
နေပြည်တော် ဇန်နဝါရီ ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee နှင့် ယနေ့ ညနေပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်တပ်မတော်မှ Air Chief Marshal Chakorn Tawanjang နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနှင့်နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားနိုင်မည့် အခြေ အနေများ၊ နယ်စပ်ကုန်သွယ်မှုများ လုံခြုံချောမွေ့ အဆင်ပြေစေရေး အတွက် နှစ်နိုင်ငံအကြား နိုင်ငံရေး အရ၊ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများ၊ မူးယစ် ဆေးဝါးတားဆီး နှိမ်နင်းရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး၊ သတင်းအချက်အလက် ဖလှယ်ရေး၊ နှစ်နိုင်ငံနယ်စပ် ဒေသများ၌ တည်ငြိမ်အေးချမ်း ရေး၊ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေး လိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ အထူးသဖြင့် နှစ်နိုင်ငံ နယ်စပ် မြဝတီမြို့အနီး၌ အွန်လိုင်း လောင်းကစားမှုနှင့် ငွေကြေး လိမ်လည်မှုများ လုပ်ဆောင်လျက် ရှိကြောင်း စုံစမ်းသိရှိရသည့်အတွက် နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက် ဆောင်ရွက်သွားရမည့် အခြေ အနေများ၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် အကူအညီပေး ရေးဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်မှုများကို နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား သာမက နှစ်နိုင်ငံ ဝန်ကြီးဌာနများ အချင်းချင်းလည်း တိုးမြှင့်ဆောင် ရွက်သွားမည့် အခြေအနေများ၊ မြန်မာ - လာအို - ထိုင်း သုံးနိုင်ငံ နယ်စပ်ဒေသများ၌ တောမီး လောင်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ ပူးပေါင်းကာကွယ် တားဆီးရေး ဆိုင်ရာများ၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော် နှစ်ရပ်အကြား နယ်ပယ်ကဏ္ဍ ပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေ များနှင့် ပတ်သက်၍ ခင်မင် ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်