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်  Army Operations   Center ၊ Neighboring Countries Coordination Center(NCCC)    ဌာန၏ အကြီးအကဲဖြစ်သူ  General Kittisak Boonprathamchai  ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား   ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ  ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား   ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့်  ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်ခိုင်မာစေရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေ များ၊  တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်ခြင်း၊ ယဉ်ကျေးမှုအဖွဲ့အချင်းချင်း ထိတွေ့ဆက်ဆံခြင်းတို့ကို 
ဆောင်ရွက်လျက်ရှိသည့်  အခြေ အနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ များ၌   တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက် မှုတိုက်ဖျက်ရေး၊    သတင်းအချက် အလက်များ  ဖလှယ်ရေးတို့တွင် ဆက်လက်    ပူးပေါင်းဆောင်ရွက် သွားမည့်     အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

မှတ်တမ်းတင်ဓာတ်ပုံရိုက်

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး   ကောင်စီဥက္ကဋ္ဌ တပ်မတော်   ကာကွယ်ရေးဦးစီး ချုပ်နှင့်    ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌတို့သည်       အမှတ်တရ လက်ဆောင်ပစ္စည်းများ   အပြန် အလှန်ပေးအပ်ခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ   ရိုက်ကြ သည်။


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး   ကောင်စီဥက္ကဋ္ဌ တပ်မတော်   ကာကွယ်ရေးဦးစီး ချုပ်နှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ    ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီး များ   တက်ရောက်ကြပြီး    ထိုင်း ဘုရင့်ကြည်းတပ်    ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့    ဥက္ကဋ္ဌနှင့် အတူ   ထိုင်းဘုရင့်တပ်မတော် အရာရှိကြီးများ၊    မြန်မာနိုင်ငံ ဆိုင်ရာ    ထိုင်းဘုရင့်ကြည်းတပ် စစ်သံမှူး Senior Colonel Than-wit Yomchinda တို့ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်