
နေပြည်တော် ဇွန် ၂၆
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုး နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် Republic of the Tatarstan၊ Kazan မြို့တော်ရှိ Kazan Higher Tank Red Banner Command School သို့ သွားရောက်ကြည့်ရှုလေ့လာ ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ ဝင်များအား Kazan Higher Tank Red Banner Command School မှ ခေတ္တကျောင်းအုပ်ကြီး Colonel Alexander Urin နှင့် တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များအား ခေတ္တ ကျောင်းအုပ်ကြီးက သင်တန်း ကျောင်းဖြစ်ပေါ်လာပုံ သမိုင်း အကျဉ်းချုပ်ကို ရှင်းလင်းပြော ကြားကာ ပြည်ပမှ သင်တန်းသား များ လာရောက်ပညာသင်ကြား ပါက နေထိုင်နိုင်ရေးတည်ဆောက် ထားရှိသည့် အခြေအနေများ၊ သင်တန်းသားများအား တင့်ကား အစစ်ဖြင့် လေ့ကျင့်ပါက လေ့ကျင့် မှု ကုန်ကျစရိတ်နှင့် တင့်ကား ၏ စွမ်းဆောင်ရည်ပိုင်းကို လည်း ထိခိုက်စေနိုင်သည့်အတွက် အမျိုးမျိုးသော Tank simulator များဖြင့် စနစ်တကျ သင်ကြား လေ့ကျင့်ပြီးမှသာလျှင် တင့်ကား အစစ်များဖြင့် လေ့ကျင့်ပေးလျက် ရှိသည့် အခြေအနေများ၊ အရေး ပေါ်အခြေအနေနှင့် ကမ်းတက် စစ်ဆင်ရေးများတွင် ရေကူး ကျွမ်းကျင်မှုနှင့် ရေအောက်တွင် လှုပ်ရှားသွားလာ၍ တင့်ယာဉ် များအား ထိန်းသိမ်းနိုင်ရေး အတွက် ရေကူး၊ ရေငုပ် လေ့ကျင့် ခန်းများကို လေ့ကျင့်သင်ကြား ပေးနေမှု အခြေအနေများကို လိုက်လံရှင်းလင်း ပြသရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိ လိုသည်များအား ပြန်လည် မေးမြန်းဆွေးနွေးခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်နှင့် ခေတ္တကျောင်းအုပ်ကြီးတို့ သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်း များ အပြန်အလှန်ပေးအပ်ခဲ့သည်။
အဆိုပါ Kazan Higher Tank Red Banner Command School ကို ၁၉၁၉ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၀၂ ခန့် ကြာမြင့်ပြီဖြစ်သည့် သမိုင်းအစဉ်အလာ ကြီးမားသည့် သင်တန်းကျောင်း တစ်ခုဖြစ် ကြောင်း၊ သင်တန်းကျောင်းတွင် တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး အဆင့်သင်တန်းအထိ သင်ကြား လေ့ကျင့်ပေးလျက်ရှိပြီး ယာဉ် မောင်းနှင်မှုအပြင် အခြား ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် စစ်ပညာ ကျွမ်းကျင်မှု သင်တန်းများကိုပါ ဘက်စုံ ကျွမ်းကျင်မှုရှိအောင် သင်ကြား လေ့ကျင့်ပေးလျက်ရှိ ကြောင်း၊ သင်တန်းဆင်းပြီး တင့်တပ်ခွဲမှူးများကို စစ်မြေပြင် တွင် ချက်ချင်းကွပ်ကဲအုပ်ချုပ် နိုင်သည်အထိ လေ့ကျင့်ပေးထား ပြီးဖြစ်ပြီး လိုအပ်ပါက တင့်ကား တပ်ရင်း ခေါင်းဆောင်အဖြစ် ကွပ်ကဲ အုပ်ချုပ်နိုင်မည်ဖြစ် ကြောင်းနှင့် အဆိုပါ သင်တန်း ကျောင်းမှ သင်တန်းဆင်းပြီး အရာရှိများသည် အမျိုးမျိုးသော တင့်ကား အမျိုးအစားများကို မောင်းနှင် အသုံးပြုနိုင်မည်ဖြစ် ကြောင်းနှင့် ကွပ်ကဲအုပ်ချုပ်မှု ကောင်းသည့် ခေါင်းဆောင်များ အဖြစ် တာဝန်ထမ်းဆောင်နိုင် စေရန် လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျက် ရှိကြောင်း၊ ရုရှား တပ်မတော်စစ်ဦးစီးချုပ် Army General V.V Gerasimov တက်ရောက် အောင်မြင်ခဲ့သည့် သင်တန်းကျောင်းလည်းဖြစ်ပြီး သင်တန်းဆင်း အရာရှိများအနက် မှ ဗိုလ်ချုပ်အဆင့်အထက်အရာရှိ ဦးရေ ၁၀၀ ကျော်နှင့် သူရဲကောင်း ဘွဲ့ရရှိသူ ၁၀ ဦးအထိ ရှိပြီဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်