<p>နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊<br /> ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ</p>

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊
ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်သည်  ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်    ငုရွှေဝါခန်းမ၌   မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တက်ရောက်
တွေ့ဆုံပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နှင့်  တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ မြဝတီဘဏ်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ အင်းဝဘဏ် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ကမ္ဘောဇဘဏ်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်၊ ဧရာဝတီဘဏ်  ဒုတိယဥက္ကဋ္ဌ   ဒေါ်ခင်စောဦး၊     သမဝါယမဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ မြန်မာ့ရှေ့ဆောင်ဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းမင်းခိုင်၊ ယူအေဘီ ဘဏ်ဥက္ကဋ္ဌ   ဦးနေအောင်၊  အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်   ဒုတိယဥက္ကဋ္ဌ ဦးထူးထက်တေဇ၊ ထွန်းကော်မာရှယ်ဘဏ် ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ရွှေဘဏ်ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ သတ္တုဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ ဦးရုံးမူ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် CEO ဒေါက်တာဇေယျာညွန့်၊ မြန်မာနိုင်ငံသားများ ဘဏ်ဥက္ကဋ္ဌ ဦးတိုးအောင်မြင့်၊ ပထမပုဂ္ဂလိကဘဏ် CEO ဦးမြင့်ဇော်၊ ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိန်းဝေ၊ မြန်မာအရှေ့တိုင်းဘဏ်ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်သန်း၊ ကမ္ဘာ့ ရတနာဘဏ် CEO ဦးကိုကိုအောင်၊                  

 


ကျေးလက်ဖွံ့ဖြိုးရေးဘဏ် CEO ဦးအေးကျော်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် CEO ဦးအောင်ကျော်ငြိမ်း၊ မြန်မာမက်ထရိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်ဝင်းနိုင်၊ ဆောက်လုပ်ရေးအိမ်ရာနှင့်  အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ  ဦးမင်းထိန်၊  ဧရာဝတီတောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိန်၊ ဂုဏ်ထူးဆောင်တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်  ဒုတိယဥက္ကဋ္ဌ ဦးရဲမြင့်၊ မြန်မာ့ခရီးသွားဘဏ်ဥက္ကဋ္ဌ ဦးရန်ဝင်း၊ ရန်ကုန်မြို့တော်ဘဏ် CEO ဦးကျော်သန်း နှင့် တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်းတို့ တက်ရောက် ကြသည်။


တစ်ဦးချင်းမိတ်ဆက်


ရှေးဦးစွာ တက်ရောက်လာကြသည့် ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက တစ်ဦးချင်းမိတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်  မိမိတို့ ယခုလိုတွေ့ဆုံခြင်းမှာ အခြေအနေအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးခြင်းဖြစ် ကြောင်း၊ တိုင်းပြည်တစ်ခု၏ အဓိကမောင်းနှင်အားမှာ စီးပွားရေးဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်ပါက တိုင်းပြည်တိုးတက်မည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းများထဲတွင် ဘဏ်လုပ်ငန်းသည် အရေးကြီးကြောင်း၊ နိုင်ငံတကာတွင် လည်း ဘဏ်များ၏အခန်းကဏ္ဍအား ထိထိရောက်ရောက် ဆောင်ရွက်နိုင်သည့် နိုင်ငံများသည် စီးပွားရေးတိုးတက်ကောင်းမွန်သည်ကို တွေ့ရှိရကြောင်း။
ယမန်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့်  ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး တိုင်းပြည်စီးပွားရေး ပြန်လည်ကောင်းမွန်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း၊ ကုန်ဈေးနှုန်းကျဆင်းရန် တာဝန်ရှိသူအားလုံးက  အသိတရားရှိရှိဖြင့်  ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   ထုတ်ကုန်များ ပေါပေါများများထုတ်လုပ်နိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင် ပေးရန် လိုအပ်ကြောင်း၊ အလုပ်အကိုင်ရှိပါက ဝင်ငွေရရှိနေမည်ဖြစ်ကြောင်း၊ အလုပ်ရှင်များဘက်ကကြည့်ပါက လုပ်ငန်းလည်ပတ်နေသည့်အတွက် ထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်ပြီး ဝင်ငွေရရှိနေမည် ဖြစ်ကြောင်း၊ ယင်းအချက် များသည် အခြေခံကျကြောင်း၊ မိမိအနေဖြင့် လုပ်ငန်းများကို ပုံမှန်လည်ပတ်နေ စေလိုကြောင်း၊ လုပ်ငန်းများ ပုံမှန်လည်ပတ်ရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက  ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယင်းအမိန့်များကိုလည်း လိုအပ်သည် များမှလွဲ၍     ပြောင်းလဲဆောင်ရွက်သွားမည်မဟုတ်ကြောင်း၊   လုပ်ငန်းများ လုပ်ဆောင်ရာတွင်   ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ    လုပ်ဆောင်ရန်နှင့် တာဝန်ယူရန်လိုအပ်ကြောင်းကို ပြောကြားခဲ့ကြောင်း။
တွေ့ဆုံခြင်းဖြစ်


