
နေပြည်တော် မေ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ် တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ အင်းစိန်မြို့နယ်ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁) စိုက်ပျိုးမွေးမြူရေးစခန်းသို့ ရောက်ရှိကြ ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များ၊ မှိုနှင့် ကြက်ဥများကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြ သည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး က ရန်ကုန်တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးခြံ များတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု၊ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်၊ ကြက်ဥနှင့် နွားနို့များကို အရာရှိ၊ စစ်သည် မိသားစုများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို သက်သာ သောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
သက်သာချောင်ချိရေး ဦးစားပေး
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေ အတွင်း ဘက်စုံစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်စေခြင်းသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လူဦးရေ ၇ သန်းကျော် ၈ သန်းခန့်အား အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ ဈေးနှုန်း သက်သာစွာဖြင့် ဖူလုံပေါများစွာ စားသုံးနိုင်စေရေးအထောက်အကူပြုစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တပ်မတော်သားများအပြင် နိုင်ငံ့ ဝန်ထမ်းများအား ပြင်ပပေါက်ဈေးထက်သက်သာစွာ ရောင်းချပေးနိုင်ရမည်ဖြစ်ပြီး ပြည်သူများကိုလည်း ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးနိုင်မည်ဆိုပါက အကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း၊ အမြတ်ကို အဓိက မထားဘဲ သက်သာချောင်ချိရေးကို ဦးစားပေး ဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေး ဆောင်ရွက်ရာတွင် မွေးမြူရေးသုတေသနအဖွဲ့များ နှင့် တိုင်ပင်ဆွေးနွေး၍ ကျန်းမာရေးနှင့် ညီညွတ်သည့် ထုတ်ကုန်များရရှိအောင် ဆောင်ရွက်ကြရန်လို ကြောင်း၊ တိုင်းဒေသကြီးအတွင်း နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ပုဂ္ဂလိက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အားပေးဆောင်ရွက် ရန် လိုကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် မွေးမြူ ရေးလုပ်ငန်းများကို ဆောင်ရွက်ပြီး တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် အကျိုးပြုနိုင်ရမည်ဖြစ် ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ နည်းပါးမည် ဆိုပါက စိုက်ပျိုးမွေးမြူရေး အခြေခံစားကုန်များ ဈေးသက်သာစွာဖြင့် ရရှိနိုင်မည်ဖြစ်သဖြင့် တိုင်းစစ် ဌာနချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ အောင်မြင်အောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြ ရန်လိုကြောင်း၊ ထို့ပြင် ဒေသတွင်း ဖူလုံမှုရရှိပါက ပြင်ပဒေသများနှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး အေးခဲအသားငါးများ၊ အသားခြောက်များနှင့် အဆင့် မြင့် ထုတ်ကုန်များ ထုတ်လုပ်၍ တင်ပို့ရောင်းချနိုင် ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးမွေးမြူရေးခြံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်