နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာဆောင်ရွက်နေမှုအခြေအနေများကိုစစ်ဆေး

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၆  


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊  ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများလိုက်ပါ၍  တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေ များကို စစ်ဆေးသည်။

 


ဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းက တိုင်းစစ်ဌာနချုပ် နယ်မြေ အတွင်း လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နေမှု၊  နယ်စပ်ဒေသများတွင် နယ်စပ်ဒေသလုံခြုံရေး၊     တည်ငြိမ်အေးချမ်းရေး ဆိုင်ရာများ ဆောင်ရွက်ထားရှိမှု၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိမှု၊ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် နယ်မြေဒေသလုံခြုံ ရေးဆိုင်ရာများ       ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း    မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်မှု၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပိတ်ထားရသည့်   စာသင်ကျောင်းများ    ပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။ 

 


အမျိုးသားအကျိုးစီးပွားကို ကာကွယ်နေ


ရှင်းလင်းတင်ပြမှုများအပေါ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ သည်  သွားလာရေးအခက်အခဲရှိသည့်    တိုင်းစစ် ဌာနချုပ်တစ်ခုဖြစ်ပြီး မိမိကိုယ်တိုင်လည်း   တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် နယ်မြေတစ်ခုဖြစ်ကြောင်း၊ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း စစ်ဆင်ရေး၊ လုံခြုံ ရေး၊ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို  အောင်မြင် အောင် လုပ်ဆောင်နိုင်ရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့သည့် ကာလများတွင်လည်း   တြိဂံ ဒေသတိုင်း စစ်ဌာနချုပ်နယ်မြေသည် အလှမ်းဝေး သည့် နယ်မြေဒေသတစ်ခုဖြစ်သဖြင့်  ဆေးပစ္စည်း များ အချိန်မီပို့ဆောင်ပေးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရကြောင်း၊  ဒေသတွင်း လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို  ထမ်းဆောင်ရာတွင် အမျိုးသားအကျိုးစီးပွားကို    ထိခိုက်စေနိုင်သည် မှန်သမျှကို ကာကွယ်တားဆီးနိုင်ရေး ဆောင်ရွက်ကြ ရန်လိုကြောင်း၊   မူးယစ်ဆေးဝါးကာကွယ်တားဆီး ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ လျော့နည်းစေရေး လုပ်ဆောင်နေခြင်းသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်နေခြင်းပင်ဖြစ်ကြောင်း။ 

 


တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ   တပ်ရင်း တပ်ဖွဲ့များအနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ပြည့်ဝနေရန် လိုအပ်မည်ဖြစ်ပြီး    တပ်ရင်းတပ်ဖွဲ့ အလိုက် လေ့ကျင့်ရမည်ဖြစ်သကဲ့သို့ လေ့ကျင့်ရေးသင်တန်းကျောင်းများကလည်း အမြဲမပြတ်လေ့ကျင့် ပေးနေရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဆင့်ဆင့်သော ခေါင်းဆောင်များကိုယ်တိုင်က  စည်းကမ်းကောင်းမှ သာလျှင် စည်းကမ်းကောင်းမွန်ပြီး  တိုက်စွမ်းရည် တိုက်စွမ်းအားကောင်းမွန်သည့်တပ်များ  ဖြစ်လာ မည်ဖြစ်ကြောင်း၊ ညီညွတ်မျှတပြီး  တပ်မှူးကောင်း စိတ်ထား၍ မိမိတို့၏ လက်အောက်ငယ်သားများကို အုပ်ချုပ်ဆောင်ရွက်ရန်လိုကြောင်း၊ စစ်သည်တစ်ဦး ချင်း၏ ရပိုင်ခွင့်များနှင့်    သက်သာချောင်ချိမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရမည်  ဖြစ်ကြောင်း၊ တပ်မှူးများအနေဖြင့် စစ်သည်တစ်ဦးချင်း၏ အခြေခံ စိတ်နေသဘောထားများကို    သိရှိနေမှသာလျှင် လူမှန်နေရာမှန် တာဝန်ပေးအပ်နိုင်မည်ဖြစ်ပြီး ၎င်း တို့၏ အားနည်းချက်၊    လိုအပ်ချက်များကိုလည်း မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်         ဖြစ်ကြောင်း၊ လက်အောက်ငယ်သားများအနေဖြင့်လည်း လိုက်နာ ရမည့် ကျင့်ဝတ်အပါး ၆၀ ကို တိတိကျကျလိုက်နာ ကျင့်သုံးရန်လိုအပ်မည်ဖြစ်ကြောင်း။

