နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ကျင်းပပြုလုပ်လျက်ရှိသည့်InternationalArmyGames-2021ပိတ်ပွဲအခမ်းအနားသို့တက်ရောက်မည့်ကိုယ်စားလှယ်အဖွဲ့ အားပို့ဆောင်နှုတ်ဆက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 
ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်မည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် 
ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကိုယ်စားလှယ်အဖွဲ့အား ပို့ဆောင်နှုတ်ဆက်

 

နေပြည်တော်  စက်တင်ဘာ  ၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်      ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Kuzhuge-tovich Shoigu  ၏    ဖိတ်ကြားချက်အရ   ရုရှား ဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပိတ်ပွဲအခမ်း အနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာမည့်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အား  ယနေ့  နံနက်ပိုင်းတွင် လေဆိပ်၌   ပို့ဆောင် နှုတ်ဆက်သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ       ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီ အဖွဲ့ဝင်များ၊     ကောင်စီအတွင်းရေးမှူး၊     ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ   တပ်မတော် အရာရှိကြီးများ၊    မြန်မာနိုင်ငံဆိုင်ရာ    ရုရှားဖက် ဒရေးရှင်းနိုင်ငံသံရုံးမှ    သံရုံး    ဒုတိယအကြီးအကဲ Mr. Pavel Klabukov နှင့်  တာဝန်ရှိသူများက  နိုင်ငံ တော်     စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ၊    ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ အား လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။


လိုက်ပါသွားကြ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယ ဥက္ကဋ္ဌ၊   ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ  ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း)မှ      ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့်  တပ်မတော်အရာရှိကြီးများ  လိုက်ပါ သွားကြကြောင်းနှင့် ခရီးစဉ်အတွင်း International Army    Games-2021     ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း၊      ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းနှင့်        အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများ  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်