နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး 
သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ 
ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့  တက်ရောက်ဂုဏ်ပြု

 

နေပြည်တော်  ဇန်နဝါရီ  ၃


တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ      ဂုဏ်ထူး ဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး  သတိုးမဟာသရေ စည်သူ၊      သတိုးသီရိသုဓမ္မ    မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များကို ချီးမြှင့်အပ်နှင်းသည်။

 


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်       ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာ သရေစည်သူ  စိုးဝင်းနှင့်  ဇနီး  ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သီရိပျံချီ စည်သူ မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်(ရေ)  ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင် နှင့်ဇနီး၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ   တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊  ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ တပ်မတော် စွမ်းရည်သတ္တိ ဆိုင်ရာ  ဂုဏ်ထူးဆောင်တံဆိပ်နှင့်  လက်မှတ်လက်ခံ ရယူကြမည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများ တက်ရောက်ကြသည်။  

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က   ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် မြန်မာ့သမိုင်းစဉ်တစ်လျှောက် ရဲစွမ်းသတ္တိ ပြည့်ဝသည့် မျိုးချစ်သူရဲကောင်းများစွာ ပေါ်ထွက်ခဲ့ကြကြောင်း၊ ထိုကဲ့သို့  အမျိုးကိုချစ်သည့် သူရဲကောင်းများမြောက်မြားစွာ  ပေါ်ထွက်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မိမိတို့နိုင်ငံသားများ၏ တိုင်းပြည် နှင့်   လူမျိုးအပေါ်ထားရှိသည့်  သစ္စာတရားများကို တွေ့ရှိရမည်ပင်ဖြစ်ကြောင်းနှင့်     ထိုက်တန်သည့် ဘွဲ့ထူးဂုဏ်ထူးများ       ပေးအပ်ချီးမြှင့်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

 


မိမိတို့တပ်မတော်သည်  မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ                ပေါက်ဖွားလာသည့်  ပြည်ထောင်စု  တပ်မတော်ပင်ဖြစ်ကြောင်း၊  မိမိတို့ နိုင်ငံ၏  လွတ်လပ်ရေးရရှိအောင် ကြိုးစားခဲ့ရသည့် နည်းတူ    လွတ်လပ်ရေးကို    မဆုံးရှုံးရအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည့် တပ်မတော်လည်း ဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီးစကာလသည် နိုင်ငံ ၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတည်ရှိမှုအတွက် အစိုးရိမ်ရဆုံးကာလဖြစ်ခဲ့ကြောင်း၊  လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်          နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးအတွက် တပ်မတော်သည် တိုင်းပြည် နှင့်လူမျိုးအတွက်   ရှိသည့်အင်အား၊ ရှိသည့်ခွန်အား များနှင့်  အစွမ်းကုန် ဖြေရှင်းခဲ့ရကြောင်း၊  ရောင်စုံသောင်းကျန်းသူများကြောင့်     လွတ်လပ်ရေးကြီး ထပ်မံမဆုံးရှုံးရစေရန်နှင့်   ပြည်ထောင်စုကြီး  ပြိုကွဲ ပျက်စီးခြင်းမဖြစ်ရစေရန် တပ်မတော်သားများအနေ ဖြင့်   အသက်ပေါင်းများစွာ   ရင်းနှီးပေးဆပ်ခဲ့ပြီး ကာကွယ်ထိန်းသိမ်းခဲ့ကြရကြောင်း။

 


လွတ်လပ်ရေးရပြီးချိန်မှ ယနေ့ကာလအထိတိုင် တပ်မတော်အနေဖြင့်  သစ္စာလေးချက်ကို   ဦးထိပ် ပန်ဆင်ပြီး အစဉ်အလာ(၁၂)ရပ်နှင့်အညီ နိုင်ငံတော် ၏ အမျိုးသားအကျိုးစီးပွားကို  အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊   တပ်မတော်၏ ခေတ်အဆက်ဆက်        အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်မှုများကို   လေ့လာကြည့်မည်ဆိုပါက နိုင်ငံတော်အတွက်    အမှန်တကယ်လိုအပ်သည့် အမျိုးသားနိုင်ငံရေး တာဝန်များကိုသာ ထမ်းဆောင် ခဲ့ခြင်းဖြစ်ကြောင်း။ 

 


ထိုကဲ့သို့      သမိုင်းပေးတာဝန်များအပေါ်တွင် ရဲဝံ့ပြောင်မြောက်သည့်   သူရသတ္တိနှင့်  အသက်သွေး ချွေးပေါင်းများစွာ  ပေးဆပ်စွန့်လွှတ်ခဲ့ကြသူများကို နှစ်စဉ် လွတ်လပ်ရေးနေ့ရောက်တိုင်း နိုင်ငံတော်နှင့် တပ်မတော်က   ဂုဏ်ပြုချီးမြှင့်မှုများ   ပြုလုပ်ပေး လျက်ရှိကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းပင်ဖြစ်ကြောင်း။ 