 


အားပေးဆောင်ရွက်လျက်ရှိ


ခေါင်းဆောင်များအနေဖြင့်   မိမိကိုယ်တိုင် စာဖတ်ရန်လိုအပ်သကဲ့သို့  မိမိကွပ်ကဲအုပ်ချုပ်နေ ရသူများ၏   ပညာရည်အဆင့်အတန်းမြင့်မားရေး အတွက်လည်း အားပေးဆောင်ရွက်နေရမည်ဖြစ် ကြောင်း၊ စာပေဗဟုသုတရှိမှသာလျှင် အမှားအမှန် ခွဲခြား သိမြင်နိုင်မည်ဖြစ်ပြီး တစ်ဦးချင်းကြုံတွေ့လာ ရသည့်အခက်အခဲများကို    ကျိုးကြောင်းဆီလျော် စွာဖြင့်    ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း တပ်မတော်တစ်ရပ်လုံး ၏ ပညာရည်မြင့်မားရေးကို    အားပေးဆောင်ရွက် လျက်ရှိကြောင်း။

 


ထိန်းသိမ်းတည့်မတ်ပေး


စွမ်းရည်စွမ်းအားရှိသောတပ်   ဖြစ်လာစေရေး အတွက် ခေါင်းဆောင်များ၏   အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်ဖြစ်သောကြောင့် တပ်မှူးများ အနေဖြင့် ခေါင်းဆောင်မှု အင်္ဂါရပ် ၁၆ ချက်နှင့်အညီ ချိန်ထိုးသုံးသပ် ဖြည့်ဆည်းဆောင်ရွက်ရန် လိုကြောင်း၊ တပ်မတော်က   စစ်သည်တစ်ဦးချင်း၏    စားရေး၊ နေရေး၊ ဝတ်ရေး၊ ကျန်းမာရေးတို့ကို   အတိုင်းအတာ တစ်ခုအထိ    ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီး ဖြစ်သည့်အတွက်   ၎င်းတို့၏    လူနေမှုဘဝမြှင့်တင် ရေးနှင့်      စည်းကမ်းစနစ်တကျနေထိုင်သွားလာ စားသောက်မှုဖြစ်စေရေးအတွက် အနီးကပ်ကွပ်ကဲ နေရသည့် တပ်မှူးများက ထိန်းသိမ်းတည့်မတ်ပေး ရန်လိုအပ်မည်ဖြစ်ကြောင်း၊          စစ်သားပီသသည့် စစ်ခေါင်းဆောင်များဖြစ်အောင် နေထိုင်ကျင့်ကြံကြရန်လိုအပ်မည်ဖြစ်ကြောင်း၊   နယ်မြေခံပြည်သူလူထု ၏ အကျိုးစီးပွားကိုလည်း ဖော်ဆောင်ပေးရန်လို ကြောင်း၊ ပညာရေးအားပေးမှုနည်းပါးသည့် နယ်မြေ ဒေသ ဖြစ်သည့်အတွက်    ပညာရည်အဆင့်အတန်း မြင့်မားလာစေရေး   တွန်းအားပေးဆောင်ရွက်ကြ စေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေခံလူထု၏ အကျိုးစီးပွားဖော်ဆောင်ရေးတို့ကို တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ကြရမည်          ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်