နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ Novosibirsk မြို့သို့ရောက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် 
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ Novosibirsk မြို့သို့ရောက်ရှိ 
Novosibirsk State Academic Opera and Ballet Theatre ၊ Higher Military Command 
School နှင့် Russian Academy of Science (Siberian Branch) များသို့ သွားရောက်လေ့လာ

 

နေပြည်တော်   ဇွန်   ၂၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်      ဦးဆောင်သည့်   ကိုယ်စားလှယ်အဖွဲ့သည်   စစ်သံမှူး   ဗိုလ်မှူးချုပ်  ကျော်စိုးမိုးနှင့်    တာဝန်ရှိသူများ လိုက်ပါ၍  ဇွန်  ၂၆ ရက်   ညနေပိုင်းတွင်   Republic of the Tatarstan ၊     Kazan   လေဆိပ်မှ     Novosibirsk   မြို့သို့    ထွက်ခွာကြရာ  တာဝန်ရှိသူများက   လေဆိပ်တွင် ပို့‌ဆောင်နှုတ်ဆက် ကြသည်။


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် Novosibirsk မြို့၊ Tolmachevo လေဆိပ် သို့ ရောက်ရှိကြရာ Siberian ဒေသ ဒုတိယအုပ်ချုပ် ရေးမှူး  Mr. Petuhov Yuri Frogravich နှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် Novosibirsk မြို့၊ Metro စနစ်တွင် ဘူတာရုံ ၁၃ ခုရှိသည့်အနက် တစ်ခုအပါအဝင်ဖြစ်သော  ၁၉၉၁  ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် Polschad Marksa ဘူတာသို့   ရောက်ရှိကြပြီး   ၎င်းဘူတာမှ    Lenin  Square ဘူတာအထိ  မြေအောက်ရထား  စီးနင်း လိုက်ပါခဲ့၍   မြေအောက်ရထားစနစ်များ၊  ဘူတာရုံ များအား ကြည့်ရှုလေ့လာကြသည်။  


ကမ္ဘာ့အကြီးဆုံး ပြဇာတ်ရုံ


ယင်းနောက် ခေတ္တတည်းခိုမည့် Marriott Hotel  အနီးရှိ ရှေးဟောင်းသမိုင်းဝင် Novosibirsk State  Academic Opera and Ballet Theatre သို့ ရောက်ရှိ လေ့လာကြရာ ပြဇာတ်ရုံ အုပ်ချုပ်ရေးအဖွဲ့အကြံပေး Mr. Vroskly Valen Arkagievich က ပြဇာတ်ရုံကို ၁၉၃၁ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၄၅ ခုနှစ်  မေ ၁၂ ရက်တွင် ဖွင့်ပွဲပြုလုပ်ခဲ့သည့် အခြေအနေများ၊  ၁၉၄၁ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားခဲ့သော်လည်း ဒုတိယကမ္ဘာစစ်    ဖြစ်ပွားနေသည့်အတွက်    ၁၉၄၅ ခုနှစ်   မေ  ၉  ရက်   စစ်ကြီးပြီးဆုံးသည့် နောက်ပိုင်း တွင်      ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး    ကမ္ဘာ့အကြီးဆုံး ပြဇာတ်ရုံများအနက်တစ်ခုဖြစ်ကာ ရုရှားနိုင်ငံတွင် အကြီးဆုံးဖြစ်သည့် အခြေအနေများနှင့်    ပြဇာတ်ရုံ ဆိုင်ရာ အချက်အလက်များအား လိုက်လံရှင်းလင်း ပြသခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က    သိရှိလိုသည် များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။ 
နိုင်ငံတော်      စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်       အဖွဲ့ဝင် များသည်  ယနေ့နံနက်ပိုင်းတွင်  Higher Military Command School သို့ သွားရောက် လေ့လာကြည့်ရှု ကြရာ ကျောင်းအုပ်ကြီး Colonel Markochin Segeri Gregorivich   နှင့်   တာဝန်ရှိသူများက   ကြိုဆို နှုတ်ဆက်ကြပြီး နှုတ်ဆက်ကြသည်။   ယင်းနောက် နိုင်ငံတော်အတွက်    အသက်စွန့်လွှတ်     တာဝန် ထမ်းဆောင်ခဲ့ကြသည့် သူရဲကောင်းဆုတံဆိပ်  ရရှိသူ များကို  ဂုဏ်ပြုထား သည့်  သူရဲကောင်းရုပ်တုများအား   ဂုဏ်ပြုပန်းခြင်းဖြင့် အလေးပြုပြီး လေ့လာကြည့်ရှု ကြသည်။ 


