နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား
 သွားရောက်ကြည့်ရှု၍ တစ်ဦးချင်းရင်းနှီးနွေးထွေးစွာဖြင့် အားပေးစကားပြောကြား

 

နေပြည်တော်   ဒီဇင်ဘာ   ၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး   မင်းအောင်လှိုင်သည်    ဇနီး  ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး  (ကြည်း၊  ရေ၊   လေ)     ဗိုလ်ချုပ်ကြီး  မောင်မောင်အေးနှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ် (ရေ)  ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်    နှင့်ဇနီး၊  တပ်မတော်အရာရှိကြီးများနှင့်  ဇနီးများလိုက်ပါ၍     ယနေ့နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌  တက်ရောက်ကုသမှု ခံယူလျက်ရှိသည့်      နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များနှင့်    မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား    သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။


ထိုသို့  အားပေးစကားပြောကြားရာ တွင်   ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည်   နိုင်ငံတော်ကာကွယ်ရေး နှင့်  လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည် များအား   ထိခိုက်ဒဏ်ရာရရှိခဲ့မှု  အခြေ အနေများ၊     ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို  တစ်ဦးချင်း  လိုက်လံ တွေ့ဆုံ၍  ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ     အရာရှိ၊ စစ်သည်များ၏      တင်ပြချက်များအပေါ် လိုအပ်သည်များ  ဖြည့်ဆည်းဆောင်ရွက် ပေးသည်။


ဂုဏ်ပြုချီးမြှင့်ငွေနှင့်     
လက်ဆောင်ပစ္စည်းများပေးအပ်


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီး၊   အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှု  ခံယူလျက်ရှိ သည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြု ချီးမြှင့်ငွေနှင့်     လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။


ဓာတ်ရောင်ခြည်ကုသစက်နှင့် CT စက် 
တပ်ဆင်သုံးစွဲထားမှုကြည့်ရှုစစ်ဆေး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊   အဖွဲ့ဝင်များသည် ဓာတ်ရောင်ခြည်နှင့်  ကင်ဆာကုသဆောင် သို့ ရောက်ရှိကြပြီး   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် ဓာတ်ရောင်ခြည်ကုသ စက်နှင့် CT စက်ဖြင့် ရောဂါရှိသည့်  နေရာ များအား     တိကျစွာပုံဖော်သည့်စက်တို့ တပ်ဆင်သုံးစွဲထားမှု     အခြေအနေများ ကြည့်ရှုစစ်ဆေးရာ ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးနှင့်  တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍      နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ် ရေးဦးစီးချုပ် နှင့်ဇနီး၊    အဖွဲ့ဝင်များသည် ကင်ဆာရောဂါကုသဆောင်၌ တက်ရောက်  ကုသလျက်ရှိသည့်  အရာရှိ၊ စစ်သည်များ နှင့် တပ်မတော်သား မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။ 


ရင်းနှီးနွေးထွေးစွာ 
အားပေးစကားပြောကြား


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး    ဒေါ်ကြူကြူလှသည် သားဖွားမီးယပ်နှင့်   ကလေးကုသဆောင် ၌       တက်ရောက်ကုသလျက်ရှိသည့် တပ်မတော်သား      မိသားစုဝင်များကို တစ်ဦးချင်းရင်းနှီးနွေးထွေးစွာဖြင့် လိုက်လံ အားပေးစကားပြောကြားပြီး လက်ဆောင် ပစ္စည်းများ  ပေးအပ်ခဲ့ကြောင်း  သတင်း ရရှိသည်။       

           
သတင်းစဉ်