
နေပြည်တော် နိုဝင်ဘာ ၂၉
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံ ရုရှား တပ်မတော် စစ်ဦးစီးချုပ်ရုံး အကြီးအကဲနှင့် ပထမ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich က ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာ သီရိဗိမာန် ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှား တပ်မတော်စစ်ဦးစီးချုပ်ရုံး အကြီး အကဲနှင့် ပထမ ဒုတိယ ကြည်း တပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားစစ်သံမှူး Colonel Sergey Kurchenko နှင့် ရုရှား တပ်မတော် အရာရှိကြီးများ တက်ရောက်ကြသည်။
အမြင်ချင်းဖလှယ် ဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာ အပါအဝင် ပညာရေး၊ ကျန်းမာရေးနှင့် နည်း ပညာပိုင်းဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေ များ၊ ရုရှားနိုင်ငံသို့ မြန်မာ့ တပ်မတော်သား ပညာတော်သင် များ စေလွှတ်လျက်ရှိသည့် အခြေ အနေများ၊ တပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဆောင်ရွက်မည့် အခြေ အနေများ၊ ရုရှားနိုင်ငံတွင် ကျင်းပ ပြုလုပ်သည့် ယဉ်ကျေးမှုပြိုင်ပွဲနှင့် တပ်မတော် အားကစားပြိုင်ပွဲ များတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်ခဲ့မှုနှင့် အပြန်အလှန် ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ နှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများတွင် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ ယနေ့ကမ္ဘာပေါ်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွက် နိုင်ငံတိုင်းက အလေးထား ဆောင်ရွက်လျက်ရှိမှုနှင့် ယခု ကဲ့သို့ မြန်မာ-ရုရှား နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှု သည် ဒေသတွင်း ငြိမ်းချမ်းရေး နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကိုပါ တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုနိုင်သည့် အခြေအနေများ ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
လက်ဆောင်ပစ္စည်းများပေးအပ်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှားတပ်မတော် စစ်ဦးစီးချုပ်ရုံး အကြီးအကဲ နှင့် ပထမ ဒုတိယ ကြည်းတပ် ဦးစီးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန် အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်