လိုက်လံကြည့်ရှုလေ့လာ


ထို့နောက် ကျောင်းခန်းမတွင် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်  အပြန်အလှန်    မိတ်ဆက်ပေးပြီး ကျောင်းအုပ်ကြီးက      ကျောင်းသမိုင်းအကျဉ်းနှင့် ကျောင်းမှ  သင်ကြားပေးလျက်ရှိသည့်  ဘာသာရပ် များ၊ ပြည်ပမှသင်တန်းသားများ လာရောက်သင်ကြား နေမှုကို  ရှင်းလင်းပြောကြားသည်။  ယင်းနောက်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်း အတွင်းလှည့်လည်၍ စစ်ဘက်ဆိုင်ရာ ထောက်လှမ်း ရေးနှင့် လုံခြုံရေးပင်မစာသင်ဆောင်၊ ကျောင်းပြခန်း များ၊ သင်ကြားမှု၊ သင်ယူမှုအထောက်အကူပစ္စည်း များ၊  နိုင်ငံတကာမှစစ်ဘက်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းပြခန်းများ၊    သင်တန်းသားများကိုယ်တိုင် တီထွင်ထားရှိသည့်           ကင်းထောက်ခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊   ရေငုပ်သင်ခန်းစာ သင်ကြားမှု   သင်တန်းခန်းမနှင့်    လက်နက်ငယ် ပစ်ခတ်မှု Simulator ခန်းမတို့ရှိ သင်တန်းသား များ လေ့ကျင့်နေမှုတို့ကို  လိုက်လံကြည့်ရှုလေ့လာ ကြရာ     ပြခန်းများအလိုက် တာဝန်ရှိသူများက ရှင်းလင်း ပြသကြသည်။   လက်နက်ငယ်ပစ်ခတ်မှု Simulator  ခန်းမသို့  ရောက်ရှိစဉ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်   တပ်မတော်အရာရှိကြီးများ၊  ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်      အမျိုးသမီးအရာရှိများသည်   ကိုယ်တိုင်လက်တွေ့ စမ်းသပ်ပစ်ခတ်ခဲ့ကြသည်။


ထို့ပြင် သင်တန်းတက်ရောက်လျက်ရှိကြသည့်  နိုင်ငံအသီးသီးမှ        ထူးချွန်သင်တန်းသားများနှင့်    ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားပြီး   အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကြသည်။ 


လက်တွေ့ရှင်းလင်းပစ်ခတ်ပြသ


ဆက်လက်၍   Higher   Military   Command School အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုကြပြီး လက်တွေ့ပစ်ခတ်မှု စက်ပစ်ကွင်းသို့  ရောက်ရှိ လေ့လာကြည့်ရှုကြသည်။ ထိုသို့လေ့လာစဉ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား များက   လက်နက်ငယ်နှင့်  စနိုက်ပါ  အမျိုးအစား  မျိုးစုံတို့ကို  လက်တွေ့ရှင်းလင်း ပစ်ခတ်ပြသခြင်းများ ပြုလုပ်ကြရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊      တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင် များနှင့် အမျိုးသမီးအရာရှိ များသည်     ကိုယ်တိုင်ပါဝင်    လက်တွေ့စမ်းသပ် ပစ်ခတ်ကြသည်။      


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကျောင်းအုပ်ကြီးတို့သည် ကျောင်းခန်းမတွင် အပြန် အလှန်ဆွေးနွေးကြပြီး   အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ    အပြန်အလှန် လဲလှယ်ခဲ့ကြသည်။


သင်ကြားလေ့ကျင့်ပေးလျက်ရှိ


Novosibirsk  Academgorodok  ဒေသတွင် ရှိသော Novosibirsk Higher Military Command School ကို ၁၉၇၆ ခုနှစ်တွင် Novosibirsk Higher Military   Political  School-NVVPOU  အဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စု သိပ္ပံအကယ်ဒမီ၏ ရူပဗေဒနှင့် သင်္ချာပညာရပ်များကို အခြေခံသင်ကြားပေးသည့် ဆိုက်ဘေးရီယားဌာနခွဲ ဖြစ်ကြောင်း၊ ၁၉၈၀ ပြည့်နှစ်ကာလများတွင် နိုင်ငံ အတွင်း     အကြီးမားဆုံးသော   စစ်ဘက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းဖြစ်ခဲ့ပြီး  ၂၀၀၉   ခုနှစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏      စစ်ဘက်ဆိုင်ရာ အကယ်ဒမီဌာနခွဲ တစ်ခုဖြစ်လာခဲ့ကြောင်း၊ သင်တန်း သားများကို တိုက်ပွဲဝင်အသင့်ဖြစ်စေရန် စွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းများ၊ တပ်ရင်း၊ တပ်ဖွဲ့များ အတွက် အုပ်ချုပ်ထောက်ပံ့မှု၊ စစ်ဆင်ရေး စီမံခန့်ခွဲမှု၊ လက်နက်အမျိုးမျိုး   ပစ်ခတ်လေ့ကျင့်မှုနှင့်   စစ်သုံး ယာဉ်များ မောင်းနှင်ရေး သင်ခန်းစာများကို သင်ကြား ပေးလျက်ရှိသည့်အပြင် လေကြောင်းချီလေ့ကျင့်မှု များ၊ တောင်ပေါ် ချီတက်လေ့ကျင့်မှုများ၊ လေထီး ခုန်ခြင်း၊ မြေပြင်နှင့် ရေအောက်တွင် တိတ်ဆိတ်စွာ  ချီတက် တိုက်ခိုက်ခြင်းသင်ခန်းစာများကို ကျွမ်းကျင် ပိုင်နိုင်စေရန် သင်ကြားလေ့ကျင့် ပေးလျက်ရှိကြောင်း၊  ၂၀၁၅ ခုနှစ်တွင် အဆိုပါ တက္ကသိုလ်သည် သင်ကြား ရေးနှင့် စီမံခန့်ခွဲမှုအပိုင်းတွင် တက္ကသိုလ်ကောင်စီ၏  ဆုံးဖြတ်ချက်ဖြင့်  လွတ်လပ်စွာ  စီမံဆောင်ရွက်ခွင့် ရရှိခဲ့ပြီး Novosibirsk Higher Military Command School ဟု လူသိများလာခဲ့ကြောင်း သိရှိရသည်။ 


