နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ မောရဝတီရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

မိမိတို့ကိုယ်တိုင် စာပေဖတ်ရှုရန်လိုအပ်သကဲ့သို့ မိမိတို့၏သားသမီးများ၏ ပညာရည်မြင့်မားရေးကို အားပေးဆောင်ရွက်ရမည

 

နေပြည်တော်  ဇန်နဝါရီ   ၁၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊    ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍   ယနေ့ညနေပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊  မောရဝတီ ရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြား သည်။


လေ့ကျင့်ဆောင်ရွက်နေကြရမည်


ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်၏           အဓိကလုပ်ငန်းတာဝန်သည် နိုင်ငံတော်ကာကွယ်ရန်ဖြစ်ပြီး  စစ်ရေးစွမ်းရည်၊   စည်းရုံးရေးစွမ်းရည်နှင့်     အုပ်ချုပ်ရေးစွမ်းရည်တို့ အစဉ်ထက်မြက်နေအောင်  လေ့ကျင့်ဆောင်ရွက် နေကြရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြား ချက်များ၊ မူဝါဒများအတိုင်း လိုက်နာဆောင်ရွက်ရန် လိုကြောင်း၊     စစ်စည်းကမ်းကောင်းမွန်မှုသည် တပ်မတော်၏      အစဉ်အလာကောင်းတစ်ခုပင် ဖြစ်သည့်အတွက် ဆက်လက်ထိန်းသိမ်း ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။


တပ်မတော်သားအားလုံးသည်    မိမိတို့၏ သဘောဆန္ဒအလျောက်  နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို  ထမ်းဆောင်ရန် တပ်မတော်တွင်းသို့ ဝင်ရောက်အမှုထမ်းခဲ့ကြသူများပင်     ဖြစ်ကြောင်း၊ ထို့ကြောင့်   တပ်မတော်ကို   ချစ်သည့်စိတ်ဖြင့် မိမိကိုယ်ကို စစ်သားကောင်းတစ်ယောက်ပီသအောင် တည်ဆောက်ရမည်ဖြစ်ပြီး မိမိတပ်ဖွဲ့၊ မိမိတပ်ရင်း၊ မိမိတပ်မတော်နှင့် နိုင်ငံချစ်စိတ်များကို တည်ဆောက် ကြရန်လိုကြောင်း၊ တပ်မတော်သားများဖြစ်သည့် အတွက် မိမိအားတာဝန်ပေးအပ်လာပါက မည်သည့် နေရာဒေသဖြစ်စေ သွားရောက်တာဝန်ထမ်းဆောင် ရမည်ဖြစ်ပြီး ပေးအပ်လာသည့် အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြရမည်ဖြစ်ကြောင်း၊ အလားတူ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းတာဝန်များကို       မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊        တပ်မတော်သား တစ်ဦးချင်းအနေဖြင့် စစ်သားကောင်းပီသစွာ နေထိုင် ကျင့်ကြံခြင်းအားဖြင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင် ကြရမည်ဖြစ်ကြောင်း။
ဝင်ငွေနှင့်ထွက်ငွေ မျှတအောင်သုံးစွဲ


တပ်နေပျော်ရေးအတွက် သက်သာချောင်ချိရေး နှင့်ပတ်သက်၍ တပ်မတော်မှဆောင်ရွက်ပေးထားပြီး သက်ဆိုင်ရာ    တပ်ဌာနချုပ်များအလိုက်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တစ်ဦးချင်းပျော်ပါး စားသောက်မှုကို ထိန်းသိမ်းခြင်းအားဖြင့် မလိုအပ် သော   ငွေဖြုန်းတီးမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး ဝင်ငွေနှင့်ထွက်ငွေကို  မျှတအောင်  သုံးစွဲနိုင်မည် ဖြစ်ကြောင်း၊ အလားတူ တပ်ဌာနချုပ်မှ စီမံဆောင်ရွက် သည့်    တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင်     ဆောင်ရွက်ကြရန် လိုသကဲ့သို့ မိမိတို့တစ်ဦးချင်းအလိုက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ခြင်းဖြင့်     အပိုဝင်ငွေရရှိနိုင်မည်ဖြစ် ကြောင်း၊ ဦးစီးခေါင်းဆောင်ရသူများအနေဖြင့်လည်း မိမိတို့ကွပ်ကဲအုပ်ချုပ်ရသည့် တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်မိသားစုများ၏     ရပိုင်ခွင့်နှင့်    သက်သာ ချောင်ချိရေးကို နည်းလမ်းတကျ မှန်မှန်ကန်ကန်ဖြင့် ဖြည့်ဆည်းဆောင်ရွက်        ပေးရမည်ဖြစ်ကြောင်း၊ တပ်မှူးကောင်းသဖွယ် စိတ်ဓာတ်နှင့် မိဘသဖွယ် စိတ်ဓာတ်   ထားရှိရမည်ဖြစ်ကြောင်း၊ ထိုနည်းတူ လက်အောက်ငယ်သားများအနေဖြင့်လည်း ချမှတ် ထားသည့်  စည်းမျဉ်းစည်းကမ်းများကို  တိကျစွာ လိုက်နာ၍   မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းဖြင့် နေထိုင်ကြရန်လိုကြောင်း၊   မိမိဘဝတက်လမ်းကို ထိခိုက်စေနိုင်သည့် အသောက်အစား၊ အပျော်အပါး တို့ကို ရှောင်ကြဉ်ကြရန်လိုပြီး မိမိဝင်ငွေနှင့် ထွက်ငွေ မျှတအောင် စည်းစနစ်ကျစွာဖြင့် သုံးစွဲကြရမည် ဖြစ်ကာ အသိတရား၊ သတိတရားလက်ကိုင်ထား၍ မိမိဘဝတိုးတက်အောင်  လုပ်ဆောင်ကြရမည်ဖြစ် ကြောင်း။


ပညာရည်သင်ကြားရေးနှင့်ပတ်သက်၍ မိမိတို့ ကိုယ်တိုင် စာပေဖတ်ရှုရန်လိုအပ်သကဲ့သို့ မိမိတို့၏ သားသမီးများ၏ ပညာရည်မြင့်မားရေးကို အားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊    တပ်မတော်သား မိသားစုဝင်များ၏  ပညာရည်မြင့်မားရေးအတွက် လည်း     တပ်မတော်မှ    ငွေကြေးများကုန်ကျခံ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊    မိမိတို့တာဝန် ထမ်းဆောင်ရာဒေသများတွင် မိမိတို့၏ကလေးငယ် များအားလုံး ပညာသင်ကြားနိုင်ရေး ဆောင်ရွက်မှ သာ မိမိတို့၏သားသမီးများအား ပညာအမွေများ ပေးနိုင်မည်ဖြစ်ကြောင်း၊ အလားတူ တပ်နှင့်ပြည်သူတစ်သားတည်းရှိနေစေရန်အတွက် တပ်ပြင်စည်းရုံး ရေးလုပ်ငန်းများအား လက်တွေ့ကျကျဖြင့် ဆောင်ရွက် ကြရန်လိုကြောင်းဖြင့် မှာကြားသည်။


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီဥက္ကဋ္ဌ၊    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က    အရာရှိ၊   စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများပေးအပ်ရာ     ရေတပ်စခန်း ဌာနချုပ်မှူးနှင့် ဇနီးတို့က   လက်ခံရယူကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်   အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကြောင်း သိရသည်။                

သတင်းစဉ်