နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၅) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

 

နေပြည်တော်    အောက်တိုဘာ   ၁၂


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ပြင်ဦးလွင် မြို့ စစ်တက္ကသိုလ်၌   ပြုလုပ်သည့်  စစ်တက္ကသိုလ်   ဗိုလ်လောင်း သင်တန်း  အမှတ်စဉ်(၆၅) စစ်လက်ရုံးရွေးချယ်ပွဲသို့  တက်ရောက်စိစစ် ရွေးချယ်သည်။

 


အဆိုပါစစ်လက်ရုံးရွေးချယ်ပွဲသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ  ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ   တပ်မတော် အရာရှိကြီးများ၊  
အလယ်ပိုင်း    တိုင်းစစ်ဌာနချုပ် တိုင်းမှူး       ဗိုလ်ချုပ်ကိုကိုဦး၊ စစ်တက္ကသိုလ်   ကျောင်းအုပ်ကြီး နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး      ဗိုလ်လောင်းများအား တစ်ဦးချင်းစီ  တွေ့ဆုံမေးမြန်း၍ စာပေပညာ၊ စစ်ပညာဘာသာရပ် အလိုက်   ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစားအားထုတ်မှု များအပေါ်မူတည်၍   သင့်လျော် သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)     စစ်လက်ရုံးအသီးသီး အတွက်   စိစစ်ရွေးချယ်ပေးခဲ့ကြ သည်။

 


မွန်းလွဲပိုင်းတွင်    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး   ဦးစီး ချုပ်နှင့်      အဖွဲ့ဝင်များသည် အနော်ရထာတပ်ရင်း ဗိုလ်လောင်း စားရိပ်သာ၌       သင်တန်းသား ဗိုလ်လောင်းများနှင့်အတူ နေ့လယ် စာ အတူတကွ သုံးဆောင်ကြပြီး ဗိုလ်လောင်းများအား    ရင်းရင်း နှီးနှီး        လိုက်လံနှုတ်ဆက်၍ အားပေးစကား ပြောကြားခဲ့သည်။ ယင်းနောက် စစ်လက်ရုံးရွေးချယ် မှုကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်