နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော်   ဇွန်   ၂၇


နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊      တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ သည်  ယနေ့  ညနေပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirsk မြို့၊   Tolmachevo   လေဆိပ်မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်သို့    အပြည်ပြည်ဆိုင်ရာ     မြန်မာလေကြောင်း (MAI) မှ အထူး လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာ ရာ   Siberian   ဒေသ  ဒုတိယ အုပ်ချုပ်ရေးမှူး  Mr. Petuhov Yuri Frogravich၊ Higher Military Command School ကျောင်းအုပ် ကြီး၊ တပ်မ ၄၁ ယာယီတပ်မမှူးနှင့်  တာဝန်ရှိသူများ၊ ရုရှားနိုင်ငံဆိုင်ရာ       မြန်မာနိုင်ငံသံရုံးမှ    သံရုံးယာယီ တာဝန်ခံ ဦးဇော်လင်းဦး၊ စစ်သံမှူး     ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန် ရှိသူများက             လေဆိပ်တွင်     လိုက်လံပို့ဆောင် နှုတ်ဆက်ကြ သည်။


ပြန်လည်လိုက်ပါလာ


နိုင်ငံတော်   စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊      တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ်  လိုက်ပါသွားကြသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး        ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီ  တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး    ရဲဝင်းဦး၊ ကာကွယ်ရေး   ဦးစီးချုပ်    (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ    တပ်မတော် အရာရှိကြီးများ၊    နေပြည်တော် ကောင်စီဥက္ကဋ္ဌ       မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်၊ ရင်းနှီး မြှုပ်နှံမှုနှင့်      နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးသန်းအောင်ကျော်နှင့် မြန်မာ့တပ်မတော်မှ ထူးချွန်ဆုရ  အရာရှိများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါ လာခဲ့ကြသည်။


ဆွေးနွေးဆောင်ရွက်နိုင်


ခရီးစဉ်အတွင်း  (၉)  ကြိမ် မြောက်     နိုင်ငံတကာလုံခြုံရေး ဆိုင်ရာညီလာခံ (MCIS-2021)သို့  ပါဝင်တက်ရောက်ဆွေးနွေးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မှ တာဝန်ရှိ သူများနှင့်  တွေ့ဆုံဆွေးနွေးခြင်း တို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ် များနှင့်   စက်ရုံ၊   အလုပ်ရုံများသို့ သွားရောက်        လေ့လာခဲ့ကြပြီး နှစ်နိုင်ငံအစိုးရနှင့်      တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီး မှုနှင့် စစ်ဘက်နည်းပညာဆိုင်ရာ ကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ သုတေသနလုပ်ငန်း           ကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်    ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍနှင့် ယဉ်ကျေး မှုကဏ္ဍတို့တွင်     ပိုမိုတိုးတက် ခိုင်မာအောင်   ဆွေးနွေးဆောင် ရွက်နိုင်ခဲ့သည်။


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး   ဦးစီး ချုပ်  ဦးဆောင်သည့်  ကိုယ်စား လှယ်အဖွဲ့သည် မြန်မာစံတော်ချိန် ယနေ့ည    ၁၁  နာရီခန့်တွင် နေပြည်တော်       တပ်မတော် လေဆိပ်သို့ ပြန်လည်ရောက်ရှိကြ ရာ ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ  တပ်မတော်   ကာကွယ်ရေးဦးစီး ချုပ်      ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊   ကောင်စီဝင်များ၊   ပြည် ထောင်စု ဝန်ကြီးများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံး        (ကြည်း)  မှ တပ်မတော်     အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်   ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး  H.E.Mr. Nikolay A.Listopadov နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆို      နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။      

 

သတင်းစဉ်