နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ “ဂုဏ်ထူးဆောင်ပါမောက္ခ” ဘွဲ့ ပေးအပ်ချီးမြှင့်

နေပြည်တော်  ဇွန်  ၂၄


(၉)ကြိမ်မြောက်  နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ  (Moscow Conference on   International   Security-2021 (MCIS-2021))သို့  ပါဝင်တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား    ရုရှားဖက်ဒရေးရှင်းနိုင်ငံ    စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ “ဂုဏ်ထူးဆောင်ပါမောက္ခ”  ဘွဲ့ပေးအပ်ချီးမြှင့်ခြင်း   အခမ်းအနားကို ဇွန် ၂၃ ရက်  ညနေပိုင်းတွင်   အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်သည်။


ကြည့်ရှုလေ့လာ


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်  အခမ်းအနားပြုလုပ်မည့် အဆိုပါ စစ်တက္ကသိုလ်သို့  ရောက်ရှိကြရာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး နှင့်   တာဝန်ရှိသူများက   ကြိုဆိုနှုတ်ဆက်ကြပြီး   စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးက  ကျောင်းမှနည်းပြများနှင့်  မိတ်ဆက်ပေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်    အဖွဲ့ဝင်များ သည်  စစ်တက္ကသိုလ်စာကြည့်တိုက်ကို ကြည့်ရှုလေ့လာကြရာ တာဝန် ရှိသူများက  လိုက်လံရှင်းလင်းပြသသည်။  


ယင်းနောက် စစ်တက္ကသိုလ်မှ ကျောင်းအုပ်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး အီဂေါမီ ရှုသ်ကင် (Lieutenant   General    Lgor   Mishutkin)က                     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးတက် ခိုင်မာအောင်ဆောင်ရွက်နိုင်မှု၊   စစ်ဘက်နည်းပညာဆိုင်ရာ   ဖွံ့ဖြိုး တိုးတက်စေရေး ပူးပေါင်းဆောင်ရွက်မှု၊  ပညာတော်သင်  သင်တန်းသား များကို                                          


စေလွှတ်ခြင်းဖြင့် နှစ်နိုင်ငံတပ်မတော်နှင့် အစိုးရနှစ်ရပ်အကြား  ချစ်ကြည်ရင်းနှီး မှုကို တိုးတက်ခိုင်မာအောင် စွမ်းဆောင် နိုင်မှုတို့ကြောင့် စစ်တက္ကသိုလ်မှ ဘုတ်အဖွဲ့ များ၏ ဆုံးဖြတ်ချက်အရ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့   ပေးအပ်ချီးမြှင့်ရခြင်းဖြစ် ကြောင်း     ရှင်းလင်းပြောကြားသည်။ ထို့နောက်  ကျောင်းအုပ်ကြီးက    ရုရှား ဖက်ဒရေးရှင်းနိုင်ငံ      စစ်ဘက်ဆိုင်ရာ တက္ကသိုလ်(Military      University    of Defence Ministry)၏   “ဂုဏ်ထူးဆောင် ပါမောက္ခ”ဘွဲ့ (Honorary Professor of the  Russian  Military   University) အဆောင်အယောင်များ    ဖြစ်ကြသည့်    ဘွဲ့ဝတ်ရုံ၊    ခေါင်းဆောင်း၊  ဘွဲ့တံဆိပ်၊  ဘွဲ့လက်မှတ်နှင့်   ဂုဏ်ပြုမှတ်တမ်းလွှာ တို့ကို   ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က  လက်ခံရယူ သည်။ ထို့ပြင် စစ်တက္ကသိုလ်၏  နှစ်   ၁၀၀  ပြည့်အထိမ်းအမှတ်    ရင်ထိုးတံဆိပ်ကို လည်း      ဂုဏ်ပြုတပ်ဆင်ပေးသည်။            ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်နေစဉ်အတွင်း အဆိုပါ စစ်တက္ကသိုလ်မှ ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ   နိုင်ငံတော်သီချင်းကို  ဂုဏ်ပြု တီးမှုတ်ကြသည်။


