နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်  ဇွန်  ၂၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်      ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်သံမှူး ဗိုလ်မှူးချုပ်ကျော်စိုးမိုး နှင့်   ကိုယ်စားလှယ်အဖွဲ့ဝင်များလိုက်ပါ၍   ဇွန်            ၂၅ ရက် ညနေပိုင်းတွင် Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့် တွေ့ဆုံ ဆွေးနွေးသည်။


ကြိုဆိုနှုတ်ဆက်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များကို Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov က   ကရင်မလင်ရှိ  သမ္မတရုံးတွင် ကြိုဆိုနှုတ်ဆက်၍ သမ္မတရုံးခန်း၌ သီးသန့်တွေ့ဆုံဆွေးနွေးပြီး အမှတ်တရလက်ဆောင် များ အပြန်အလှန်ပေးအပ်ကြသည်။  ထို့နောက်              နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။


တွေ့ဆုံဆွေးနွေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် Republic of the Tatarstan သမ္မတတို့သည် သမ္မတ ရုံးရှိ ဧည့်ခန်းမဆောင်၌ တက်ရောက်လာကြသည့် ‌ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်    အပြန်အလှန် မိတ်ဆက်ပေးပြီး ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အတူ တွေ့ဆုံဆွေးနွေးကြသည်။ 


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ       
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်          ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊    ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်  ဒေါက်တာ မောင်မောင်နိုင်၊    ရင်းနှီးမြှုပ်နှံမှုနှင့်              နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး  ဦးသန်းအောင်ကျော်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်သော်(အငြိမ်းစား)နှင့် တာဝန်ရှိသူများ    တက်ရောက်ကြပြီး Republic of the Tatarstan  သမ္မတနှင့် အတူ  ဝန်ကြီးများနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။


အမြင်ချင်းဖလှယ်ဆွေးနွေး


တွေ့ဆုံဆွေးနွေးရာတွင်    ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည် ရင်းနှီးမှု   ပိုမိုတိုးတက်ရေးဆိုင်ရာများ၊ Republic  of  the  Tatarstan  သမ္မတ အနေဖြင့် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် ရောက်ရှိလေ့လာခဲ့ပြီး စီးပွားရေးဆိုင်ရာ များတွင်  ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့သည့် အခြေအနေ များ၊  မြန်မာနိုင်ငံ၏   နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    အနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေး၊ တရား ဥပဒေစိုးမိုးရေး၊ ပြည်သူလူထု  မထိခိုက် စေရေးအတွက် ဆူပူအကြမ်းဖက်မှုများကို နိုင်ငံတကာဥပဒေ၊ ပြည်တွင်းရှိ တည်ဆဲ ဥပဒေများနှင့်အညီ   ကိုင်တွယ်ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ နှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်ဦးနှစ်ဖက် ဆက်ဆံမှုတိုးမြှင့် ရေးအတွက်  ကူးသန်းရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတို့တွင် မြှင့်တင် ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်း       ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ စီးပွားရေး စသည်ဖြင့်  ကဏ္ဍ အသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍  ခင်မင် ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ သည်။


ဂုဏ်ပြုညစာဖြင့်တည်ခင်း
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်  များကို Republic of the Tatarstan သမ္မတက  ဂုဏ်ပြုညစာဖြင့်    တည်ခင်း ဧည့်ခံသည်။


နှုတ်ခွန်းဆက်စကားပြောကြား


ဦးစွာ Republic of the Tatarstan သမ္မတနှင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့သည်  နှုတ်ခွန်းဆက်စကား များ အသီးသီးပြောကြားကြပြီး  အဖွဲ့ဝင် များနှင့်အတူ  ညစာကို       အတူတကွ သုံးဆောင်ခဲ့ကြသည်။
ညစာ    သုံးဆောင်နေစဉ်အတွင်း Republic of the Tatarstan  မှ   ရိုးရာ တေးဂီတအဖွဲ့က ရိုးရာတေးသီချင်းများ၊ ယဉ်ကျေးမှု အကအလှများဖြင့်  တီးမှုတ် ဖျော်ဖြေတင်ဆက်ကြရာ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုဆုငွေ နှင့် ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ချီးမြှင့်ပြီး ညစာသုံးဆောင်အပြီးတွင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။


ညနေပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ကိုယ်စားလှယ် အဖွဲ့ဝင်များသည်   Republic  of  the Tatarstan ၊ Kazan မြို့တော်ရှိ ကရင်မလင် သို့ သွားရောက်၍   Blagoveshenskiy ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့်  Kul Sharif အစ္စလာမ်ဘုရားရှိခိုးကျောင်းတို့သို့ သွားရောက်လေ့လာကြည့်ရှုကြရာ ဘုန်းတော်ကြီးများနှင့်  တာဝန်ရှိသူများက အသီးသီး       လိုက်လံရှင်းလင်းပြသခဲ့ ကြောင်းနှင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြောင်း   သတင်းရရှိ သည်။    

                          
 သတင်းစဉ်