ထို့နောက် ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နှင့်  အဖွဲ့ဝင်များသည်  Russian Academy of Science (Siberian Branch) သို့ ရောက်ရှိလေ့လာ ကြရာ Vice-Chairman, Academician Dr. Vasily M. FOMIN ဦးဆောင်သော သိပ္ပံပညာရှင်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး အစည်း အဝေးခန်းမတွင် သိပ္ပံနှင့် နည်းပညာရပ်ဆိုင်ရာများ၊  သုတေသန လုပ်ငန်းများနှင့် အခြားပညာရပ်ဆိုင်ရာ နယ်ပယ်အသီးသီးတွင်    ကျွမ်းကျင်ပညာရှင်များ ပေါ်ထွက်လာရေး သင်ကြားပို့ချပေးနေမှု အခြေအနေ များနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊    ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် အစိုးရနှင့် ရုရှားသိပ္ပံအကယ်ဒမီတို့အကြား သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးတွဲသုတေသနပြုလုပ် ရေးနှင့် သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာများကို  ရှင်းလင်းပြောကြားသည်။     ရှင်းလင်းမှုများအပေါ်  နိုင်ငံတော်           စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည် များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး ရုရှားနိုင်ငံ တွင် ပညာသင်ယူခဲ့သည့် Doctor of Science ဘွဲ့ရရှိ ထားသူများ၊   Ph.D  ဘွဲ့ရရှိထားသူများနှင့်   ရုရှား စစ်ဘက်ဆိုင်ရာအင်ဂျင်နီယာ ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းအရာရှိများကို  မိတ်ဆက်ပေးသည်။


ယင်းနောက်    သိပ္ပံနှင့်  နည်းပညာဘာသာရပ် အလိုက် သုတေသနတွေ့ရှိချက် ဆိုင်ရာပြခန်းများ၊ ဓာတုဗေဒ၊   ရူပဗေဒ၊   အသုံးချသင်္ချာနှင့်    သတင်း အချက်အလက်   နည်းပညာဘာသာရပ်၊   ဇီဝဗေဒ၊ Nano နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှုများ၊ ဘူမိ ဗေဒဆိုင်ရာ    ဖော်ထုတ်တွေ့ရှိချက်များ၊     ခေတ် အလိုက် ရုရှားသိပ္ပံပညာရှင်များ ရေးသားပြုစုခဲ့သည့် သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများကို Vice-Chairman, Academician Dr. Vasily M. FOMIN  ဦးဆောင်သော သိပ္ပံပညာရှင်များနှင့် တာဝန်ရှိသူ များက လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။ ရှင်းလင်း ပြသမှုများအပေါ်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ခဲ့သည်။


အမှတ်တရစုပေါင်းဓာတ်ပုံရိုက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဧည့်သည်တော်   မှတ်တမ်းစာအုပ်တွင်   လက်မှတ် ရေးထိုးပြီး Academician Dr. Vasily M. FOMIN နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက် ကြသည်။


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် တပ်မ ၄၁ ယာယီ တပ်မမှူး Col Perepelisa Vladimir Angrevich နှင့် Novosibirsk ဒုတိယမြို့တော်ဝန်တို့က တည်ခင်း ဧည့်ခံသည့်    ဂုဏ်ပြုနေ့လယ်စာကို   အတူတကွ သုံးဆောင်ခဲ့ကြသည်။ နေ့လယ်စာ သုံးဆောင်နေစဉ် အတွင်း    Novosibirsk      တပ်နယ်ကိုယ်စားပြု တေးဂီတနှင့် အနုပညာရှင်အဖွဲ့က ရိုးရာတေးသီချင်း၊ အကအလှများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြ ကြောင်းနှင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 


သတင်းစဉ်