ကျေးဇူးတင်စကားပြောကြား


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယခုကဲ့သို့  “ဂုဏ်ထူးဆောင် ပါမောက္ခ” ပေးအပ်ချီးမြှင့်ခြင်းခံရသည့် အတွက်  ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ကျေးဇူးတင်စကား    ပြောကြားရာတွင်      ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမိုင်းကြောင်း ကောင်းမွန်လှသည့် ယခုစစ်တက္ကသိုလ်မှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ ကို လက်ခံရရှိခဲ့သည့်အတွက်  အထူးပင် ဝမ်းမြောက်      ဂုဏ်ယူမိပါကြောင်း၊ ဂုဏ်ထူးဆောင်ပါမောက္ခ၏  ဂုဏ်ဒြပ်နှင့် အညီ   ရုရှား-မြန်မာ  စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု     လုပ်ငန်းများ၊ နှစ်နိုင်ငံ စစ်ဘက်-အရပ်ဘက်  လူမှုအဖွဲ့ အစည်းအတွက် အကျိုးရှိစေမည့်ကိစ္စရပ် များ၊ ယဉ်ကျေးမှု၊  စစ်ဘက်နည်းပညာနှင့် သိပ္ပံနည်းပညာရပ်ဆိုင်ရာများ    ဖွံ့ဖြိုး တိုးတက်ရေးအတွက်   မိမိကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ဆက်လက်ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်   ဖြစ်ကြောင်းနှင့် နယ်ပယ်ပေါင်းစုံတွင်  ဆက်ဆံရေးတိုးမြင့် ခိုင်မာအောင်  ဆောင်ရွက်သွားမည်ဖြစ် ကြောင်းပြောကြားသည်။


မိတ်ဆက်ပေး


ယင်းနောက်  မြန်မာ့တပ်မတော်မှ စစ်တက္ကသိုလ်၊  တပ်မတော်နည်းပညာ တက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်(ကြည်း)    ဗိုလ်သင်တန်း ကျောင်း(ဗထူး)၊    တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း    (မှော်ဘီ)နှင့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်တို့မှ  သင်တန်းဆင်းထူးချွန် ဆုရ အရာရှိများနှင့် မိတ်ဆက်ပေးသည်။ ယင်းနောက် စစ်တက္ကသိုလ်ကျောင်းအုပ် ကြီးက  နှုတ်ဆက်စကားပြောကြားသည်။ 


လှည့်လည်ကြည့်ရှု


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်    အဖွဲ့ဝင်များသည် ကျောင်းပြတိုက်အား  လှည့်လည်ကြည့်ရှု လေ့လာကြပြီး  ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင်   လက်မှတ်ရေးထိုးသည်။ ယင်းနောက်    ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးအား  နိုင်ငံတကာ ကပေးအပ်ထားသော  လက်ဆောင်များ ပြခန်းကို ကြည့်ရှုလေ့လာကြပြီး နှစ်နိုင်ငံ အထိမ်းအမှတ်တံဆိပ်နှင့်  လက်ဆောင် ပစ္စည်းများ  အပြန်အလှန်ပေးအပ်ကြ သည်။ 


ပြောင်းလဲဖွင့်လှစ်ခဲ့


မော်စကိုမြို့တွင် ဖွင့်လှစ်ထားရှိသည့် စစ်ဘက်ဆိုင်ရာတက္ကသိုလ်  (Military University of Defence Ministry) သည် ရုရှားနိုင်ငံ၏ ရှေးအကျဆုံး တက္ကသိုလ် များအနက်တစ်ခုဖြစ်ပြီး   ၁၉၁၉  ခုနှစ် နိုဝင်ဘာ ၅ ရက်တွင်    သင်တန်းကျောင်း အနေဖြင့်  ဖွင့်လှစ်ခဲ့ရာမှ     ၁၉၇၄   ခုနှစ် ဇူလိုင် ၂၀ ရက်တွင်     စစ်ဘက်ဆိုင်ရာ ကောလိပ်တစ်ခုအဖြစ်      ပြောင်းလဲခဲ့ ကြောင်း၊ ထို့နောက် ၁၉၉၄ ခုနှစ်  ဇူလိုင် ၂၀ ရက်တွင် ယခုကဲ့သို့ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်အဖြစ်     ပြောင်းလဲဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်း၊    တက္ကသိုလ်တွင် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ပညာရပ်များ၊ သိပ္ပံပညာရပ်များ၊    စီးပွားရေးဆိုင်ရာ ပညာရပ်များနှင့်  တရားဥပဒေရေးရာ ပညာရပ်များကို သက်ဆိုင်ရာနှစ်အလိုက် သင်ကြားပေးလျက်ရှိကြောင်း၊ ထို့ပြင် Vladimir   Lenin  စစ်ဘက်ဆိုင်ရာနိုင်ငံရေးသင်တန်းကျောင်း၊  နိုင်ငံခြားဘာသာ စကားဆိုင်ရာ စစ်ဘက် သင်တန်းကျောင်း၊ ဥပဒေရေးရာစစ်ဘက်သင်တန်းကျောင်း၊ ဘဏ္ဍာရေးဆိုင်ရာ  စစ်ဘက်သင်တန်း ကျောင်း၊ Lviv စစ်ဘက်ဆိုင်ရာနိုင်ငံရေး သင်တန်းကျောင်းနှင့်    မော်စကို  မှန်လုံ အိမ်စိုက်ပျိုးရေး       နည်းပညာဆိုင်ရာ စစ်ဘက်သင်တန်းကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းနှင့် တက္ကသိုလ်မှ  မွေးထုတ်ပေးလိုက်သည့် ကျောင်းဆင်း   ဗိုလ်လောင်းများသည် ရုရှားတပ်မတော်၏  တပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။                

သတင်းစဉ်