
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ နိုင်ငံ့စီးပွားရေး ပြန်လည်တိုးတက်ကောင်းမွန်ရေးဆိုင်ရာများဆွေးနွေး
=======================================================================================================================================================================================================
နေပြည်တော် ဖေဖော်ဝါရီ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ သည်။
တက်ရောက်
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒေါက်တာမောင်မောင်လေး၊ ဦးဝေဖြိုး၊ ဦးသောင်းတင်၊ ဦးလှမောင်ရွှေ၊ အထွေထွေအတွင်းရေး မှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးမျိုးသန့်၊ ဒေါ်ခိုင်ခိုင်နွယ်၊ ဒေါက်တာ အောင်သိန်း၊ ဦးကျော်ဒေဝ၊ ဦးအေးထွန်း၊ ဦးအောင်စိုးသာ နှင့် ဒေါက်တာဝင်းစည်သူ၊ ဘဏ္ဍာရေးမှူး ဦးမြဟန်၊ တွဲဖက်ဘဏ္ဍာရေးမှူး ဦးဆန်းလင်း၊ အကျိုးဆောင် စာရင်းစစ် ဦးနှင်းဦး၊ အကျိုးဆောင်တွဲဖက်စာရင်းစစ် ဒေါက်တာတင်လတ်၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည် များအသင်းဥက္ကဋ္ဌ ဦးထွန်းလွင်၊ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင် များ အသင်းချုပ်ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ မြန်မာနိုင်ငံ သစ်သီး ဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်၊ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသတိုးဟိန်း၊ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်မျိုးမင်းဒင်တို့ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် အသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများအား တစ်ဦးချင်း မိတ်ဆက်ပေးသည်။
ကိုယ်စားပြုသူများဖြစ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏အခြေအနေအရပ်ရပ်အား ဆောင်ရွက်နိုင်ရန် အတွက် ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ယခုတက်ရောက် လာကြသူများအားလုံးသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ရောင်းဝယ်ရေးလုပ်ငန်းများနှင့် ကုန် ထုတ်လုပ်မှုလုပ်ငန်းများကို ကိုယ်စားပြုသူများဖြစ်ကြောင်း၊ ယခုအချိန်တွင် မိမိတို့အနေဖြင့် တိုင်းပြည်၏ အခြေအနေ အရပ်ရပ်ကြောင့် ယာယီတာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် စနစ်တကျ ဖြစ်စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်မည်ဟု ကြေညာ ထားခြင်းဖြစ်ကြောင်း၊ ယခုအရေးပေါ်ကာလအတွင်း ပုံမှန် လုပ်ဆောင်နေသည့်လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကန့်သတ်ပိတ်ပင်ထားမှုမရှိကြောင်း၊ ယခုအချိန်အထိ တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါကူးစက်မှု ၁၀၄ သန်းကျော်၊ မိမိတို့နိုင်ငံတွင် ကူးစက်မှု ၁၄၀၀၀၀ ကျော်ရှိပြီ ဖြစ်ပြီး သေဆုံးသူ ၃၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း၊ မိမိတို့ မသိနိုင်သည့် ကူးစက်နေမှုများလည်း ရှိနိုင်ကြောင်း၊ ထို့ကြောင့် COVID-19 ရောဂါကူးစက်မှုအပေါ် ပညာပေး ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်းများကို ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ကာကွယ်မှုများကို ဆောင်ရွက်ရာတွင် COVID-19 ရောဂါ ပြန့်ပွားမှုအား ထိန်းချုပ်နိုင်ရေးအတွက် အရှိန်ပြင်းပြင်းနှင့် ထိရောက်စွာထိန်းချုပ်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း။
