နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၆)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ ပါဝင်တက်ရောက်မည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆု

နေပြည်တော် မတ် ၂၆

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် မြန်မာ့တပ်မတော်၏ (၇၆) နှစ် မြောက် တပ်မတော်နေ့အခမ်း အနားသို့ ပါဝင်တက်ရောက်မည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယ ကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်နှင့်အတူ ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက် ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး နှင့်အတူ ရုရှားဖက်ဒရေးရှင်း နိုင်ငံ ပြည်သူ့ကောင်စီဥက္ကဋ္ဌနှင့် သမ္မတ၏ သတင်းပြန်ကြားရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr.Pavel GUSEV၊ Head of Moscow Buddhist Society ဖြစ်သူ Mr. Bair B.TSYMPILOV ၊ ရုရှားနိုင်ငံ စစ်ဘက်၊ အရပ်ဘက်မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားနိုင်ငံစစ်သံမှူး Col Sergey S. KURCHENKO တို့ တက်ရောက်ကြသည်။

ဝမ်း‌မြောက်စွာကြိုဆို

တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြန်မာ့တပ်မတော်၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ် လည်နေ့သည် ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်ခဲ့ပြီး COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ကျင်းပနိုင်ခဲ့ခြင်း မရှိသဖြင့် ယခုနှစ်တွင် ကျရောက် သည့် (၇၆)နှစ်မြောက် နှစ်ပတ် လည်နေ့နှင့်ပေါင်း၍ ပြုလုပ်မည် ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ပါဝင်တက်ရောက်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ COVID- 19 ရောဂါဖြစ်ပွားမှုများနှင့် မိမိတို့ နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲ မှုအခြေအနေများအကြားမှ ယခု ကဲ့သို့ ပါဝင်တက်ရောက်ရန် လာရောက်ခြင်းကို ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်းနှင့် မိမိတို့ နှစ်နိုင်ငံသည် အလှမ်းဝေးသော် လည်း တစ်ဦးနှင့်တစ်ဦး လေးစား တန်ဖိုးထားမှုများကို ပိုမိုခိုင်မြဲ စေမည်ဖြစ်ပါကြောင်း ဦးစွာ ပြောကြားသည်။

ဂုဏ်ပြုကြိုဆို

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယ ကာကွယ်ရေးဝန်ကြီးက ပြန်လည် ပြောကြားရာတွင် ယခုကဲ့သို့ မိမိတို့ ကိုယ်စားလှယ်အဖွဲ့အား နွေးထွေးစွာကြိုဆိုသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဖြစ်သူ Army General Sergei Kuzhygetovich Shoigu ကလည်း မြန်မာ့တပ်မတော်၏ (၇၆)နှစ်မြောက် တပ်မတော်နေ့ အတွက် ဂုဏ်ယူဝမ်းမြောက် ကြောင်း သဝဏ်လွှာကိုပေးအပ်လိုက်ပါကြောင်းနှင့် ကာကွယ်ရေး ဝန်ကြီးကိုယ်စား မြန်မာ့ တပ်မတော်၏ (၇၆)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆို ပါသည်ဟု ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ တည်ရှိမှုသမိုင်း ကြောင်းကို လေ့လာခဲ့ရာတွင် မြန်မာ့တပ်မတော်၏ တည်ရှိမှု နှင့် များစွာဆက်နွှယ်နေသည် ကို လေ့လာတွေ့ရှိရပြီး မြန်မာ့ တပ်မတော်မှ နိုင်ငံတော်၏ ပြည်တွင်း၊ ပြည်ပ ရန်စွယ်မှန်သမျှ ကို ခေတ်အဆက်ဆက် မားမား မတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့ မှုကြောင့် မြန်မာနိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းပြီး တည်တံ့ ခိုင်မြဲနေခြင်းဖြစ်သည်ကို လေ့လာ တွေ့ရှိရပါကြောင်း၊ မိမိတို့နှစ်နိုင်ငံ သည် သမိုင်းကြောင်းအရ တူညီမှု ရှိပြီး တပ်မတော်နေ့ အကြိမ် အရေအတွက် များသည်လည်း တူညီမှုရှိကာ ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်ခဲ့သည့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၏ (၇၅) နှစ်မြောက် Victory Day of Great Patriotic War အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို အဆွေတော် ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် တက် ရောက် ချီးမြှင့်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည် ပြောကြားသည်။

