
နေပြည်တော် ဇွန် ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူ များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် Republic of the Tatarstan၊ Kazan မြို့တော်ရှိ Kazan Higher Tank Red Banner Command School သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား Kazan Higher Tank Red Banner Command School မှ ခေတ္တကျောင်းအုပ်ကြီး Colonel Alexander Urin နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ခေတ္တ ကျောင်းအုပ်ကြီးက သင်တန်းကျောင်း ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းချုပ်ကို ရှင်းလင်းပြောကြားကာ ပြည်ပမှ သင်တန်း သားများ လာရောက်ပညာသင်ကြားပါက နေထိုင်နိုင်ရေး တည်ဆောက်ထားရှိသည့် အခြေအနေများ၊ သင်တန်းသားများအား တင့်ကားအစစ်ဖြင့် လေ့ကျင့်ပါက လေ့ကျင့်မှုကုန်ကျစရိတ်နှင့် တင့်ကား၏ စွမ်းဆောင်ရည်ပိုင်းကိုလည်း ထိခိုက် စေနိုင်သည့်အတွက် အမျိုးမျိုးသော Tank Simulator များဖြင့် စနစ်တကျသင်ကြား လေ့ကျင့်ပြီးမှသာလျှင် တင့်ကားအစစ် များဖြင့် လေ့ကျင့်ပေးလျက်ရှိသည့် အခြေအနေများ၊ အရေးပေါ်အခြေအနေ နှင့် ကမ်းတက်စစ်ဆင်ရေးများတွင် ရေကူးကျွမ်းကျင်မှုနှင့် ရေအောက်တွင် လှုပ်ရှားသွားလာ၍ တင့်ယာဉ်များအား ထိန်းသိမ်းနိုင်ရေးအတွက် ရေကူး၊ ရေငုပ် လေ့ကျင့်ခန်းများ လေ့ကျင့်သင်ကြား ပေးနေမှု အခြေအနေများကို လိုက်လံ ရှင်းလင်းပြသရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည် များအား ပြန်လည်မေးမြန်းဆွေးနွေး ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ခေတ္တကျောင်းအုပ်ကြီးတို့ သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ် တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့သည်။
အဆိုပါ Kazan Higher Tank Red Banner Command School ကို ၁၉၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၀၂ ခန့်ကြာမြင့်ပြီဖြစ်သည့် သမိုင်းအစဉ်အလာ ကြီးမားသည့် သင်တန်းကျောင်းတစ်ခု ဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူးအဆင့် သင်တန်းအထိ သင်ကြားလေ့ကျင့်ပေးလျက်ရှိပြီး ယာဉ် မောင်းနှင်မှုအပြင် အခြားကိုယ်ခန္ဓာ ကြံ့ခိုင်မှုနှင့် စစ်ပညာကျွမ်းကျင်မှု သင်တန်းများကိုပါ ဘက်စုံကျွမ်းကျင်မှု ရှိအောင် သင်ကြားလေ့ကျင့်ပေးလျက်ရှိ ကြောင်း၊ သင်တန်းဆင်းပြီး တင့်တပ်ခွဲမှူး များကို စစ်မြေပြင်တွင် ချက်ချင်းကွပ်ကဲ အုပ်ချုပ်နိုင်သည်အထိ လေ့ကျင့်ပေးထား ပြီးဖြစ်ပြီး လိုအပ်ပါက တင့်ကားတပ်ရင်း ခေါင်းဆောင်အဖြစ် ကွပ်ကဲအုပ်ချုပ်နိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်း ကျောင်းမှ သင်တန်းဆင်းပြီး အရာရှိများ သည် အမျိုးမျိုးသော တင့်ကားအမျိုး အစားများကို မောင်းနှင်အသုံးပြုနိုင်မည် ဖြစ်ကြောင်းနှင့် ကွပ်ကဲအုပ်ချုပ်မှုကောင်း သည့် ခေါင်းဆောင်များအဖြစ် တာဝန် ထမ်းဆောင်နိုင်စေရန် လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျက်ရှိကြောင်း၊ ရုရှား တပ်မတော်စစ်ဦးစီးချုပ် Army General V.V Gerasimov တက်ရောက်အောင်မြင် ခဲ့သည့် သင်တန်းကျောင်းလည်းဖြစ် ပြီး သင်တန်းဆင်းအရာရှိများအနက်မှ ဗိုလ်ချုပ်အဆင့်အထက်အရာရှိ ဦးရေ ၁၀၀ ကျော်နှင့် သူရဲကောင်းဘွဲ့ရရှိသူ ၁၀ ဦးအထိရှိပြီဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်