နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့်ကရင်တိုင်းရင်းသားခေါင်းဆောင်အဖွဲ့ လာရောက်တွေ့ဆုံနှုတ်ဆက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့် အဖွဲ့ လာရောက်တွေ့ဆုံနှုတ်ဆက်

 

နေပြည်တော်   စက်တင်ဘာ   ၃၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ကရင်တိုင်းရင်းသားခေါင်းဆောင်စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့အား  ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်ရှိ  ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။  


အဆိုပါ     ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု     ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့  တက်ရောက် ကြပြီး ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူး စေးဖိုးနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ   စောရောဂျာခင်၊ ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ   ပဒိုရွှေမောင်းတို့   တက် ရောက်ကြသည်။


ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရေး
အမြဲဖိတ်ခေါ်လမ်းဖွင့်ထား


ထိုသို့    တွေ့ဆုံဆွေးနွေးရာတွင်   ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းသည်   ငြိမ်းချမ်းရေးအတွက် အားတစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ အချို့ သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်မတော်၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ရမှု အပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး NCA သဘောတူညီချက်များကို ချိုးဖောက်ခဲ့သဖြင့် NCA စာချုပ်ပျက်ပြယ်ပြီဟု  အခြေအမြစ်မရှိ ပြောကြားမှု များ ပြုလုပ်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၂၁ ခုနှစ် ပါတီစုံဒီမိုကရေစီ  ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့်  မဲမသမာမှုဖြစ်စဉ်များကြောင့်သာ ဖွဲ့စည်းပုံ    အခြေခံဥပဒေ  (၂၀၀၈)ခုနှစ်နှင့်အညီ နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ်ခဲ့ရခြင်းပင်ဖြစ် ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင် မာမာ ရပ်တည်၍ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊  တိုင်းရင်းသားလက်နက်ကိုင်  အဖွဲ့များကို လည်း    ငြိမ်းချမ်းရေး   တွေ့ဆုံဆွေးနွေးနိုင်ရေး တပ်မတော်အနေဖြင့် အမြဲဖိတ်ခေါ်လမ်းဖွင့်ထားပြီး ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်ရှိ ဒေသခံပြည်သူများ အနေဖြင့်လည်း   အေးအေးချမ်းချမ်းဖြင့်    နေထိုင် လုပ်ကိုင်စားသောက်လိုသည်ဟု   သိရှိရပါကြောင်း၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရှိပါက ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပြီး ဒေသတစ်ခုချင်း အလိုက် တည်ငြိမ်အေးချမ်းမှုရှိခြင်းမှသည် တစ်နိုင်ငံ လုံး တည်ငြိမ်အေးချမ်းလာပြီး လူမှုစီးပွားဘဝများ လည်း    ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ စောမူတူးစေးဖိုးအနေဖြင့် NCA လက်မှတ်ရေးထိုးခဲ့ သည့် ကရင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကရင်ပြည်နယ်ရှိ ပြည်သူ၊ ပြည်သားများ၏ ငြိမ်းချမ်း ရေးအတွက် တာဝန်ရှိနေဆဲပင်ဖြစ်ပါကြောင်း၊ ကရင် ပြည်နယ်အတွင်း  တည်ငြိမ်အေးချမ်းရေး၊   နယ်မြေ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ၊ ဖြစ်သင့်ဖြစ်ထိုက်သည်များကို   ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောကြားပေးပါရန် ဖိတ်ခေါ်ပါကြောင်း  ဦးစွာပြောကြားသည်။ 


ရင်းနှီးပွင့်လင်းစွာဆွေးနွေး


ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနှင့်အဖွဲ့ဝင်များက အမှန်တကယ်ငြိမ်းချမ်းရေးကို လိုလားပါက အမုန်းတရားကို အခြေခံ၍ ဆောင်ရွက် ၍ရမည်မဟုတ်ကြောင်း၊ မိမိအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး    သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးစဉ်ကတည်းကပင် ယခု အချိန်အထိ  ငြိမ်းချမ်းရေးရရှိရေးကိုသာ ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်ခဲ့ပါကြောင်း၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အနေဖြင့်     ကရင်အမျိုးသားအစည်း အရုံး(KNU)ကို  ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ မှန်မှန်ကန်ကန် ရောက်ရှိလာစေရေး စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းပေးနေမှုအပေါ်တွင်လည်း ကျေးဇူးတင် ရှိပါကြောင်း၊   NCA  စာချုပ်  ချုပ်ဆိုချိန်တွင်လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ သံတမန်များ၊ ပြည်တွင်း အသိသက်သေများ   ရှေ့မှောက်၌   လက်မှတ်ရေး ထိုးထားခြင်းဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့်ခိုင်မာသည့် တရားဝင်စာချုပ်ဖြစ်ပါ ကြောင်း၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် NCA အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက် သွားရမည်ဟု မိမိအနေဖြင့်ယုံကြည်ပါကြောင်း၊ NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပာယ်မဲ့စွာ လက်လွတ်စပယ်ပြောကြားမှုများကို  လက်သင့်ခံ၍ ရနိုင်မည် မဟုတ်ပါကြောင်း၊ မိမိအနေဖြင့် ပါတီစုံ ဒီမိုကရေစီစနစ်ကိုလက်ခံပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားပါကြောင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းရေး အတွက်   လက်နက်ကိုင်လမ်းစဉ်ကို  မကျင့်သုံးဘဲ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးကိုသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊
ငြိမ်းချမ်းရေးကို   ပျက်ယွင်းစေမည့်    အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်များကို လုံးဝလက်သင့်ခံ ၍ ရနိုင်မည်မဟုတ်ပါကြောင်း၊ သဘောတူညီချက် များဖြင့်  ချုပ်ဆိုထားသည့်  NCA   လမ်းကြောင်း ပေါ်တွင်  ဆက်လက်လျှောက်လှမ်းသွားရမည်ဖြစ် ကြောင်း   ရင်းနှီးပွင့်လင်းစွာ   ဆွေးနွေးပြောကြားကြ သည်။  