ယခုတက်ရောက်လာကြသူများသည် ငွေကြေးနှင့်ပတ်သက်သည့် လုပ်ငန်း များကို လုပ်ကိုင်နေကြသူများဖြစ်ကြောင်း၊ ယမန်နေ့က တွေ့ဆုံခဲ့သည့် လုပ်ငန်း ရှင်များသည် ဘဏ်လုပ်ငန်းရှင်များမှ စီးဆင်းလာသည့်ငွေဖြင့် လုပ်ကိုင်ဆောင် ရွက်နေကြရသည့်အတွက် ဘဏ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံရန် လိုအပ်သည်ဟု ယူဆသည့်အတွက် ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်ကြောင်း၊ စီးပွားရေး၏ အဓိက မောင်းနှင်အားမှာ   ဘဏ်များဖြစ်ကြောင်း၊  ထို့ကြောင့် ဘဏ်လုပ်ငန်းများနှင့် ပတ်သက်၍ စနစ်တကျနှင့် ထိထိရောက်ရောက် လည်ပတ်စေလိုကြောင်း၊ မိမိ အနေဖြင့် ပြည်တွင်းဘဏ်များကို အားပေးကြောင်း၊ တစ်နိုင်ငံလုံးတွင် ဘဏ် လုပ်ငန်းများရှိပါက အကောင်းဆုံးဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ဘဏ်တွင် အချိန်ကုန်ခံပြီး ဆောင်ရွက်နေရမည့်အစား လွယ်လွယ်ကူကူဖြင့် ဆောင်ရွက်၍ ရသည့်စနစ်ကို သွားစေချင်ကြောင်း၊ မိမိတို့နိုင်ငံအတွင်းရှိ အီလက်ထရွန်နစ်ဖြင့် ဆောင်ရွက်သည့်     ဘဏ်လုပ်ငန်းစနစ်ကိုလည်း    တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်အတွက် အားပေးကြောင်း၊ သို့သော် စနစ်တကျဖြင့် လည်ပတ်  ရန် လိုအပ်ကြောင်း၊ ဘဏ်လုပ်ငန်းရှင်များ၏ ဆောင်ရွက်လိုသည့်အချက်များနှင့် လိုအပ်ချက်များကိုသိလိုကြောင်း၊ ၅၀၀၀ ကျပ်တန်နှင့် ၁၀၀၀၀ ကျပ်တန်များအား ဖျက်သိမ်းမည်ဟု ကောလာဟလ သတင်းများထွက်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ထုတ်ဝေပြီးသည့် ပိုက်ဆံများကိုဖျက်သိမ်းမည်မဟုတ်ဟု ပါရှိပြီးဖြစ် ကြောင်း၊ ထို့ကြောင့် လိုအပ်သည့်ထုတ်ပြန်ချက်များ ထုတ်ပြန်ဆောင်ရွက်ပေး ခဲ့ကြောင်း။
မိမိတို့အနေဖြင့်   လက်ရှိနိုင်ငံတော်က   ဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံတကာဆက်ဆံရေးတို့နှင့်စပ်လျဉ်း၍ မူဝါဒများ လုံးဝမပြောင်းလဲကြောင်း၊ မိမိတို့သည်  ခေတ္တခဏ  တာဝန်ယူကြသူများသာ ဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံခြင်းတွင် တိုင်းပြည်၏ မောင်းနှင်အားတစ်ခုဖြစ်သည့် ဘဏ်လုပ်ငန်းရှင်များအနေဖြင့် မည်သို့ပါဝင်မည်၊ မိမိတို့ မည်သည့်ကိစ္စများကို ပံ့ပိုးဆောင်ရွက်ပေးရမည်ကို  သိရှိလိုကြောင်း၊  တင်ပြချက်များနှင့်စပ်လျဉ်း၍ လတ်တလောဖြေရှင်းပေးရမည့်အချက်များကို လတ်တလောဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊   ရေရှည်ဆောင်ရွက်ရမည့်   လုပ်ငန်းစဉ်များကို လမ်းကြောင်းမှန်ပေါ်ရောက်အောင်     ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေးတင်ပြ
ယင်းနောက်   မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ   ဦးခင်မောင်အေး၊ နာယက ဦးသိန်းထွန်း၊  ယူအေဘီဘဏ်ဥက္ကဋ္ဌ  ဦးနေအောင်၊ ဧရာဝတီဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ ရွှေဘဏ်ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့က ငွေကြေး၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်သွယ်မှုမူဝါဒများ ပြုပြင်ပြောင်းလဲပေးရန်ကိစ္စ၊ ပြည်ပဘဏ်များ ကိစ္စနှင့် အမျိုးသားအကျိုးစီးပွား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ပေးရန် ကိစ္စ၊ အတိုးနှုန်းလျှော့ချရေးနှင့်စပ်လျဉ်း၍ အချိန်ယူစဉ်းစားပေးရန်ကိစ္စ၊ နယ်စပ် ကုန်သွယ်မှုတွင် ပြည်ပငွေသုံးစွဲခွင့်ရရှိရန်ကိစ္စ၊ Digital Payment ပြုပြင်ပြောင်း လဲသွားရန်ကိစ္စ၊ ဘဏ်များကဆောင်ရွက်နေသည့် အသေးစားချေးငွေကိစ္စနှင့် အာမခံလုပ်ငန်းများ  အောင်မြင်စွာ  ဖော်ဆောင်နိုင်ရန်ကိစ္စ၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းများတွင် ပေးဆောင်ရသည့်အခွန်များ လျှော့ချ ပေးရန်ကိစ္စတို့ကို ဆွေးနွေးတင်ပြကြသည်။


ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်နစ်နာနေသည့် စီးပွားရေးလုပ်ငန်းများ သက်သာခွင့်ရအောင်  ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး သွားမည့် အခြေအနေတို့ကိုလည်းကောင်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဘဏ်များအသင်းနှင့် ဘဏ်လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်သွားမည့်   အခြေအနေတို့ကိုလည်းကောင်း   ဆွေးနွေးပြောကြား သည်။
ဖြေရှင်းဆောင်ရွက်ပေးသွားမည်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြား ရာတွင် နိုင်ငံတကာတွင် ဘဏ်အတိုးနှုန်းမှာ နည်းပါးကြောင်း၊ ငွေကြေးပုံမှန် လည်ပတ်မှုကောင်းမွန်မှ    တိုင်းပြည်စီးပွားရေး   တိုးတက်ကောင်းမွန်မည်ဖြစ် ကြောင်း၊  ငွေကြေးကို  ရင်းနှီးမြှုပ်နှံပြီး  စီးပွားရေးအတွက် အသုံးပြုနေရန် လိုအပ်ကြောင်း၊ ငွေကြေးမူဝါဒမှာ အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် ယိုင်နေ သည့် စီးပွားရေးလုပ်ငန်းများကို ပြန်လည်တည့်မတ်ရန်၊ ဘဏ်များအဆင်ပြေစေ ရန်အတွက်    ဗဟိုဘဏ်က    မည်သို့ကူညီရမည်၊ မည်သို့ဖြေလျှော့ပေးရမည်ကို လတ်တလောကာလအတွင်း   ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်မှုများတွင် နစ်နာမှုများရှိနေသည်ကို သိရှိရကြောင်း၊ မိမိတို့နိုင်ငံ တွင် ထုတ်လုပ်နိုင်သည့် စားသောက်ကုန်များကို ပြည်ပနိုင်ငံမှ တင်သွင်းနေရ ကြောင်း၊ သွင်းကုန်များထိန်းနိုင်ရန်အတွက် ပြည်တွင်းမွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ၊ စားကုန်၊ သောက်ကုန်၊ သုံးကုန်များကို ပြည်တွင်း၌ပင် ဖူလုံအောင် ထုတ်လုပ်နိုင်ရေး   အားပေးသွားမည်ဖြစ်ကြောင်း၊  ပြည်ပနိုင်ငံများရှိ မြန်မာ စီးပွားရေးသံမှူးများအနေဖြင့် ပြင်ပဈေးကွက်သတင်းများကို ရှာဖွေကြရမည်ဖြစ် ကြောင်း၊ ပြည်တွင်း၌ အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန်လိုအပ်ပြီး ဘဏ်လုပ်ငန်းရှင်များအနေဖြင့် ယင်းကိစ္စများကို ကူညီပေးစေလိုကြောင်း၊ အတိုးနှုန်းလျှော့ချရေးနှင့် ပတ်သက် ပြီး အချိန်ကာလတစ်ခုအထိ စောင့်ကြည့်ပြီး အကောင်းဆုံးဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ပြည်တွင်းငွေကြေးခိုင်မာမှုရှိရန် အရေးကြီးကြောင်း၊ အခွန်နှင့် ပတ်သက်၍ ရှောင်၍မရကြောင်း၊ ပေးသင့်ပေးထိုက်သည့် အခွန်ကိုပေးဆောင် ရမည်ဖြစ်ကြောင်း၊ ယင်းအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပြည်တွင်းဝယ်လိုအား တက်လာစေရေးအတွက် အလုပ်အကိုင် များဖော်ဆောင်ရေးနှင့်    ငွေကြေးကူညီရေး   ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ အရေးပေါ်ကာလတွင် ယိုင်နေသည့်စီးပွားရေးကို ဘဏ်လုပ်ငန်းများ ၏ အားဖြင့် တည့်မတ်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်