ထိန်းကျောင်းလုပ်ဆောင်ခဲ့

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် က မိမိတို့နိုင်ငံ၏ သမိုင်း တစ်လျှောက်ကို ပြန်ကြည့်မည် ဆိုပါက မြန်မာ့တပ်မတော်၏ အရေးပါမှုကို မြင်တွေ့နိုင်မည် ဖြစ်ပြီး လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းမှစ၍ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကို အခက်အခဲမျိုးစုံကြားမှ နိုင်ငံတော် ကြီး မပြိုကွဲအောင် ခေတ်အဆက် ဆက် ထိန်းကျောင်းလုပ်ဆောင်ခဲ့ ရသည်ကို မည်သူမျှငြင်း၍ရနိုင် မည်မဟုတ်ကြောင်း၊ တပ်မတော် အနေဖြင့် ပြည်သူလူထု၏ တောင်းဆိုမှုအရ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိ အောင် လုပ်ဆောင်ပေးခဲ့သော် လည်း မျှော်မှန်းထားသကဲ့သို့ ဖြစ်မလာခဲ့ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ဒီမိုကရေစီ နိုင်ငံရေးကို လိုလားခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မရိုးသားသည့် နိုင်ငံရေးအဖြစ် ပုံဖော်လုပ်ဆောင်ခဲ့ပြီး နိုင်ငံတော် ၏အာဏာကို မတရားသော နည်းလမ်းများဖြင့် ရယူနိုင် ရန် လုပ်ဆောင်ခဲ့မှုများကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော် ၏ တာဝန်ကို ရယူထိန်းသိမ်းခဲ့ ရပါကြောင်း၊ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကြောင့် စစ်မှန် သည့် ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီဖြစ်စေရေး ခေတ္တ တာဝန်ယူ ထိန်းသိမ်းဆောင်ရွက် နေခြင်းသာဖြစ်ပြီး နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းအောင် တည် ဆောက်ပြီးပါက ဒီမိုကရေစီ လမ်းကြောင်းကို ပြန်လည် တည့်မတ်ပေးသွားမည်ဖြစ်ကာ အေးချမ်းတည်ငြိမ်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော် ဖြစ်အောင် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြား သည်။

အပြန်အလှန်ဆွေးနွေး

ဆက်လက်ပြီး နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ လေ့ကျင့်ရေးနှင့် ကဏ္ဍ ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များ၊ သင်တန်း သားများ စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကာကွယ်ဆေး နှင့် နည်းပညာဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီး စဉ်များ အပြန်အလှန်သွားရောက် ရေးဆိုင်ရာကိစ္စရပ်များကို ခင်မင် ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးအား နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုတည်တံ့ခိုင်မြဲရေးကို ပိုမို တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ သဖြင့် ဂုဏ်ထူးဆောင်တံဆိပ် နှင့် ဂုဏ်ထူးဆောင်ဓားကို ဂုဏ်ပြု ပေးအပ်သည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး က ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင် အေးနှင့် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် တို့ကို “တိုက်ပွဲဝင် သွေးသောက် စိတ်မြှင့်တင်မှု” (For Streng-thening of Combat Compa-nionship-in-Arms) ဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်သည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ယင်းနောက် လက်ရှိ မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆူပူ အကြမ်းဖက်မှု ဖြစ်စဉ်များတွင် သိမ်းဆည်းရမိခဲ့သည့် ဆူပူ အကြမ်းဖက်လှုပ်ရှားမှုများတွင် အသုံးပြုလာသော ဒေသန္တရလုပ် လက်နက်၊ ကိရိယာပစ္စည်းများ စသည်တို့ကို ခင်းကျင်းပြသထား ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ ရုရှားသတင်းမီဒီယာ များက လေ့လာကြည့်ရှုခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်