နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosoboronexport ကုမ္ပဏီနှင့် OSTANKINO Tower သို့ သွားရောက်လေ့လာ

နေပြည်တော်    ဇွန်    ၂၂


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌     ရောက်ရှိ နေသည့်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ    Rosoboronexport    ကုမ္ပဏီသို့  သွားရောက်လေ့လာကြသည်။


ကြိုဆိုနှုတ်ဆက်


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး  ဦးစီးချုပ်နှင့်             အဖွဲ့ဝင်များအား Rosoboronexport ကုမ္ပဏီမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်    Mr. Alexander Shcherbinin  နှင့်    အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။      ထို့နောက် အစည်းအဝေးခန်းမတွင်   လက်ထောက် ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Andrew   CHEKMAREW    နှင့်     တာဝန်ရှိသူများက စစ်ဘက်နည်းပညာဆိုင်ရာ   ပူးပေါင်း ဆောင်ရွက်နိုင်မည့်          ကိစ္စရပ်များကို  Power Point Presentation များဖြင့် ရှင်းလင်းတင်ပြရာ  ရှင်းလင်းတင်ပြမှုများ အပေါ်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သိရှိလိုသည် များအား      ပြန်လည်မေးမြန်း   ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်  အဖွဲ့ဝင်များသည်    ရုရှား ဖက်ဒရေးရှင်းနိုင်ငံ       မော်စကိုမြို့ရှိ OSTANKINO Tower သို့  သွားရောက် လေ့လာကြည့်ရှုကြရာ       မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)  ဗိုလ်မှူးချုပ်ကျော်စိုးမိုး  နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ   ကာကွယ် ရေးဝန်ကြီးဌာနမှ     တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ရှင်းလင်း မှုများအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က      သိရှိလိုသည်များအား ပြန်လည်မေးမြန်းခဲ့ပြီး မော်စကိုမြို့အား အပေါ်စီးမှ မြင်တွေ့ရသည့်  ရှုခင်းများကို  ကြည့်ရှုကြကာ  အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။


အဆိုပါ  OSTANKINO Tower ကို Russian   Television  And  Radio Broadcasting   Network   မှ ၁၉၆၃ ခုနှစ်တွင်     စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင်  ပြီးစီးခဲ့ကြောင်း နှင့်  ထိုစဉ်က  ကမ္ဘာပေါ်တွင်   အမြင့်ဆုံး အဆောက်အအုံတစ်ခု     ဖြစ်ခဲ့ကြောင်း၊ တာဝါအောက်ခြေမှ  ထိပ်ဆုံးအင်တာနာ  အထိ စုစုပေါင်း  မီတာ ၅၄၀ ခန့်မြင့်ပြီး  အပေါ်ဆုံးအထပ်သည်  မီတာ   ၃၆၀  ခန့် အမြင့်ရှိကြောင်း၊ ယင်းတာဝါကို အောက်တို ဘာတော်လှန်ရေး၏   နှစ်   ၅၀ မြောက်         အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး     တာဝါတိုင်   အပေါ်ဆုံးထပ်တွင်     မှန်တံခါးများ၊    မော်စကိုမြို့၏   နေ့ည မြင်တွေ့ရသည့်  ရှုခင်းများကို LED Board  များဖြင့်         ပြသထားရှိကြောင်းနှင့် အမှတ်တရအရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိကာ လာရောက်အပန်းဖြေ လေ့လာကြသည့်        ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များဖြင့်    စည်ကား လျက်ရှိကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်