 


ယနေ့အခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၃၂ ဦး၊    တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏   သူရဲကောင်းလက်မှတ်ရရှိသူ  ၂  ဦး၊ တပ်မတော်   ကာကွယ်ရေးဦးစီးချုပ်၏  ဂုဏ်ထူး ဆောင်လက်မှတ်ရရှိသူ  ၃၉  ဦးတို့ကို ချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း၊ ရဲဗလတံဆိပ်ရရှိသူ ၁၈၁ ဦး၊ စီမံ ထူးချွန်တံဆိပ်ရရှိသူ  ၁၁၀ ၊    လူမှုထူးချွန်တံဆိပ်ရရှိ သူ ၁၂ ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ်ရရှိသူ ၄ ဦး၊ ဝန်ဆောင်စီးပွား ထူးချွန်တံဆိပ်ရရှိသူ ၁၀ ဦး၊ သိပ္ပံ ပညာထူးချွန်တံဆိပ်ရရှိသူ ၄ ဦး၊ ဆေးပညာ ထူးချွန် တံဆိပ်ရရှိသူ ၁ ဦးနှင့် နည်းပညာထူးချွန်တံဆိပ်ရရှိသူ ၇၄ ဦး၊   တပ်မတော်   ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၁၃၆ ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏   ဂုဏ်ထူးဆောင်လက်မှတ် ရရှိသူ ၄၀၄ ဦးတို့ကိုလည်း  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား     သက်ဆိုင်ရာတိုင်းမှူးများက တစ်ချိန်တည်းတစ်ပြိုင်တည်း   ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း။

 


မိမိတို့ချီးမြှင့်ခြင်းခံရသည့်   တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့်   လက်မှတ်များ၏ တန်ဖိုး၊ ပိုင်းဖြတ်၍မရသည့် လေးနက်မှုကို မျိုးဆက်သစ်များ မျှဝေခံစား၍ရအောင် လက်ဆင့်ကမ်းအမွေပေးသွား ကြရန်၊     တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေး နှင့်   တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတို့ထံကျရောက်လာမည့်       တာဝန်များနှင့် ပတ်သက်ပြီး ကျေပွန်အောင် ဆက်လက်ထမ်းဆောင် သွားကြရန်၊ လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏ အမွေကို သိရှိနားလည်ပြီး ဒို့တာဝန် အရေးသုံးပါးကို ထာဝစဉ်ကာကွယ်       စောင့်ရှောက်မည်ဟူသည့် ယုံကြည်ချက်၊ ခံယူချက်နှင့် တပ်မတော်သားကောင်း များဖြစ်အောင်    ကြိုးစားသွားကြရန်   တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။ 

 


ယင်းနောက်         နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊  သတိုး သီရိသုဓမ္မ မင်းအောင်လှိုင် က သူရဲကောင်းမှတ်တမ်း ဝင်တံဆိပ်ရရှိသူ   ၃၂  ဦး၊   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏   သူရဲကောင်းလက်မှတ်ရရှိသူ  ၂  ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ  ၃၉ ဦးတို့ကို  ဆုတံဆိပ်နှင့် လက်မှတ် များ ပေးအပ်ချီးမြှင့်သည်။  

 


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်  တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 


ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်    အဖွဲ့ဝင်များသည်  တပ်မတော်စွမ်းရည်သတ္တိ ဆိုင်ရာ   ဂုဏ်ထူးဆောင် တံဆိပ်နှင့်  လက်မှတ်များ ချီးမြှင့်ခံရသူများကို လက်ဖက်ရည်ဝိုင်းဖြင့်  တည်ခင်း ဧည့်ခံခဲ့ပြီး မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများ ဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။

 


ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်


အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိ ဆိုင်ရာ   ဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်များ ချီးမြှင့်ခံရသူများကို  ရင်းနှီးနွေးထွေးစွာ  နှုတ်ဆက် သည်။

 


ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၂၃၅၁ ဦးရှိ


တပ်မတော်တွင် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ်နှင့်       လက်မှတ်ရရှိသူများအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ အောင်ဆန်းသူရိယဘွဲ့ ရရှိသူ ၆ ဦး၊ သီဟသူရဘွဲ့ရရှိသူ ၅၁ ဦး၊ သူရဘွဲ့ရရှိသူ ၅၅၄ ဦး၊ သီဟဗလတံဆိပ်ရရှိသူ ၆ ဦး၊ သူရဲကောင်း မှတ်တမ်းဝင်ရရှိသူ  ၁၈၆၀ ၊  သူရဲကောင်းမှတ်တမ်း ဝင်တံဆိပ်ရရှိသူ   ၂၀၅၀ ၊   စစ်သေနာပတိချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၃၃၉ ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိ သူ ၃၁၂၅ ဦး၊ စစ်သေနာပတိချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၉ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏  ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၂၃၅၁ ဦး ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်