
နေပြည်တော် နိုဝင်ဘာ ၂၅
၂၀၂၂ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အားပေး၍ ဆုများပေးအပ် ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီး များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ တပ်မတော်ဘောလုံး အကယ်ဒမီ ကျောင်းမှ သင်တန်းသားများ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲ ဝင် အားကစားသမားများ တက်ရောက်ကြသည်။
အကြိတ်အနယ်ယှဉ်ပြိုင်
ဦးစွာ ၂၀၂၂ခုနှစ်၊ (၅၉) ကြိမ် မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား (ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲ (က) အဆင့် ဗိုလ်လုပွဲအဖြစ် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်း နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဗိုလ်လုပွဲသို့ တက်ရောက်လာနိုင်သည့် အသင်း နှစ်သင်း ဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အကြိတ် အနယ်၊ အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင် ကစားခဲ့ကြပြီး ရှေ့တန်း တိုက်စစ်ကစားသမား များ၏ အဆုံးသတ်ပိုင်းလိုအပ်ချက် ရှိမှု၊ ဂိုးသမားများ၏ လက်စွမ်းပြ ကာကွယ်မှုများကြောင့် သာမန်ပွဲ ကစားချိန်အတွင်း တစ်ဖက်နှင့် တစ်ဖက် ဂိုးရရှိခြင်း မရှိခဲ့သဖြင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရသည်။ အချိန်ပို ပထမ ပိုင်း ၆ မိနစ်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်း က ဦးဆောင်ဂိုးကို လှပစွာ သွင်းယူရရှိခဲ့ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်း က ချေပဂိုးပြန်လည်ရရှိနိုင်ရေး အင်တိုက်အားတိုက် တိုက်စစ်ဆင် ကစားခဲ့သော်လည်း ဂိုးရရှိခဲ့ခြင်း မရှိသောကြောင့် ပွဲစဉ်ပြီးဆုံးချိန် တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းကို တစ်ဂိုး - ဂိုးမရှိ ရလဒ် ဖြင့် အနိုင်ရရှိခဲ့သည်။
ယင်းနောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့ နှင့်အတူ စစ်ရေးပြမှူးကြီး ဦးဆောင်၍ အလံတော်အဖွဲ့၊ အားကစားအသင်း ၁၇ သင်းနှင့် ဆုရဘောလုံးအသင်း ခြောက်သင်း တို့မှ အားကစားသမားများက ဇေယျာသီရိ တပ်မတော် အားကစားကွင်းအတွင်း ဝင်ရောက် နေရာယူကြသည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ် ကြီး ကျော်စွာလင်းက (ခ)အဆင့် ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆု ရရှိ သည့် အရှေ့မြောက်တိုင်းစစ်ဌာန ချုပ် ကိုယ်စားပြုအသင်း၊ (က)အဆင့် ပြိုင်ပွဲတွင် အသန့်ရှင်း ဆုံးဆုရရှိသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် တတိယဆု ရရှိသည့် အမှတ် (၉၉) ခြေလျင် တပ်မဌာနချုပ် ကိုယ်စားပြု အသင်းတို့ကို အသန့်ရှင်းဆုံး အသင်းဖလားဆု၊ ငွေသားဆုနှင့် တစ်ဦးချင်း ဆုတံဆိပ်များကို လည်းကောင်း။
ဆုများပေးအပ်ချီးမြှင့်
တပ်မတော် အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးမင်းဦးက (ခ)အဆင့်ပြိုင်ပွဲတွင် နေရာ အလိုက် အကောင်းဆုံးကစား သမားဆုရရှိသူများ၊ ပွဲစဉ် တစ်လျှောက် အကောင်းဆုံး ကစားသမားဆု ရရှိသူများနှင့် (က)အဆင့်ပြိုင်ပွဲတွင် တတိယ ဆုရရှိသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်း တို့ကို ငွေသားဆုနှင့် တစ်ဦးချင်း ဆုတံဆိပ်များလည်းကောင်း။
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးက (က) အဆင့်ပြိုင်ပွဲ တွင် နေရာအလိုက်အကောင်းဆုံးကစားသမားဆုရရှိသူများ၊ ပွဲစဉ် တစ်လျှောက် အကောင်းဆုံး ကစားသမားဆု ရရှိသူများနှင့် (ခ) အဆင့်ပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်း တို့ကို ငွေသားဆုနှင့် တစ်ဦးချင်း ဆုတံဆိပ်များလည်းကောင်း။
ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က (က)အဆင့်ပြိုင်ပွဲတွင် ဒုတိယ ဆုရရှိသည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်း ကိုလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်က (ခ)အဆင့် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အရှေ့မြောက် တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အသင်းကိုလည်းကောင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က (က)အဆင့်ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို လည်း ကောင်း ငွေသားဆုနှင့် တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့် ကြသည်။
ဆုဖလားများပေးအပ်ချီးမြှင့်
ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက (ခ)အဆင့် ပြိုင်ပွဲတွင် ပထမဆု ရရှိသော အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်း နှင့် (က) အဆင့် ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်း တို့ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ပထမဆုဖလား၊ ဆင့်ပွားဆုဖလားနှင့် ငွေသား ဆုများ ပေးအပ်ချီးမြှင့်သည်။
တံခွန်စိုက်ဒိုင်းဆုကြီး ပေးအပ်ချီးမြှင့်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၂၂ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ်အခု ၅၀၊ ငွေတံဆိပ် ၃၅ ခု၊ ကြေးတံဆိပ် ၃၇ ခု စုစုပေါင်း ဆုတံဆိပ် ၁၂၂ ခုဖြင့် ဆုအများဆုံးရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြုအသင်းကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တံခွန် စိုက်ဒိုင်းဆုကြီးကို ပေးအပ် ချီးမြှင့်ရာ အသင်းအုပ်ချုပ်သူ အရာရှိနှင့် အားကစားသမား များက လက်ခံရယူသည်။
လက်ဝှေ့ယမ်း နှုတ်ဆက်
ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် စစ်ရေးပြမှူးကြီး ဦးဆောင် သော အလံတော်အဖွဲ့၊ အားကစား အသင်း ၁၇ သင်းနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ကိုယ်စားပြု စစ်တီးဝိုင်းအဖွဲ့တို့က စစ်ကြောင်း ပုံဖြင့် ချီတက်၍ လက်ဝှေ့ယမ်း နှုတ်ဆက်ပြီး ဇေယျာသီရိ တပ်မတော် အားကစားကွင်း အတွင်းမှ ပြန်လည်ထွက်ခွာကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် တက်ရောက် လာကြသည့် ဧည့်ပရိသတ်များ က ပြန်လည်လက်ပြနှုတ်ဆက်ကြ သည်။
ထိုသို့ ချီတက်ထွက်ခွာနေချိန် တွင် (၅၉) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဖလား (ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်း အနားနှင့် ၂၀၂၂ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် မီးရှူး၊ မီးပန်းများကို ဂုဏ်ပြု ပစ်ဖောက်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်