ယင်းနောက်          နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုတွေ့ဆုံမှုသည်   ကရင်ပြည်နယ်   တည်ငြိမ် အေးချမ်းရေးနှင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ငြိမ်းချမ်းမှုရရှိရေး၏ ခြေလှမ်းသစ်တစ်ခုကို စတင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု   ယုံကြည်ပါကြောင်း၊ NCA စာချုပ်သည်   နိုင်ငံတော်အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ ချုပ်ဆိုသည့် အမြင့်ဆုံးစာချုပ်တစ်ခုပင်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံတော်တို့ချုပ်ဆိုထားသည့် ကတိ ကဝတ်ပင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လည်း နိုင်ငံတော်နှင့် နိုင်ငံသားတို့အကြား အာမခံ ချက်ပေးထားသည့် ကတိကဝတ်နှင့်သဘောတူညီ ချက်   တစ်ခုပင်ဖြစ်ကြောင်း၊       တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်ပြီး တပ်မတော်သား များသည် ပြည်သူလူထု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါ ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရ၏ ညွှန်ကြား ချက်၊ ပြည်သူလူထု၏ ဆန္ဒဖြစ်သော NCA  စာချုပ်နှင့် ဖွဲ့စည်းပုံအခြေခံ     ဥပဒေကို    လေးစားရမည်ဖြစ် ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိုဖော် ဆောင်ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် တွင်   ခိုင်ခိုင်မာမာရပ်တည်၍  ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊   ထို့ကြောင့်   တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း  (EAO) များအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးရန် အမြဲတံခါးဖွင့်ကြိုဆိုလျက် ရှိပါကြောင်း၊ မိမိတို့ထံသို့ လာရောက်တွေ့ဆုံညှိနှိုင်း ဆွေးနွေးနိုင်သကဲ့သို့   တပ်မတော်မှ   ငြိမ်းချမ်းရေး ဆွေးနွေးမှုအဖွဲ့များကို စေလွှတ်ဆွေးနွေးပေးစေလိုပါ ကလည်း တိုင်းစစ်ဌာနချုပ်များတွင် ဆွေးနွေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကရင်အမျိုးသား အစည်းအရုံး(KNU)သည် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း    (EAO)  ဖြစ်ပြီး   PDF   အမည်ခံ အကြမ်းဖက်သမားများသည်   ပြည်သူလူထုတို့၏ အသက်အိုးအိမ်စည်းစိမ်ကို        ထိခိုက်စေရန်နှင့်  နယ်မြေတည်ငြိမ်အေးချမ်းမှု      ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များဖြစ် ကြောင်း၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေးကို အမျိုးသားရေး လုပ်ငန်းစဉ် (၂) ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို  အခြေခံသည့် ပြည်ထောင်စု    တည်ဆောက်ရေးကို   နိုင်ငံရေး လုပ်ငန်းစဉ်  (၂) ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထု၏ဆန္ဒဖြစ် သော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပနိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် တိုင်းရင်းသားများနှင့် ဒေသကို ကိုယ်စားပြုနိုင်သည့်   ကိုယ်စားလှယ်များ  အများ အပြား  ရွေးကောက်ခံစင်မြင့်သို့  ရောက်ရှိလာရန် လိုအပ်မည်ဖြစ်ကြောင်း၊         ကရင်တိုင်းရင်းသား ခေါင်းဆောင် စောမူတူးစေးဖိုးအနေဖြင့် NCA စာချုပ် ကို       ကိုယ်တိုင်လက်မှတ်ရေးထိုး   ပါဝင်ခဲ့သည့် တိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်ပြီး မကြာမီ ကျရောက်တော့မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုမှု (၈)နှစ် မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် နိုင်ရန် ဖိတ်ကြားပါကြောင်း ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊  ကရင် တိုင်းရင်းသားခေါင်းဆောင်နှင့်   အဖွဲ့ဝင်များသည် ရရှိပြီးသည့်   ငြိမ်းချမ်းရေးပေါ်တွင်   ခိုင်ခိုင်မာမာ ရပ်တည်၍ ပိုမိုခိုင်မာသည့် ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်တွင်  ဆက်လက်လျှောက်လှမ်းနိုင်မည့်  အခြေ အနေများနှင့်    ပတ်သက်၍    ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။


မှတ်တမ်းတင်ဓာတ်ပုံရိုက်


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကရင်တိုင်းရင်းသား ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ အား  အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ဒေသထွက်လက်ဆောင်များ     ဂါရဝပြုပြန်လည် ပေးအပ်ခဲ့ကြောင်းနှင့်          စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်