
နေပြည်တော် ဇွန် ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu က မော်စကိုမြို့ရှိ RADISSON Hotel ၌ တည်ခင်းဧည့်ခံသည့် (၉) ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021)) အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့ ယမန်နေ့ ညပိုင်းတွင် ညီလာခံသို့တက်ရောက်ခဲ့ကြသည့် နိုင်ငံအသီးသီး မှ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ တက်ရောက်သည်။
ဦးစွာ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ် များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် ရုရှား တပ်မတော်မှ အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးက ယခုကဲ့သို့ ညီလာခံ အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ညစာကို အတူတကွသုံးဆောင်ကြသည်။
ညစာသုံးဆောင်နေစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု တေးဂီတအဖွဲ့က ရိုးရာ တေးသီချင်းများ၊ ယဉ်ကျေးမှုအကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်