နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ဆေးရုံ ဓာတ်ရောင်ခြည်ကုသဆောင်နှင့် ကင်ဆာရောဂါခွဲစိတ်ကုသဆောင်ဖွင့်လှစ်ပွဲ တက်ရောက်ဖွင့်လှစ်

 

ကင်ဆာရောဂါကုသမှုတွင် အရေးပါသည့် ဓာတ်ရောင်ခြည်ကုထုံးနှင့် ကင်ဆာခွဲစိတ်ကုသမှုများကို အဆင့်မြင့်စွာဖြင့် ဆောင်ရွက်ပေးနိုင်မည်

 

နေပြည်တော်  အောက်တိုဘာ  ၂


ရှမ်းပြည်နယ်တောင်ပိုင်း      အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ ဓာတ်ရောင်ခြည် ကုသဆောင်နှင့် ကင်ဆာရောဂါခွဲစိတ်ကုသဆောင် ဖွင့်လှစ်ပွဲအခမ်း အနားအား   ယနေ့  မွန်းလွဲပိုင်းတွင်   ကျင်းပပြုလုပ် ရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်သည်။


အခမ်းအနားသို့ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး   ရဲဝင်းဦး၊   ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒေါက်တာ သက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိကြီး များ၊  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူး ချုပ်  နီလင်းအောင်၊   ဆေးရုံတပ်မှူး  ဗိုလ်မှူးချုပ်  စောရန်နိုင်၊ တပ်မတော်ပါရဂူများနှင့် ဆေးမှူးများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  ဓာတ်ရောင် ခြည်ကုသဆောင်နှင့်  ကင်ဆာရောဂါ ခွဲစိတ်ကုသ ဆောင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြ သူများက ဓာတ်ရောင်ခြည်ကုသဆောင်နှင့် ကင်ဆာ ရောဂါ  ခွဲစိတ်ကုသဆောင်  ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။


လိုက်လံကြည့်ရှု


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်း အနား တက်ရောက်လာကြသူများက ဓာတ်ရောင် ခြည်ကုသဆောင်နှင့် ကင်ဆာရောဂါ ခွဲစိတ်ကုသ ဆောင်အတွင်း စက်ပစ္စည်းများ တပ်ဆင်ထားမှုအခြေ အနေများအား လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ဆေးရုံတက်ရောက်ကုသလျက်ရှိသူများ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားပြီး  စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ ချီးမြှင့်ငွေများ ပေးအပ်သည်။


ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးနိုင်မည်


ယခုဖွင့်လှစ်သည့် ဓာတ်ရောင်ခြည်ကုသဆောင် နှင့်     ကင်ဆာရောဂါခွဲစိတ်     ကုသဆောင်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ၂၀၁၉ ခုနှစ် ဇွန်လအတွင်း  ခရီးစဉ်လာရောက်စဉ်  ဓာတ်ရောင် ခြည်နှင့် ကင်ဆာရောဂါခွဲစိတ်ကုသဆောင် (၃)ထပ် ဆောက်လုပ်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်   စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ် ကြောင်း၊ ဓာတ်ရောင်ခြည်ကုသဆောင်နှင့် ကင်ဆာ ရောဂါ ခွဲစိတ်ကုသဆောင်အတွင်း တပ်ဆင်ထားသည့် LA စက်ကြီးမှာ အမေရိကန်နိုင်ငံထုတ် Varian Series Vital Beam ဖြစ်ပြီး     ၎င်းနှင့်အတူ    16 Slice CT Simulator တို့အား တွဲဖက်တပ်ဆင်ထားကြောင်းနှင့် ကင်ဆာရောဂါကုသမှုတွင် Multidisplinary Appro-ach ဟုခေါ်သည့် ကင်ဆာရောဂါ ကုသမှုပါရဂူ၊ ခွဲစိတ် ပါရဂူ၊  ဓာတ်ရောင်ခြည်ပါရဂူ၊  ဓာတ်မှန်ပါရဂူ၊  နှလုံး ပါရဂူ    စသည့်ပါရဂူများပါဝင်သည့်   Team  ဖြင့် ကုသရခြင်းဖြစ်သဖြင့်  ယခုအခါ  အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံတွင် ရှမ်းပြည်နယ်နှင့် ကယား ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများနှင့်  မိသားစုဝင်များ၊  ဒေသခံ ပြည်သူများအတွက်    ကင်ဆာရောဂါကုသမှုတွင် အရေးပါသည့် ဓာတ်ရောင်ခြည်ကုထုံးနှင့် ကင်ဆာ ခွဲစိတ်ကုသမှုများကို အဆင့်မြင့်စွာဖြင့် ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပြီး ကင်ဆာလူနာများအား ပြည့်စုံစွာ ဖြင့်   တစ်နေရာတည်းတွင်   ပြည့်စုံစွာဖြင့်   ကုသ ဆောင်ရွက်မှု ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ် သည်။ အဆိုပါတပ်မတော်ဆေးရုံတွင် တစ်နှစ်ခွဲတာကာလ အတွင်း   ကင်ဆာရောဂါနှင့်   ကင်ဆာရောဂါနှင့် ပတ်သက်သည့် ရောဂါများအား ကုသပေးခဲ့မှုအနေ ဖြင့် အရာရှိ၊ စစ်သည်မိသားစု ၂၄၂ ဦးနှင့် ဒေသခံ ပြည်သူ ၂၇၆ ဦး စုစုပေါင်း ၅၁၈ ဦးအား  ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်