ထိုသို့ ဆောင်ရွက်ချိန်တွင် စီးပွားရေးလုပ်ငန်းများ၊ ပုံမှန်လုပ်ငန်းများကို မထိခိုက်ရန်လည်း ဆောင်ရွက်ရန်လို ကြောင်း၊ COVID -19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် လည်း တပ်မတော်မှ များစွာပါဝင်ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း၊ တပ်မတော်အနေဖြင့် အခြေအနေအမျိုးမျိုးကို ကြံ့ကြံ့ခံပြီး ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ယခုကဲ့သို့ တာဝန်ယူခဲ့ရခြင်းဖြစ်ကြောင်း၊ သို့သော် ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖည်ခြင်းမရှိဘဲ၊ ပုံမှန်ဆောင်ရွက်နေသည့်လုပ်ငန်းများကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ နှင့် ဆက်ဆံဆောင်ရွက်နေသည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း၊ နိုင်ငံတကာ ကျင့်ဝတ် များနှင့်ပတ်သက်ပြီးလည်း ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက် ဆောင်ရွက်နေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ထား သည့် မူဝါဒများအတိုင်း ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယခုဆက်လက်ပြီး ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲစာရင်းမှားယွင်းမှုများကို ဖော်ထုတ်ကာ ရလဒ်အပေါ်မူတည်၍ တာဝန်ရှိသူများကို ရွေးကောက်ပွဲ ဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲထပ်မံကျင်းပ၍ အနိုင်ရပါတီအား ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် ပြုလုပ် ပေးမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် နိုင်ငံတော်အရေးပေါ်အခြေအနေပြီးဆုံးပါက ၆ လ တာဝန်ယူပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်ကာ အစိုးရကို အာဏာပြန်လည်လွှဲပြောင်းပေး ရမည်ဖြစ်သည်ဟုပါရှိကြောင်း၊ ရွေးကောက်ပွဲကော်မရှင် ကိုလည်း ဖွဲ့စည်းပြီးဖြစ်ကြောင်း။
ထိခိုက်လာ
ယခုအချိန်တွင် လုပ်ငန်းများရပ်နားထားသဖြင့် အလုပ်လုပ်သူ အခြေခံလူတန်းစားများ ဝင်ငွေမရှိတော့ဘဲ စားသောက်ရေးတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပြီး လူမှုစီးပွားဘဝများ ထိခိုက်လာကြောင်း၊ လုပ်ငန်းများ ရပ်တန့်သွားခြင်းကြောင့် လုပ်ငန်းရှင်များမှ ထုတ်ကုန် ပစ္စည်းများမရှိတော့ဘဲ ရောင်းကုန်ပစ္စည်းများ မရှိတော့ ကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များတွင် လုပ်ငန်းလည်ပတ် ရန်အတွက် ပိုက်ဆံမရှိတော့ဘဲ လုပ်ငန်းဆက်လက် လည်ပတ်ရန် အခက်အခဲများဖြစ်ပေါ်လာကြောင်း၊ အဆိုပါ အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် လုပ်ငန်း များအား စည်းကမ်းတကျပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်စေလိုကြောင်း၊ စက်ရုံ၊ အလုပ်ရုံများကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများက စည်းစနစ်တကျကြပ်မတ် ၍ COVID-19 စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများကို ပုံမှန်ပြန်လည် လုပ်ဆောင်နိုင်မှသာ အလုပ်သမား၊ အလုပ်ရှင်များ ဝင်ငွေ ရပြီး နိုင်ငံခြားဝင်ငွေများ ပြန်လည်တိုးတက်လာမည်ဖြစ် ကြောင်း။
ဦးစားပေး ဆောင်ရွက်စေချင်
ယခုတွေ့ဆုံသူများသည် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ကိုယ်စားပြုသူများဖြစ် ကြောင်း၊ တိုင်းပြည်၏စီးပွားရေးနှင့်ပတ်သက်ပြီး လူအများ မှ ပါဝင်ဆောင်ရွက်နိုင်သည့်၊ လူအများ၏ စားဝတ်နေရေးကို အထောက်အကူပြုနိုင်သည့်လုပ်ငန်းများကို ပိုမိုဦးစားပေး ဆောင်ရွက်စေချင်ကြောင်း၊ ဖြစ်နိုင်သည့် နည်းလမ်းများကို တင်ပြစေချင်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်၍ ရထားလမ်း၊ ကားလမ်းနှင့် လေကြောင်း သွားလာမှုများအား စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ပေးထားကြောင်း၊ ခရီးသွားလာစဉ်ကာလတွင် COVID-19 စည်းကမ်းချက်များကို လိုက်နာမှုမရှိဘဲ လူအများကို ထိခိုက်စေနိုင်သူများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ဦး တစ်ယောက် စည်းကမ်းမလိုက်နာမှုကြောင့် အခြားသူများ အား အနှောင့်အယှက်မဖြစ်ရန်လိုကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေးအတွက် လိုအပ်သည့်အခြေခံပစ္စည်း များအား တတ်နိုင်သမျှ ဈေးနှုန်းအသက်သာဆုံးဖြင့် ဝယ်ယူ အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် လိုအပ်ပါက နိုင်ငံတော် မှ အခမဲ့ပေးဝေနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။
