နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဘုတ်ပြင်းတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

 

မိမိတို့ကိုယ်တိုင် ဗဟုသုတစာပေများကိုဆည်းပူးရန် လိုအပ်သကဲ့သို့ မိမိတို့၏သားသမီးများကို ပညာတတ်များဖြစ်စေရေး ပညာရေးကိုအားပေးရန်လိုအပ်

 

နေပြည်တော်  ဇန်နဝါရီ   ၁၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်          ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ်   စောသန်းလှိုင်နှင့် တာဝန်ရှိသူတို့လိုက်ပါ၍   ယနေ့   ညနေပိုင်းတွင် ဘုတ်ပြင်းတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင် များအား သွားရောက်တွေ့ဆုံအမှာစကား ပြောကြား သည်။ 

 


အမြဲလေ့ကျင့်ဆောင်ရွက်နေကြရမည်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင်   တပ်မတော်၏   အဓိကတာဝန် ဖြစ်သည့်   နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင်      စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်သားများ၊ တပ်ရင်းတပ်ဖွဲ့များဖြစ်စေရေး အမြဲလေ့ကျင့်ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ အမိန့်နာခံတတ်မှုသည် စစ်သားကောင်းတစ်ယောက် ဖြစ်ရန်အတွက်   အခြေခံကောင်းတစ်ခုပင်ဖြစ်ပြီး စစ်သည်တိုင်း တစ်ဦးချင်းလိုက်နာရမည့် ကျင့်ဝတ် အပါး ၆၀ ကို မှန်မှန်ကန်ကန်ဖြင့် လိုက်နာဆောင် ရွက်မည်ဆိုပါက        စွမ်းရည်သုံးရပ်ပြည့်စုံသည့် စစ်သားကောင်းတစ်ယောက်     ဖြစ်လာမည်ဖြစ် ကြောင်း၊  နိုင်ငံတော်ကာကွယ်ရေးတာဝန်နှင့် လုံခြုံ ရေးတာဝန်များကို ထမ်းဆောင်ကြရသူများဖြစ်သည့် အတွက် စစ်ဆင်ရေးလုပ်ငန်းများ   ဆောင်ရွက်စဉ် ထိခိုက်မှုများရှိနိုင်မည်ဖြစ်သောကြောင့်    မိမိတို့ တစ်ဦးချင်း၏   ဘေးအန္တရာယ်ကင်းရှင်းစေရေး သင်တန်းကျောင်းများမှ သင်ကြားပေးလိုက်သည့် စစ်ပညာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချရန်နှင့် ပေးအပ်လာသည့် အမိန့်နှင့် တာဝန် ကို   ကျေပွန်စွာ  အကောင်အထည်ဖော်နိုင်ရမည် ဖြစ်ကြောင်း။

 


တိုက်တွန်းချက်နှင့် တားမြစ်ချက်များ


စစ်စည်းကမ်းသည် တိုက်တွန်းချက်နှင့် တားမြစ် ချက်များပင်ဖြစ်ပြီး မဖြစ်သင့်သည်များကို   မဖြစ် စေရန်၊ စည်းကမ်းကျနပြီး စစ်သားပီသသည့် နေထိုင် သွားလာ လှုပ်ရှားမှုမျိုးဖြစ်စေရန် ချမှတ်ထုတ်ပြန် ထားသည့် စည်းမျဉ်းစည်းကမ်းများဖြစ်သဖြင့် အမှန် တကယ် လိုက်နာဆောင်ရွက်မည်ဆိုပါက   တစ်ဦး တစ်ယောက်ချင်းစီအတွက်       အကျိုးရှိစေနိုင်မည် ဖြစ်ကြောင်း။

 


မျိုးဆက်သစ်များ မွေးထုတ်ပေး


တပ်မတော်သားများ၊ မိသားစုဝင်များ၏ ပညာ ရည် မြင့်မားရေးနှင့်ပတ်သက်၍ တပ်မတော်တစ်ရပ် လုံးတွင် မူလတန်းပညာ ပြီးမြောက်အောင်မြင်စေရေး တပ်မတော်ပညာရေးကျောင်းများတွင်   သင်ကြား ပေးခဲ့ပြီးဖြစ်ပြီး တစ်ဆင့်မြင့်သည့်  အတန်းပညာ များကို ဆက်လက်သင်ကြားနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ ထို့ကြောင့် မိမိ ဘဝ တိုးတက်ရေး၊  အသိပညာမြင့်မားရေးအတွက် မိမိတို့တစ်ဦးချင်း ကိုယ်တိုင်ကြိုးစားအားထုတ်ခွင့် ရှိသဖြင့်    ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ကိုယ်တိုင် စာပေဖတ်ရှုလေ့လာရန်၊ ဗဟုသုတ စာပေများကို ဆည်းပူးရန် လိုအပ်သကဲ့သို့ မိမိတို့၏ သားသမီးများကို ပညာတတ်များဖြစ်စေရေးအတွက် ပညာရေးကိုအားပေးရန် လိုအပ်မည်ဖြစ်ပြီး အသိ ပညာအတတ်ပညာနှင့် ပြည့်စုံသည့် မျိုးဆက်သစ် များကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း။

 


နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန် များကို ထမ်းဆောင်ရာ၌ နိုင်ငံတော်နှင့် တပ်မတော် က   အားထားရသူများဖြစ်စေရေး   အမြဲကြိုးပမ်း ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊  မိမိတပ်၏ ကောင်းရာကောင်းကျိုးများကို   တစ်ဦးချင်းအသိ သတိဖြင့်  ဆောင်ရွက်ခြင်းဖြင့်    တပ်မတော်နှင့် နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးများကိုလည်း မိမိတို့ တတ်စွမ်းသည့်ဘက်မှ ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်းဖြင့် မှာကြားသည်။

 


လက်ခံရယူ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ ခေတ္တတပ်နယ်မှူး က လက်ခံရယူသည်။ 

 


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများအား ရင်းရင်းနှီးနှီး  လိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်