ဗုဒ္ဓဘာသာဆိုင်ရာ စေတီ၊ ပုထိုးများနှင့် အခြား ဘာသာရေးဆိုင်ရာ အဆောက်အအုံများကိုလည်း ဘာသာရေး အခမ်းအနားများပြုလုပ်ခြင်းမှအပ COVID-19 စည်းကမ်းချက် များနှင့်အညီ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ ထို့အတူ စက်ရုံ၊ အလုပ်ရုံများကို ပြန်လည်ဖွင့်လှစ် ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်စေချင် ကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများသည် လူအများ ၏ စားသောက်ရေးအတွက် အထောက်အကူပြုကြောင်း၊ ကမ္ဘာပေါ် တွင် လူဦးရေ ခုနစ်ဘီလီယံကျော်ရှိပြီး နိုင်ငံတိုင်း တွင် စားနပ်ရိက္ခာလိုအပ်ချက်များသည် အမြဲရှိနေကြောင်း၊ အဆိုပါစားနပ်ရိက္ခာ လိုအပ်ချက်များအား မိမိတို့နိုင်ငံမှ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းမှထွက်ရှိသည့် စားသောက်ကုန် များကို တင်ပို့ရောင်းချနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် မိမိတို့၏ စားသောက် ကုန်များသည် အရည်အသွေးကောင်းမွန်နေရန်လိုပြီး ဓာတု ပစ္စည်းပါဝင်မှုကိုလည်း လက်ခံနိုင်သည့်အခြေအနေကို ကျော်လွန်၍မရဘဲ ဈေးကွက်မှ လက်ခံနိုင်သည့် အရည် အသွေးမျိုးရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဖြစ်နိုင်ပါ က အမြတ်ရရှိရေးထက် အရေအတွက်ပိုမိုရောင်းချနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် အကျိုးအမြတ်အနည်းဆုံးနှင့် များများ ရောင်းချနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ပြန်လည်ခွင့်ပြုပေးမည်
လူအများဆောင်ရွက်ရသည့် အထည်ချုပ်လုပ်ငန်းများ ကိုလည်း ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံမှထွက်ကုန်များကို မိတ်ဆွေနိုင်ငံများ မှတစ်ဆင့် တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ကောလာဟလသတင်းများထွက်ပေါ်မှု ကြောင့် ဘဏ်လုပ်ငန်းဆိုင်ရာအခက်အခဲများ မဖြစ်ပေါ် အောင်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည် စီးပွားရေးပြန်လည်ဦးမော့လာစေရန်အတွက် နိုင်ငံတော် အနေဖြင့် ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်၍ ပေးမည်ဖြစ် ကြောင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်ခွင့်ပြု ပေးမည်ဖြစ်ကြောင်း၊ ဟိုတယ်လုပ်ငန်းများကိုလည်း အကန့်အသတ်စနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယိမ်းယိုင်နေသည့် စီးပွားရေးများကို ယခုတက်ရောက် လာကြသည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများ၏ အားကိုယူ၍ နိုင်ငံတော်၏ စီးပွားရေးပြန်လည်တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေး များအား ယခင်ဆောင်ရွက်ခဲ့သည့် မူဝါဒများအတိုင်း ပြောင်းလဲမှုမရှိဘဲ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးစိုးသန်း မင်းဒင်၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးသတိုးဟိန်း၊ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်သိန်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းတို့က အသင်းအလိုက် လုပ်ငန်း များ ဆောင်ရွက်နေမှု၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကူညီ ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တင်ပြချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးပြီး ချက်ချင်းဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လိုအပ်သည့် အကူအညီများကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အဓိက မှာကြားလိုသည်မှာ COVID-19 ရောဂါ ဖြစ်ပွားသည့်ကာလ အတွင်း လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင် ထုတ်ပြန် ထားသည့် စည်းကမ်းချက်များကိုလည်း လိုက်နာသွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် တိုင်းပြည်အတွက် ကောင်းစေချင်သည့် စိတ်ဆန္ဒများဖြင့်ပြောဆို ဆွေးနွေးကြ သည်ကို တွေ့ရှိရကြောင်း၊ ထို့အတွက် မိမိတို့အနေဖြင့် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအပိုင်း က လုပ်ဆောင်ရမည့်အပိုင်းများရှိသကဲ့သို့ တက်ရောက် လာသူများအပိုင်းမှ လုပ်ဆောင်ရမည်များလည်း ရှိပါ ကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်သည်များဖြည့်ဆည်း ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး အစည်းအဝေးအား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်